အီတလီ၏ အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ ပါဝင္ေသာ လိင္တူခ်စ္သူ ဖက္ရွင္ဒီဇိုင္နာသူေဌးၾကီး စံုတြဲက စစၥလီကၽြန္းရွိ စံအိမ္ကို ေပါင္ ၅ ဒသမ ၈ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာ

အီတလီ၏ အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ ပါဝင္ေသာ လိင္တူခ်စ္သူ ဖက္ရွင္ဒီဇိုင္နာသူေဌးၾကီး စံုတြဲက စစၥလီကၽြန္းရွိ စံအိမ္ကို ေပါင္ ၅ ဒသမ ၈ သန္းျဖင့္ အေရာင္းေစ်းကြက္တင္လာ - Property News in Myanmar from iMyanmarHouse.com
8 Aug 2019 12:29 pm တွင် တင်ခဲ့သည်
1006 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဖက္ရွင္လုပ္ငန္းမ်ားျဖင့္ ကမၻာေက်ာ္ေသာ အီတလီတြင္ ဒိုမီနီကို ဒို႔စ္ႏွင့္ စတက္ဖႏို ဂါဘာနာတို႔ လိင္တူခ်စ္သူ စံုတြဲသည္လည္း ၎တို႔တည္ေထာင္ထားေသာ Dolce & Gabbana (D&G) ဖက္ရွင္ကုမၸဏီျဖင့္ ကမၻာေက်ာ္ျပီး အီတလီ၏ အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားတြင္ ပါဝင္ၾကသည္။

အကယ္၍ သင္သည္ ေပါင္ ၆ သန္းခန္႔ သံုးစြဲကာ ေနအိမ္တစ္လံုး ဝယ္ယူရန္ ျပင္ဆင္ေနသည္ဆိုပါက ယခုအခါ ဒိုမီနီကို ဒို႔စ္တို႔ စံုတြဲ ပိုင္ဆိုင္ေသာ စစၥလီကၽြန္းေနအိမ္ကို ဝယ္ယူႏိုင္မည့္ အခြင့္အလမ္းေပၚေပါက္ေနျပီ ျဖစ္သည္။

တည္ေနရာမွာ အီတလီႏိုင္ငံ ေတာင္ပိုင္း ေျမထဲပင္လယ္အတြင္းရွိ စစၥလီကၽြန္း၏ ေျမာက္ဘက္ စထရြမ္ဘိုလီကၽြန္းေပၚတြင္ တည္ရွိျပီး ေပါင္ ၅ ဒသမ ၈ သန္း ေစ်းေခၚထားကာ Lionard အိမ္ျခံေျမကုမၸဏီမွတဆင့္ အေရာင္းေစ်းကြက္တင္လာျခင္း ျဖစ္သည္။

အကယ္၍ သင္သည္ ဥေရာပတြင္ ကမ္းေျခရႈခင္းမ်ားႏွင့္ ေႏြးေထြးေသာ ရာသီဥတုရွိေသာေနရာတြင္ ေနအိမ္တစ္လံုး ပိုင္ဆိုင္ရန္ စိတ္ကူးအိပ္မက္ေနသည္ဆိုပါက စထရြမ္ဘိုလီကၽြန္းမွာ အသင့္ေတာ္ဆံုးေနရာတစ္ခု ျဖစ္သည္။

ပင္လယ္ကို စီးမိုးေတြ႔ျမင္ေနရသည့္ ေခ်ာက္ကမ္းပါးစြန္းတစ္ခုအနီးတြင္ တည္ရွိသည့္စံအိမ္ျဖစ္သည္။

ပင္လယ္ျပင္ရႈခင္းမ်ားကို ျငီးေငြ႔လာပါက အနီးရွိ သက္ဝင္လႈပ္ရွားေနေသာ အိုင္ဒူ မီးေတာင္သို႔လည္း သြားေရာက္ၾကည့္ရႈႏုိင္သည္။

အဆိုပါကၽြန္းမွာ ကမၻာေက်ာ္မ်ားစြာ လာေရာက္လည္ပတ္ေလ့ရွိေသာ ေနရာတစ္ခုလည္း ျဖစ္သည္။

ဒို႔စ္ႏွင့္ ဂါဘာနာတို႔သည္ အဆိုပါစံအိမ္ကို ၁၉၉၀ ျပည့္လြန္ကာလမ်ားကတည္းက ပိုင္ဆိုင္ခဲ့ျခင္းျဖစ္ျပီး ေႏြရာသီတြင္ ပံုမွန္သြားေရာက္ အနားယူေလ့ရွိကာ ၎တို႔၏ အထူးဧည့္သည္ေတာ္မ်ားကို ပါတီပြဲမ်ားျဖင့္ ဧည့္ခံေလ့ရွိခဲ့သည္။

ဒို႔စ္တို႔စံုတြဲ၏ စံအိမ္သို႔ လာေရာက္ခဲ့ဖူးသူမ်ားတြင္ နာအိုမီ ကမ္းဘဲ၊ အင္မလီယာ ကလာ့ခ္ႏွင့္ မက္ေဒါနားတို႔လည္း ပါဝင္သည္။

ဝန္းက်င္တြင္ လွပေသာရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည့္နည္းတူ စံအိမ္ၾကီးကိုယ္တိုင္သည္လည္း အလြန္ခမ္းနားလွပျပီး အတြင္းပိုင္းကို ဒီဇိုင္နာတို႔၏ အထူးမြမ္းမံမႈမ်ား၊ Dolce & Gabbana ကုမၸဏီထုတ္ပစၥည္းမ်ား၊ ေဒသတြင္း အႏုပညာရွင္မ်ား၏ အမ်ဳိးမ်ဳိးေသာ လက္ရာမ်ားျဖင့္ မြမ္းမံထားသည္။

အကယ္၍ ဝယ္ယူမည့္ပိုင္ရွင္သစ္မ်ားအေနျဖင့္ ျပန္လည္မြမ္းမံျပဳျပင္မႈမ်ား မျပဳလုပ္လိုပါကလည္း အေရာင္အေသြးစံုလင္လွေသာ စံအိမ္ၾကီးတြင္ အသင့္ေနထိုင္ႏိုင္မည္သာျဖစ္ရာ လင္းလက္ေသာအစိမ္းေရာင္ျဖင့္ မြမ္းမံထားသည့္ အိပ္ခန္းတစ္ခန္း၊ စစၥလီငွက္ေရာင္ ဧည့္ခန္းတစ္ခန္းႏွင့္ ခမ္းနားလွပေသာ mosaic နံရံတစ္ခုတို႔ ပိုင္ဆိုင္မည္ ျဖစ္သည္။

အခန္းတိုင္းတြင္ သီးျခားအေရာင္ႏွင့္ theme ရိွျပီး အခန္းမ်ားစြာတြင္ နံရံႏွင့္ ၾကမ္းျပင္မ်ားတြင္ အီတလီျဖစ္ ေၾကြထည္လက္ရာမ်ားျဖင့္ မြမ္းမံထားသည္။ စံအိမ္တြင္ အိပ္ခန္း ၇ ခန္း၊ ေရခ်ဳိးခန္း ၉ ခန္း၊ ကိုယ္ပိုင္ရဟတ္ယာဥ္ကြင္းတို႔ ပါဝင္သည္။

ႏွစ္ေပါင္းမ်ားစြာ ပိုင္ဆိုင္ထားခဲ့ျပီးမွ အဘယ္ေၾကာင့္ ျပန္လည္ေရာင္းထုတ္သည္ကိုမူ မသိရေခ်။

ဒို႔စ္ႏွင့္ ဂါဘာနာတို႔သည္ ၎တုိ႔ၾကားအခ်စ္ေရးကို ၂၀၀၅ ခုႏွစ္တြင္ အဆံုးသတ္ခဲ့ေသာ္လည္း D&G ကုမၸဏီတြင္ ဆက္လက္အတူ လက္တြဲလုပ္ကိုင္ေနသည့္အျပင္ ယခုစံအိမ္ၾကီးအျပင္ အျခားအိမ္ျခံေျမမ်ားစြာကိုလည္း ပူးတြဲပိုင္ဆိုင္ထားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဖက်ရှင်လုပ်ငန်းများဖြင့် ကမ္ဘာကျော်သော အီတလီတွင် ဒိုမီနီကို ဒို့စ်နှင့် စတက်ဖနို ဂါဘာနာတို့ လိင်တူချစ်သူ စုံတွဲသည်လည်း ၎င်းတို့တည်ထောင်ထားသော Dolce & Gabbana (D&G) ဖက်ရှင်ကုမ္ပဏီဖြင့် ကမ္ဘာကျော်ပြီး အီတလီ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်ကြသည်။

အကယ်၍ သင်သည် ပေါင် ၆ သန်းခန့် သုံးစွဲကာ နေအိမ်တစ်လုံး ဝယ်ယူရန် ပြင်ဆင်နေသည်ဆိုပါက ယခုအခါ ဒိုမီနီကို ဒို့စ်တို့ စုံတွဲ ပိုင်ဆိုင်သော စစ္စလီကျွန်းနေအိမ်ကို ဝယ်ယူနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်နေပြီ ဖြစ်သည်။

တည်နေရာမှာ အီတလီနိုင်ငံ တောင်ပိုင်း မြေထဲပင်လယ်အတွင်းရှိ စစ္စလီကျွန်း၏ မြောက်ဘက် စထရွမ်ဘိုလီကျွန်းပေါ်တွင် တည်ရှိပြီး ပေါင် ၅ ဒသမ ၈ သန်း ဈေးခေါ်ထားကာ Lionard အိမ်ခြံမြေကုမ္ပဏီမှတဆင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

အကယ်၍ သင်သည် ဥရောပတွင် ကမ်းခြေရှုခင်းများနှင့် နွေးထွေးသော ရာသီဥတုရှိသောနေရာတွင် နေအိမ်တစ်လုံး ပိုင်ဆိုင်ရန် စိတ်ကူးအိပ်မက်နေသည်ဆိုပါက စထရွမ်ဘိုလီကျွန်းမှာ အသင့်တော်ဆုံးနေရာတစ်ခု ဖြစ်သည်။

ပင်လယ်ကို စီးမိုးတွေ့မြင်နေရသည့် ချောက်ကမ်းပါးစွန်းတစ်ခုအနီးတွင် တည်ရှိသည့်စံအိမ်ဖြစ်သည်။

ပင်လယ်ပြင်ရှုခင်းများကို ငြီးငွေ့လာပါက အနီးရှိ သက်ဝင်လှုပ်ရှားနေသော အိုင်ဒူ မီးတောင်သို့လည်း သွားရောက်ကြည့်ရှုနိုင်သည်။

အဆိုပါကျွန်းမှာ ကမ္ဘာကျော်များစွာ လာရောက်လည်ပတ်လေ့ရှိသော နေရာတစ်ခုလည်း ဖြစ်သည်။

ဒို့စ်နှင့် ဂါဘာနာတို့သည် အဆိုပါစံအိမ်ကို ၁၉၉၀ ပြည့်လွန်ကာလများကတည်းက ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး နွေရာသီတွင် ပုံမှန်သွားရောက် အနားယူလေ့ရှိကာ ၎င်းတို့၏ အထူးဧည့်သည်တော်များကို ပါတီပွဲများဖြင့် ဧည့်ခံလေ့ရှိခဲ့သည်။

ဒို့စ်တို့စုံတွဲ၏ စံအိမ်သို့ လာရောက်ခဲ့ဖူးသူများတွင် နာအိုမီ ကမ်းဘဲ၊ အင်မလီယာ ကလာ့ခ်နှင့် မက်ဒေါနားတို့လည်း ပါဝင်သည်။

ဝန်းကျင်တွင် လှပသောရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့်နည်းတူ စံအိမ်ကြီးကိုယ်တိုင်သည်လည်း အလွန်ခမ်းနားလှပပြီး အတွင်းပိုင်းကို ဒီဇိုင်နာတို့၏ အထူးမွမ်းမံမှုများ၊ Dolce & Gabbana ကုမ္ပဏီထုတ်ပစ္စည်းများ၊ ဒေသတွင်း အနုပညာရှင်များ၏ အမျိုးမျိုးသော လက်ရာများဖြင့် မွမ်းမံထားသည်။

အကယ်၍ ဝယ်ယူမည့်ပိုင်ရှင်သစ်များအနေဖြင့် ပြန်လည်မွမ်းမံပြုပြင်မှုများ မပြုလုပ်လိုပါကလည်း အရောင်အသွေးစုံလင်လှသော စံအိမ်ကြီးတွင် အသင့်နေထိုင်နိုင်မည်သာဖြစ်ရာ လင်းလက်သောအစိမ်းရောင်ဖြင့် မွမ်းမံထားသည့် အိပ်ခန်းတစ်ခန်း၊ စစ္စလီငှက်ရောင် ဧည့်ခန်းတစ်ခန်းနှင့် ခမ်းနားလှပသော mosaic နံရံတစ်ခုတို့ ပိုင်ဆိုင်မည် ဖြစ်သည်။

အခန်းတိုင်းတွင် သီးခြားအရောင်နှင့် theme ရှိပြီး အခန်းများစွာတွင် နံရံနှင့် ကြမ်းပြင်များတွင် အီတလီဖြစ် ကြွေထည်လက်ရာများဖြင့် မွမ်းမံထားသည်။ စံအိမ်တွင် အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၉ ခန်း၊ ကိုယ်ပိုင်ရဟတ်ယာဉ်ကွင်းတို့ ပါဝင်သည်။

နှစ်ပေါင်းများစွာ ပိုင်ဆိုင်ထားခဲ့ပြီးမှ အဘယ်ကြောင့် ပြန်လည်ရောင်းထုတ်သည်ကိုမူ မသိရချေ။

ဒို့စ်နှင့် ဂါဘာနာတို့သည် ၎င်းတို့ကြားအချစ်ရေးကို ၂၀၀၅ ခုနှစ်တွင် အဆုံးသတ်ခဲ့သော်လည်း D&G ကုမ္ပဏီတွင် ဆက်လက်အတူ လက်တွဲလုပ်ကိုင်နေသည့်အပြင် ယခုစံအိမ်ကြီးအပြင် အခြားအိမ်ခြံမြေများစွာကိုလည်း ပူးတွဲပိုင်ဆိုင်ထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service