ကမၻာေက်ာ္ရုပ္ရွင္သရုပ္ေဆာင္ တြမ္ခရုစ္က နယူးဇီလန္ႏိုင္ငံတြင္ ေျပာင္းေရႊ႕ေနထိုင္ရန္ သံုးသပ္လ်က္ရွိ

ကမၻာေက်ာ္ရုပ္ရွင္သရုပ္ေဆာင္ တြမ္ခရုစ္က နယူးဇီလန္ႏိုင္ငံတြင္ ေျပာင္းေရႊ႕ေနထိုင္ရန္ သံုးသပ္လ်က္ရွိ - Property News in Myanmar from iMyanmarHouse.com
8 Aug 2019 11:47 am တွင် တင်ခဲ့သည်
1707 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

သည္းထိတ္ရင္ဖိုဇာတ္ကား Interview with the Vampire ႏွင့္ Mission: Impossible ဇာတ္လမ္းတြဲမ်ားကဲ့သို႔ ကမၻာေက်ာ္ ရုပ္ရွင္ဇာတ္ကားမ်ားအျပင္ အျခားဇာတ္ကားေပါင္းမ်ားစြာ ပါဝင္သရုပ္ေဆာင္ခဲ့သည့္ ကမၻာေက်ာ္ရုပ္ရွင္သရုပ္ေဆာင္ တြမ္ခရုစ္သည္ ယခုအခါ နယူးဇီလန္ႏိုင္ငံတြင္ ေျပာင္းေရႊ႕ေနထိုင္ရန္ သံုးသပ္လ်က္ရွိသည္ဟု ဆိုသည္။

နယူးဇီလန္ႏိုင္ငံသည္ ၾသစေတးလ်ႏိုင္ငံ၏ အေရွ႕ေတာင္ဘက္ ပစိဖိတ္သမုဒၵရာအတြင္းတည္ရွိျပီး ကုန္းေျမ ၂ ပိုင္းကြဲေနသည့္ ကၽြန္းၾကီး ၂ ခုျဖင့္ ဖြဲ႔စည္းထားသည္။ တြမ္ခရုစ္ေျပာင္းေရႊ႕အေျခခ်ေနထိုင္ရန္ ရည္ရြယ္ေနသည္မွာ “ေတာင္ကၽြန္း” (South Island) ဟုေခၚေသာ ေတာင္ဘက္မွ ကၽြန္းၾကီးေပၚတြင္ ျဖစ္သည္။

ျပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္က ထုတ္လုပ္ခဲ့သည့္ Mission: Impossible – Fallout ရုပ္ရွင္ဇာတ္ကား၏ ဇာတ္ဝင္ခန္းတစ္ခန္းကို နယူးဇီလန္တြင္ ရိုက္ကူးခဲ့ျပီးေနာက္ပိုင္း နယူးဇီလန္ရုပ္ရွင္ေကာ္မရွင္က ႏိုင္ငံတကာရုပ္ရွင္ထုတ္လုပ္သူမ်ားကို နယူးဇီလန္တြင္ ရိုက္ကူးမႈမ်ား ဆက္လက္ျပဳလုပ္ရန္ ဆြဲေဆာင္လ်က္ရွိေနသည္။

“ေတာင္ကၽြန္းရဲ႕ ေတာၾကီးမ်က္မည္းမွာ မယံုႏိုင္စရာအံ့အားသင့္ဖြယ္ေနအိမ္ေတြ ငွားရမ္းေနထိုင္ဖို႔အတြက္ သူ႔အတြက္ အိမ္ရွာခိုင္းထား တဲ့ သူေတြ ရွိေနပါတယ္”ဟု ေရဒါအြန္လိုင္း သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

“ဒါေပမယ့္ ကိုယ္ပိုင္ေလယာဥ္ကြင္းတစ္ခုခု (ဒါမွမဟုတ္) ရဟတ္ယာဥ္ကြင္းနဲ႔ နီးတဲ့ေနရာျဖစ္ရမယ္ဆိုျပီး မွာထားတယ္လို႔ သိရပါတယ္။ တြမ္ခရုစ္က ေအာ့က္လန္းမွာရွိတဲ့ Scientology စင္တာသစ္ၾကီးဆီကိုလည္း အလြယ္တကူသြားႏိုင္မွာမ်ဳိး လိုခ်င္ပါတယ္” ေနာင္အခါ ဆက္လက္ရိုက္ကူးမည့္ Mission: Impossible ရုပ္ရွင္ဇာတ္ကားတြဲ ၂ ခုကိုလည္း နယူးဇီလန္တြင္ပင္ ဆက္တိုက္ ရိုက္ကူးသြားမည္ဟု ဆိုသည္။

တြမ္ခရုစ္သည္ တတိယဇနီးေကတီဟုမ္းႏွင့္ ၂၀၁၂ ခုႏွစ္တြင္ ကြာရွင္းျပတ္စဲခဲ့ျပီး ၎၏သမီးျဖစ္သူ ဆူရီမွာ ေကတီဟုမ္းႏွင့္အတူ နယူးေယာက္ျမိဳ႕တြင္ ေနထိုင္လ်က္ရွိသည္။

တြမ္ခရုစ္သည္ ဖေလာ္ရီဒါျပည္နယ္၊ ကလီးယားဝါးတားျမိဳ႕ရွိ တိုက္ခန္းတစ္ခန္းတြင္ မၾကာခဏေနထိုင္ေလ့ရွိေသာ္လည္း အေမရိက၏ အေနာက္ဘက္ကမ္းတြင္ ၎အတြက္ အေျခစိုက္ပင္မေနအိမ္ မရွိေတာ့ဘဲ Scientology စင္တာ (သို႔မဟုတ္) ဟိုတယ္မ်ားတြင္သာ ေနထိုင္လ်က္ရွိသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

သည်းထိတ်ရင်ဖိုဇာတ်ကား Interview with the Vampire နှင့် Mission: Impossible ဇာတ်လမ်းတွဲများကဲ့သို့ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများအပြင် အခြားဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့သည့် ကမ္ဘာကျော်ရုပ်ရှင်သရုပ်ဆောင် တွမ်ခရုစ်သည် ယခုအခါ နယူးဇီလန်နိုင်ငံတွင် ပြောင်းရွှေ့နေထိုင်ရန် သုံးသပ်လျက်ရှိသည်ဟု ဆိုသည်။

နယူးဇီလန်နိုင်ငံသည် သြစတေးလျနိုင်ငံ၏ အရှေ့တောင်ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်းတည်ရှိပြီး ကုန်းမြေ ၂ ပိုင်းကွဲနေသည့် ကျွန်းကြီး ၂ ခုဖြင့် ဖွဲ့စည်းထားသည်။ တွမ်ခရုစ်ပြောင်းရွှေ့အခြေချနေထိုင်ရန် ရည်ရွယ်နေသည်မှာ “တောင်ကျွန်း” (South Island) ဟုခေါ်သော တောင်ဘက်မှ ကျွန်းကြီးပေါ်တွင် ဖြစ်သည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ်က ထုတ်လုပ်ခဲ့သည့် Mission: Impossible – Fallout ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခန်းကို နယူးဇီလန်တွင် ရိုက်ကူးခဲ့ပြီးနောက်ပိုင်း နယူးဇီလန်ရုပ်ရှင်ကော်မရှင်က နိုင်ငံတကာရုပ်ရှင်ထုတ်လုပ်သူများကို နယူးဇီလန်တွင် ရိုက်ကူးမှုများ ဆက်လက်ပြုလုပ်ရန် ဆွဲဆောင်လျက်ရှိနေသည်။

“တောင်ကျွန်းရဲ့ တောကြီးမျက်မည်းမှာ မယုံနိုင်စရာအံ့အားသင့်ဖွယ်နေအိမ်တွေ ငှားရမ်းနေထိုင်ဖို့အတွက် သူ့အတွက် အိမ်ရှာခိုင်းထား တဲ့ သူတွေ ရှိနေပါတယ်”ဟု ရေဒါအွန်လိုင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

“ဒါပေမယ့် ကိုယ်ပိုင်လေယာဉ်ကွင်းတစ်ခုခု (ဒါမှမဟုတ်) ရဟတ်ယာဉ်ကွင်းနဲ့ နီးတဲ့နေရာဖြစ်ရမယ်ဆိုပြီး မှာထားတယ်လို့ သိရပါတယ်။ တွမ်ခရုစ်က အော့က်လန်းမှာရှိတဲ့ Scientology စင်တာသစ်ကြီးဆီကိုလည်း အလွယ်တကူသွားနိုင်မှာမျိုး လိုချင်ပါတယ်” နောင်အခါ ဆက်လက်ရိုက်ကူးမည့် Mission: Impossible ရုပ်ရှင်ဇာတ်ကားတွဲ ၂ ခုကိုလည်း နယူးဇီလန်တွင်ပင် ဆက်တိုက် ရိုက်ကူးသွားမည်ဟု ဆိုသည်။ တွမ်ခရုစ်သည် တတိယဇနီးကေတီဟုမ်းနှင့် ၂၀၁၂ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့ပြီး ၎င်း၏သမီးဖြစ်သူ ဆူရီမှာ ကေတီဟုမ်းနှင့်အတူ နယူးယောက်မြို့တွင် နေထိုင်လျက်ရှိသည်။

တွမ်ခရုစ်သည် ဖလော်ရီဒါပြည်နယ်၊ ကလီးယားဝါးတားမြို့ရှိ တိုက်ခန်းတစ်ခန်းတွင် မကြာခဏနေထိုင်လေ့ရှိသော်လည်း အမေရိက၏ အနောက်ဘက်ကမ်းတွင် ၎င်းအတွက် အခြေစိုက်ပင်မနေအိမ် မရှိတော့ဘဲ Scientology စင်တာ (သို့မဟုတ်) ဟိုတယ်များတွင်သာ နေထိုင်လျက်ရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service