Google က ဆန္ဖရန္စစၥကို ဝန္းက်င္တြင္ ကန္ေဒၚလာ သန္း ၅၀ သံုးစြဲကာ တန္ဖိုးနည္းအိမ္ရာမ်ား ေဆာက္လုပ္မည္

Google က ဆန္ဖရန္စစၥကို ဝန္းက်င္တြင္ ကန္ေဒၚလာ သန္း ၅၀ သံုးစြဲကာ တန္ဖိုးနည္းအိမ္ရာမ်ား ေဆာက္လုပ္မည္ - Property News in Myanmar from iMyanmarHouse.com
7 Aug 2019 1:08 pm တွင် တင်ခဲ့သည်
655 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကယ္လီဖိုးနီးယားျပည္နယ္၊ Mountain View အေျခစိုက္ ကမၻာေက်ာ္ အင္တာနက္ရွာေဖြေရးကုမၸဏီၾကီး Google က ဆန္ဖရန္စစၥကို ဝန္းက်င္တြင္ ကန္ေဒၚလာ သန္း ၅၀ သံုးစြဲကာ တန္ဖိုးနည္းအိမ္ရာမ်ား ေဆာက္လုပ္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာသည္။

Google က ကန္ေဒၚလာ ၁ ဘီလီယံအထိ သံုးစြဲကာ လူေနအိမ္မ်ား ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း ျပီးခဲ့ေသာလအတြင္းက ကတိျပဳထားခ်က္အတိုင္း ေျခလွမ္းတစ္ရပ္ စတင္အေကာင္အထည္ေဖာ္လာျခင္းလည္း ျဖစ္သည္။

ဆန္ဖရန္စစၥကိုဝန္းက်င္တြင္ အိမ္ရာမဲ့မ်ား၊ အိမ္ငွားမ်ားႏွင့္ ေနအိမ္ပထမဆံုး စတင္ဝယ္ယူရန္ ၾကိဳးစားေနသူမ်ားအတြက္ တန္ဖိုးနည္း လူေနအိမ္ရာမ်ား အေကာင္အထည္ေဖာ္ေပးေနသည့္ အက်ဳိးအျမတ္အတြက္ မရည္ရြယ္ေသာ ကုမၸဏီ Housing Trust Silicon Valley ထံတြင္ Google က ကန္ေဒၚလာ သန္း ၅၀ ရင္းႏွီးျမွဳပ္ႏွံခဲ့ျခင္း ျဖစ္သည္။

Housing Trust Silicon Valley သည္ ေဒသတြင္း ကုမၸဏီမ်ား၊ အဖြဲ႔အစည္းၾကီးမ်ားက ထည့္ဝင္ေသာေငြမ်ားျဖင့္ ၂၀၀၀ ျပည့္ႏွစ္မွ စတင္ျပီး တန္ဖုိးနည္းလူေနအိမ္မ်ား ေဆာက္လုပ္ေပးခဲ့ရာ လူေနအိမ္ေပါင္း ၁၇၀၀၀ ခန္႔အထိ ေဆာက္လုပ္ေပးႏိုင္ခဲ့ျပီးလည္း ျဖစ္သည္။

Google က ထည့္ဝင္သည့္ ကန္ေဒၚလာ သန္း ၅၀ သည္ Housing Trust Silicon Valley အတြက္ အၾကီးမားဆံုး ရင္းႏွီးျမွဳပ္ႏွံေငြတစ္ရပ္ျဖစ္လာသည္။

ဆန္ဖရန္စစၥကို Bay Area တစ္ဝန္းတြင္ အိမ္ျခံေျမေစ်းမ်ား ေခါင္ခိုက္လာျပီး တန္ဖိုးနည္းလူေနအိမ္ ရွားပါးလာမႈကို ေျဖရွင္းေပးႏိုင္ရန္ ရည္ရြယ္ၾကိဳးပမ္းခဲ့ျခင္းလည္းျဖစ္သည္။

ေဒသတြင္း၌ ဝင္ေငြျမင့္မားသည့္အလုပ္အကိုင္ မ်ားစြာဖန္တီးေပးေသာေၾကာင့္ အိမ္ျခံေျမ ဝယ္ယူငွားရမ္းလိုအားႏွင့္ ေစ်းႏႈန္းမ်ား ျမင့္တက္လာရျခင္းမွာ နည္းပညာကုမၸဏီမ်ားေၾကာင့္ျဖစ္ေၾကာင့္ ေဝဖန္ျပစ္တင္မႈမ်ားလည္း ရွိေနသည္။

“အိမ္ျခံေျမက႑မွာ ကန္ေဒၚလာ ၁ ဘီလီယံ ရင္းႏွီးျမွဳပ္ႏွံသြားမယ္ဆိုတဲ့ ကၽြန္ေတာ္တို႔ရဲ႕ ကတိကဝတ္အတိုင္း ဆန္ဖရန္စစၥကို ဝန္းက်င္မွာ တန္ဖိုးနည္းအိမ္ရာ အက်ပ္အတည္းကို ေျဖရွင္းႏိုင္ဖို႔ နည္းလမ္းေတြ ရွာေဖြေနပါတယ္” ဟု Google ၏ အမႈေဆာင္အရာရွိခ်ဳပ္ ဆန္းဒါး ပီခ်ဳိင္းက ေျပာၾကားသည္။

“Housing Trust Silicon Valley ဟာ သူတို႔ရဲ႕ ကုမၸဏီကတစ္ဆင့္ ဒီလိုမ်ဳိး အေကာင္အထည္ေဖာ္ႏိုင္ဖို႔ အေကာင္းဆံုးအခြင့္အလမ္းကို ေပးအပ္ခဲ့ပါတယ္။

လူေနအိမ္ေတြ အလိုအပ္ဆံုးျဖစ္ေနမယ့္သူေတြအတြက္ အိမ္ရာေတြ အေကာင္အထည္ေဖာ္ေပးႏိုင္ေရးမွာ အတူတကြ ပူးေပါင္းလုပ္ကိုင္ႏိုင္ဖို႔အတြက္ Housing Trust Silicon Valley ရဲ႕ အၾကီးမားဆံုး ရင္းႏွီးျမွဳပ္ႏွံသူျဖစ္ရတဲ့အေပၚ ကၽြန္ေတာ္တို႔ ဂုဏ္ယူမိပါတယ္”ဟုလည္း ပီခ်ဳိင္းက ဆက္လက္ေျပာၾကားသည္။

ေဒသတြင္းတြင္ လူေနအိမ္ရွားပါးလာမႈကို ေျဖရွင္းႏိုင္ေရးအတြက္ ကန္ေဒၚလာ ၁ ဘီလီယံခန္႔အထိ သံုးစြဲသြားမည္ျဖစ္ေၾကာင္း Google က ျပီးခဲ့ေသာလအတြင္း ကတိျပဳခဲ့သည္။

အဆုိပါ ပမာဏမွာ နည္းပညာကုမၸဏီတစ္ခုက အိမ္ျခံေျမက႑အေပၚ ေပးအပ္လာသည့္ အၾကီးမားဆံုးေသာ ကတိကဝတ္တစ္ခုလည္း ျဖစ္သည္။ ကန္ေဒၚလာ ၁ ဘီလီယံအနက္ ေဒၚလာ သန္း ၇၅၀ ကို ေျမဝယ္ယူရန္ အသံုးျပဳမည္ျဖစ္ျပီး က်န္ေသာ သန္း ၂၅၀ ကို အသံုးျပဳကာ တန္ဖိုးနည္းလူေနအိမ္ခန္း အနည္းဆံုး ၅၀၀၀ ခန္႔ ေဆာက္လုပ္သြားရန္ ရည္မွန္းထားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကယ်လီဖိုးနီးယားပြည်နယ်၊ Mountain View အခြေစိုက် ကမ္ဘာကျော် အင်တာနက်ရှာဖွေရေးကုမ္ပဏီကြီး Google က ဆန်ဖရန်စစ္စကို ဝန်းကျင်တွင် ကန်ဒေါ်လာ သန်း ၅၀ သုံးစွဲကာ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

Google က ကန်ဒေါ်လာ ၁ ဘီလီယံအထိ သုံးစွဲကာ လူနေအိမ်များ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သောလအတွင်းက ကတိပြုထားချက်အတိုင်း ခြေလှမ်းတစ်ရပ် စတင်အကောင်အထည်ဖော်လာခြင်းလည်း ဖြစ်သည်။

ဆန်ဖရန်စစ္စကိုဝန်းကျင်တွင် အိမ်ရာမဲ့များ၊ အိမ်ငှားများနှင့် နေအိမ်ပထမဆုံး စတင်ဝယ်ယူရန် ကြိုးစားနေသူများအတွက် တန်ဖိုးနည်း လူနေအိမ်ရာများ အကောင်အထည်ဖော်ပေးနေသည့် အကျိုးအမြတ်အတွက် မရည်ရွယ်သော ကုမ္ပဏီ Housing Trust Silicon Valley ထံတွင် Google က ကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

Housing Trust Silicon Valley သည် ဒေသတွင်း ကုမ္ပဏီများ၊ အဖွဲ့အစည်းကြီးများက ထည့်ဝင်သောငွေများဖြင့် ၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး တန်ဖိုးနည်းလူနေအိမ်များ ဆောက်လုပ်ပေးခဲ့ရာ လူနေအိမ်ပေါင်း ၁၇၀၀၀ ခန့်အထိ ဆောက်လုပ်ပေးနိုင်ခဲ့ပြီးလည်း ဖြစ်သည်။

Google က ထည့်ဝင်သည့် ကန်ဒေါ်လာ သန်း ၅၀ သည် Housing Trust Silicon Valley အတွက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံငွေတစ်ရပ်ဖြစ်လာသည်။

ဆန်ဖရန်စစ္စကို Bay Area တစ်ဝန်းတွင် အိမ်ခြံမြေဈေးများ ခေါင်ခိုက်လာပြီး တန်ဖိုးနည်းလူနေအိမ် ရှားပါးလာမှုကို ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ကြိုးပမ်းခဲ့ခြင်းလည်းဖြစ်သည်။

ဒေသတွင်း၌ ဝင်ငွေမြင့်မားသည့်အလုပ်အကိုင် များစွာဖန်တီးပေးသောကြောင့် အိမ်ခြံမြေ ဝယ်ယူငှားရမ်းလိုအားနှင့် ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ နည်းပညာကုမ္ပဏီများကြောင့်ဖြစ်ကြောင့် ဝေဖန်ပြစ်တင်မှုများလည်း ရှိနေသည်။

“အိမ်ခြံမြေကဏ္ဍမှာ ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်အတိုင်း ဆန်ဖရန်စစ္စကို ဝန်းကျင်မှာ တန်ဖိုးနည်းအိမ်ရာ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေပါတယ်” ဟု Google ၏ အမှုဆောင်အရာရှိချုပ် ဆန်းဒါး ပီချိုင်းက ပြောကြားသည်။

“Housing Trust Silicon Valley ဟာ သူတို့ရဲ့ ကုမ္ပဏီကတစ်ဆင့် ဒီလိုမျိုး အကောင်အထည်ဖော်နိုင်ဖို့ အကောင်းဆုံးအခွင့်အလမ်းကို ပေးအပ်ခဲ့ပါတယ်။

လူနေအိမ်တွေ အလိုအပ်ဆုံးဖြစ်နေမယ့်သူတွေအတွက် အိမ်ရာတွေ အကောင်အထည်ဖော်ပေးနိုင်ရေးမှာ အတူတကွ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့အတွက် Housing Trust Silicon Valley ရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ရတဲ့အပေါ် ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်”ဟုလည်း ပီချိုင်းက ဆက်လက်ပြောကြားသည်။

ဒေသတွင်းတွင် လူနေအိမ်ရှားပါးလာမှုကို ဖြေရှင်းနိုင်ရေးအတွက် ကန်ဒေါ်လာ ၁ ဘီလီယံခန့်အထိ သုံးစွဲသွားမည်ဖြစ်ကြောင်း Google က ပြီးခဲ့သောလအတွင်း ကတိပြုခဲ့သည်။

အဆိုပါ ပမာဏမှာ နည်းပညာကုမ္ပဏီတစ်ခုက အိမ်ခြံမြေကဏ္ဍအပေါ် ပေးအပ်လာသည့် အကြီးမားဆုံးသော ကတိကဝတ်တစ်ခုလည်း ဖြစ်သည်။ ကန်ဒေါ်လာ ၁ ဘီလီယံအနက် ဒေါ်လာ သန်း ၇၅၀ ကို မြေဝယ်ယူရန် အသုံးပြုမည်ဖြစ်ပြီး ကျန်သော သန်း ၂၅၀ ကို အသုံးပြုကာ တန်ဖိုးနည်းလူနေအိမ်ခန်း အနည်းဆုံး ၅၀၀၀ ခန့် ဆောက်လုပ်သွားရန် ရည်မှန်းထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service