အေမရိကန္တြင္ မီးေလာင္ေနသည့္ေနအိမ္တစ္လံုးကို ေစ်းကြက္တင္လာရာ စိတ္ဝင္စားသူမ်ားျပား

အေမရိကန္တြင္ မီးေလာင္ေနသည့္ေနအိမ္တစ္လံုးကို ေစ်းကြက္တင္လာရာ စိတ္ဝင္စားသူမ်ားျပား - Property News in Myanmar from iMyanmarHouse.com
6 Aug 2019 12:14 pm တွင် တင်ခဲ့သည်
782 ကြိမ် ကြည့်ရှု့ပြီး

 ### Zawgyi Version ###

အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္ျပည္နယ္၊ ဆီယက္တဲလ္ျမိဳ႕အေျခစိုက္ ကမၻာေက်ာ္ အိမ္ျခံေျမဝက္ဘ္ဆိုက္ၾကီး Zillow တြင္ မီးေလာင္ေနေသာ ေနအိမ္တစ္အိမ္ပံုျဖင့္ ေနအိမ္တစ္လံုး အေရာင္းေစ်းကြက္ဝင္လာသည္။

ဖေလာ္ရီဒါျပည္နယ္မွ အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦးက အေရာင္းေစ်းကြက္တင္ေပးျခင္းျဖစ္ျပီး ေနအိမ္တည္ေနရာမွာ ဖေလာ္ရီဒါျပည္နယ္၏ ကမ္းရုိးတန္း ပင္လယ္ေကြ႔တြင္ရွိေသာ စိန္႔ ပီတာစဘာ့ဂ်္ျမိဳ႕၊ SW Boulevard North လမ္းတြင္ တည္ရွိသည္။

ထူးျခားသည္မွာ ေနအိမ္ကို မီးေလာင္ေနစဥ္ ရိုက္ကူးထားသည့္ ဓာတ္ပံုျဖင့္ အေရာင္းေစ်းကြက္တင္လာျခင္းျဖစ္သည္။

လူၾကိဳက္မ်ားသည့္ ေဒသတြင္ တည္ရွိေသာ္လည္း ကန္ေဒၚလာ ၉၉၀၀၀ သာ ေစ်းေခၚထားရာ ေျမေစ်းမွ်သာ ရွိသည္။

၁၉၅၇ ခုႏွစ္က ေဆာက္လုပ္ခဲ့ေသာ အဆိုပါ ေနအိမ္သည္ ျပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလအတြင္းက အိမ္ပိုင္ရွင္မ်ား ေနအိမ္တြင္ မရွိစဥ္ မီးသင့္ခဲ့ျခင္းျဖစ္သည္။ အိမ္ျခံေျမအက်ဳိးေဆာင္ ဒိုင္လန္ ဂ်က္ခ္က ေစ်းကြက္တင္ စတန္႔တစ္ခုအေနျဖင့္္ မီးေလာင္ေနသည့္ပံုျဖင့္ အြန္လိုင္းတြင္ အေရာင္းတင္ခဲ့ျခင္း ျဖစ္သည္။

ဒိုင္လန္ ဂ်က္ခ္က အေရာင္းေစ်းကြက္တင္ရာတြင္ “မီးပံုေဘးကို မုန္႔ေတြယူလာျပီး သင့္ရဲ႕ စိတ္ကူးထဲကအိမ္ကို တည္ေဆာက္ပါ”ဟု ေရးသားေၾကာ္ျငာထားသည္။ လက္ရွိေနအိမ္မွာမူ လူေနရန္ မသင့္ေလ်ာ္ေၾကာင္း ေၾကညာျခင္းခံထားရသည္။

ပိုင္ရွင္သစ္အေနျဖင့္ တည္ရွိေနသည့္ အေဆာက္အအံုကို ျဖိဳခ်ကာ အဆိုပါေျမေနရာေပၚတြင္ အေဆာက္အအံုသစ္ ေဆာက္လုပ္ရမည္ ျဖစ္သည္။

စတိုးဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ား ေပါမ်ားသည့္ အလြန္နာမည္ေက်ာ္ၾကားသည့္ ေဒသတြင္ တည္ရွိသည့္ အေဆာက္အအံုကို ေျမေစ်းမွ်ျဖင့္ ေရာင္းခ်ျခင္းျဖစ္ေၾကာင္းလည္း ဒိုင္လန္ဂ်က္ခ္က ေျပာၾကားသည္။

ယခုႏွစ္ အေစာပိုင္းက ေနအိမ္မီးသင့္ေလာင္ခဲ့ျခင္းျဖစ္ျပီး အိမ္နီးခ်င္းတစ္ဦးက ဓာတ္ပံုရိုက္ယူထားခဲ့ျခင္း ျဖစ္သည္။

အိမ္ျခံေျမအက်ဳိးေဆာင္ ဒိုင္လန္ ဂ်က္ခ္က လူစိတ္ဝင္စားမႈရရန္ႏွင့္ အေဆာက္အအံု၏ ပကတိ အေျခအေနကို သိရွိႏိုင္ရန္ ရည္ရြယ္ကာ မီးေလာင္ေနသည့္ ဓာတ္ပံုကို အသံုးျပဳျပီး အေရာင္းေစ်းကြက္တင္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

သူ၏ စိတ္ကူးမွန္ခဲ့သည္ဟုဆိုရမည္ ေစ်းကြက္တင္ျပီးကတည္းက ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းမႈမ်ားစြာ လက္ခံရရွိခဲ့သည္ဟု ဒိုင္လန္က ေျပာၾကားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ ဆီယက်တဲလ်မြို့အခြေစိုက် ကမ္ဘာကျော် အိမ်ခြံမြေဝက်ဘ်ဆိုက်ကြီး Zillow တွင် မီးလောင်နေသော နေအိမ်တစ်အိမ်ပုံဖြင့် နေအိမ်တစ်လုံး အရောင်းဈေးကွက်ဝင်လာသည်။

ဖလော်ရီဒါပြည်နယ်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက အရောင်းဈေးကွက်တင်ပေးခြင်းဖြစ်ပြီး နေအိမ်တည်နေရာမှာ ဖလော်ရီဒါပြည်နယ်၏ ကမ်းရိုးတန်း ပင်လယ်ကွေ့တွင်ရှိသော စိန့် ပီတာစဘာ့ဂျ်မြို့၊ SW Boulevard North လမ်းတွင် တည်ရှိသည်။

ထူးခြားသည်မှာ နေအိမ်ကို မီးလောင်နေစဉ် ရိုက်ကူးထားသည့် ဓာတ်ပုံဖြင့် အရောင်းဈေးကွက်တင်လာခြင်းဖြစ်သည်။

လူကြိုက်များသည့် ဒေသတွင် တည်ရှိသော်လည်း ကန်ဒေါ်လာ ၉၉၀၀၀ သာ ဈေးခေါ်ထားရာ မြေဈေးမျှသာ ရှိသည်။

၁၉၅၇ ခုနှစ်က ဆောက်လုပ်ခဲ့သော အဆိုပါ နေအိမ်သည် ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်းက အိမ်ပိုင်ရှင်များ နေအိမ်တွင် မရှိစဉ် မီးသင့်ခဲ့ခြင်းဖြစ်သည်။ အိမ်ခြံမြေအကျိုးဆောင် ဒိုင်လန် ဂျက်ခ်က ဈေးကွက်တင် စတန့်တစ်ခုအနေဖြင့် မီးလောင်နေသည့်ပုံဖြင့် အွန်လိုင်းတွင် အရောင်းတင်ခဲ့ခြင်း ဖြစ်သည်။

ဒိုင်လန် ဂျက်ခ်က အရောင်းဈေးကွက်တင်ရာတွင် “မီးပုံဘေးကို မုန့်တွေယူလာပြီး သင့်ရဲ့ စိတ်ကူးထဲကအိမ်ကို တည်ဆောက်ပါ”ဟု ရေးသားကြော်ငြာထားသည်။ လက်ရှိနေအိမ်မှာမူ လူနေရန် မသင့်လျော်ကြောင်း ကြေညာခြင်းခံထားရသည်။

ပိုင်ရှင်သစ်အနေဖြင့် တည်ရှိနေသည့် အဆောက်အအုံကို ဖြိုချကာ အဆိုပါမြေနေရာပေါ်တွင် အဆောက်အအုံသစ် ဆောက်လုပ်ရမည် ဖြစ်သည်။

စတိုးဆိုင်များ၊ စားသောက်ဆိုင်များ ပေါများသည့် အလွန်နာမည်ကျော်ကြားသည့် ဒေသတွင် တည်ရှိသည့် အဆောက်အအုံကို မြေဈေးမျှဖြင့် ရောင်းချခြင်းဖြစ်ကြောင်းလည်း ဒိုင်လန်ဂျက်ခ်က ပြောကြားသည်။

ယခုနှစ် အစောပိုင်းက နေအိမ်မီးသင့်လောင်ခဲ့ခြင်းဖြစ်ပြီး အိမ်နီးချင်းတစ်ဦးက ဓာတ်ပုံရိုက်ယူထားခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေအကျိုးဆောင် ဒိုင်လန် ဂျက်ခ်က လူစိတ်ဝင်စားမှုရရန်နှင့် အဆောက်အအုံ၏ ပကတိ အခြေအနေကို သိရှိနိုင်ရန် ရည်ရွယ်ကာ မီးလောင်နေသည့် ဓာတ်ပုံကို အသုံးပြုပြီး အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သူ၏ စိတ်ကူးမှန်ခဲ့သည်ဟုဆိုရမည် ဈေးကွက်တင်ပြီးကတည်းက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုများစွာ လက်ခံရရှိခဲ့သည်ဟု ဒိုင်လန်က ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service