ၿမိဳ႕သစ္မ်ား ေဖာ္ေဆာင္ရာတြင္ သိမ္းဆည္းထားခဲ့သည့္ လယ္ယာေျမမ်ားအတြက္ ေျမယာေလ်ာ္ေၾကးမ်ားေပးရန္ စီစဥ္ေန

ၿမိဳ႕သစ္မ်ား ေဖာ္ေဆာင္ရာတြင္ သိမ္းဆည္းထားခဲ့သည့္ လယ္ယာေျမမ်ားအတြက္ ေျမယာေလ်ာ္ေၾကးမ်ားေပးရန္ စီစဥ္ေန - Property News in Myanmar from iMyanmarHouse.com
6 Aug 2019 11:30 am တွင် တင်ခဲ့သည်
1135 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဩဂုတ္ ၃ ရက္ သတင္းစာရွင္းလင္းပြဲတြင္ ေျမယာေလ်ာ္ေၾကး က်ပ္ ဘီလီယံ ၂၀၀ ေက်ာ္ကို ရန္ကုန္တုိင္းေဒသႀကီး အတြင္း သိမ္းဆည္းေျမဧက ၂၄,၀၀၀ အတြက္ ေပးေလ်ာ္မည္ဟု ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာထားသည္။

၎က ယခင္ အစိုးရလက္ထက္က ၿမိဳ႕သစ္မ်ားေဖာ္ေဆာင္ရာတြင္ သိမ္းဆည္းထားခဲ့ သည့္ လယ္ယာ ေျမမ်ားအတြက္ စိစစ္ၿပီးေနာက္စက္တင္ဘာကစ၍ ေျမယာေလ်ာ္ေၾကးမ်ားေပးရန္ စီစဥ္ေနေၾကာင္း၊၂၀၁၈-၁၉ ဘတ္ဂ်က္တြင္ က်ပ္ခုနစ္ဘီလီယံ ႏွင့္ ၂၀၁၉-၂၀ ဘတ္ဂ်က္တြင္ ၃၃ ဘီလီယံ လ်ာထားသတ္မွတ္ထားေၾကာင္း၊ လက္ရွိအခ်ိန္အထိ ေပးေလ်ာ္ရန္ က်ပ္ ၁၆၀ ဘီလီယံ လိုအပ္ေနသျဖင့္ ၂၀၁၉-၂၀ ျဖည့္စြက္ရန္ပံုေငြတြင္ ထည့္သြင္း ေတာင္းခံရန္ စီစဥ္ထားေၾကာင္း ေျပာထားသည္။

ယင္းမတုိင္မီ တုိင္းေဒသႀကီးအတြင္းရွိ ေျမကြက္လြတ္မ်ား ေရာင္းခ်ၿပီး ရေငြပမာဏတိုးျမင့္ေစရန္ လုပ္ေဆာင္ကာ ျဖည့္စြက္ဘတ္ဂ်က္တြင္ ယင္းေငြမ်ားကို ေတာင္း၍ ေျမယာေလ်ာ္ေၾကးေပးရန္ စီစဥ္ထားျခင္းျဖစ္သည္။

ေရာင္းခ်သြားမည့္ ေနရာတြင္လည္း ယင္းေျမမ်ားကိုကို အသံုးခ်မည့္ အပိုင္းတြင္ ေျမအလြတ္မ်ားကို က်ဴးေက်ာ္မ်ားႏွင့္ ေနထုိင္ရန္ အခက္အခဲရွိသူမ်ားအတြက္ ေျမေနရာေပး၍ အိမ္ေဆာက္လုပ္ေနထိုင္ေစရန္၊ တန္ဖိုးနည္းအိမ္ရာ တည္ေဆာက္၍ ႏွစ္ရွည္အရစ္က်ေပးသြင္းဝယ္ယူႏုိင္ေစရန္၊ ျမန္မာႏိုင္ငံတြင္ အမွန္တကယ္ ရင္းႏွီးျမႇဳပ္ႏွံမည့္သူမ်ားကို သင့္တင့္သည့္ ေဈးႏႈန္းျဖင့္ ေျမေရာင္းေပးရန္ႏွင့္ ေျမဝယ္၍ အိမ္ေဆာက္ေနထိုင္လို သူမ်ားကို ေရာင္းေပးရန္ဆုိသည့္ နည္းလမ္းေလးမ်ိဳး က်င့္သံုးရန္ စီစဥ္ထားေၾကာင္း ေျပာထားသည္။

အစိုးရတြင္ ေျမဧက ၄,၀၀၀ ေက်ာ္ ျပန္လည္ေရာင္းခ်ရန္ရွိကာ ပြင့္လင္းျမင္သာမႈရွိေအာင္ ေဈးႏႈန္းႏွင့္ ေရာင္းခ်မည့္ပံုစံကို သတင္းစာမ်ားတြင္ ေၾကာ္ျငာ ထည့္သြင္း၍ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ေျပာထားသည္။ ေျမကြက္မ်ားကို ဝယ္ယူရန္ ေလွ်ာက္ထားမႈမ်ားလည္း စတင္ရရွိေနၿပီး ေျမယာေလ်ာ္ ေၾကးေပးရန္ လိုအပ္ေန သည့္ က်ပ္ ၁၆၀ ဘီလီယံျပည့္ေအာင္ ေျမကြက္မ်ားကို ေရာင္းခ်ေပးႏုိင္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ၎ကဆုိ သည္။

ဗဟိုလယ္္ယာေျမ သိမ္းဆည္းမႈ ျပန္လည္စိစစ္ေရး ေကာ္မတီထံတိုင္ၾကားထားသည့္ အမႈတြဲႏွင့္ ယခင္ အစိုးရလက္ထက္က စိစစ္မႈမၿပီးျပတ္ခဲ့သည့္ အမႈ ၅,၀၀၀ ခန္႔ႏွင့္တုိင္းေဒသႀကိး အစိုးရထံ တင္ျပထားသည့္ အမႈ ၁၂,၀၀၀ ေက်ာ္အနက္ ထက္ဝက္ခန္႔ကို စိစစ္ၿပီးေနာက္ ေျမယာေလ်ာ္ေၾကးေပးေခ်ျခင္း၊ ျပန္ေပးႏုိင္မည့္ လယ္ေျမမ်ားကိုေပးရန္ႏွင့္ စိစစ္မႈမ်ားျပဳလုပ္ၿပီးေနာက္ မူလပိုင္ရွင္ထံ ေျမ ၉၈၂ ဧက ျပန္ေပးရန္ စီစဥ္ထားေၾကာင္း သိရသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

### Unicode Version ###

ဩဂုတ် ၃ ရက် သတင်းစာရှင်းလင်းပွဲတွင် မြေယာလျော်ကြေး ကျပ် ဘီလီယံ ၂၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အတွင်း သိမ်းဆည်းမြေဧက ၂၄,၀၀၀ အတွက် ပေးလျော်မည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောထားသည်။

၎င်းက ယခင် အစိုးရလက်ထက်က မြို့သစ်များ ဖော်ဆောင်ရာတွင် သိမ်းဆည်းထားခဲ့ သည့် လယ်ယာ မြေများအတွက် စိစစ်ပြီးနောက်စက်တင်ဘာကစ၍ မြေယာလျော်ကြေးများပေးရန် စီစဉ်နေကြောင်း၊၂၀၁၈-၁၉ ဘတ်ဂျက်တွင် ကျပ်ခုနစ်ဘီလီယံ နှင့် ၂၀၁၉-၂၀ ဘတ်ဂျက်တွင် ၃၃ ဘီလီယံ လျာထားသတ်မှတ်ထားကြောင်း၊ လက်ရှိအချိန်အထိ ပေးလျော်ရန် ကျပ် ၁၆၀ ဘီလီယံ လိုအပ်နေသဖြင့် ၂၀၁၉-၂၀ ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်း တောင်းခံရန် စီစဉ်ထားကြောင်း ပြောထားသည်။

ယင်းမတိုင်မီ တိုင်းဒေသကြီးအတွင်းရှိ မြေကွက်လွတ်များ ရောင်းချပြီး ရငွေပမာဏတိုးမြင့်စေရန် လုပ်ဆောင်ကာ ဖြည့်စွက်ဘတ်ဂျက်တွင် ယင်းငွေများကို တောင်း၍ မြေယာလျော်ကြေးပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

ရောင်းချသွားမည့် နေရာတွင်လည်း ယင်းမြေများကိုကို အသုံးချမည့် အပိုင်းတွင် မြေအလွတ်များကို ကျူးကျော်များနှင့် နေထိုင်ရန် အခက်အခဲရှိသူများအတွက် မြေနေရာပေး၍ အိမ်ဆောက်လုပ်နေထိုင်စေရန်၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်၍ နှစ်ရှည်အရစ်ကျပေးသွင်းဝယ်ယူနိုင်စေရန်၊ မြန်မာနိုင်ငံတွင် အမှန်တကယ် ရင်းနှီးမြှုပ်နှံမည့်သူများကို သင့်တင့်သည့် ဈေးနှုန်းဖြင့် မြေရောင်းပေးရန်နှင့် မြေဝယ်၍ အိမ်ဆောက်နေထိုင်လို သူများကို ရောင်းပေးရန်ဆိုသည့် နည်းလမ်းလေးမျိုး ကျင့်သုံးရန် စီစဉ်ထားကြောင်း ပြောထားသည်။

အစိုးရတွင် မြေဧက ၄,၀၀၀ ကျော် ပြန်လည်ရောင်းချရန်ရှိကာ ပွင့်လင်းမြင်သာမှုရှိအောင် ဈေးနှုန်းနှင့် ရောင်းချမည့်ပုံစံကို သတင်းစာများတွင် ကြော်ငြာ ထည့်သွင်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောထားသည်။ မြေကွက်များကို ဝယ်ယူရန် လျှောက်ထားမှုများလည်း စတင်ရရှိနေပြီး မြေယာလျော် ကြေးပေးရန် လိုအပ်နေ သည့် ကျပ် ၁၆၀ ဘီလီယံပြည့်အောင် မြေကွက်များကို ရောင်းချပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆို သည်။

ဗဟိုလယ်ယာမြေ သိမ်းဆည်းမှု ပြန်လည်စိစစ်ရေး ကော်မတီထံတိုင်ကြားထားသည့် အမှုတွဲနှင့် ယခင် အစိုးရလက်ထက်က စိစစ်မှုမပြီးပြတ်ခဲ့သည့် အမှု ၅,၀၀၀ ခန့်နှင့်တိုင်းဒေသကြိး အစိုးရထံ တင်ပြထားသည့် အမှု ၁၂,၀၀၀ ကျော်အနက် ထက်ဝက်ခန့်ကို စိစစ်ပြီးနောက် မြေယာလျော်ကြေးပေးချေခြင်း၊ ပြန်ပေးနိုင်မည့် လယ်မြေများကိုပေးရန်နှင့် စိစစ်မှုများပြုလုပ်ပြီးနောက် မူလပိုင်ရှင်ထံ မြေ ၉၈၂ ဧက ပြန်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service