ေဟာလိဝုဒ္၏ လူေျပာအမ်ားဆံုး အိမ္ျခံေျမ အေရာင္းအဝယ္မ်ား

ေဟာလိဝုဒ္၏ လူေျပာအမ်ားဆံုး အိမ္ျခံေျမ အေရာင္းအဝယ္မ်ား - Property News in Myanmar from iMyanmarHouse.com
1 Aug 2019 1:02 pm တွင် တင်ခဲ့သည်
772 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာေက်ာ္ မီဒီယာလုပ္ငန္းရွင္ ဘီလ်ံနာသူေဌးၾကီး ရူးပတ္ မားေဒါ့ခ်္၊ ေပါ့ပ္နတ္ဖုရားမ မက္ေဒါနားႏွင့္ ဥဇဘက္ကစၥတန္ႏိုင္ငံမွ သမၼတ၏ သမီးျဖစ္သူတို႔၏ ေဟာလိဝုဒ္အိမ္ျခံ အေရာင္းအဝယ္ ၃ ခုသည္ တခ်ိန္က ေဟာလိဝုဒ္၏ လူေျပာအမ်ားခဲ့ဆံုး အိမ္ျခံေျမ အေရာင္းအဝယ္မ်ား ျဖစ္ခဲ့သည္။

(၁) လျခမ္းစံအိမ္ (Le Palais The Crescent Place)

ေစ်းႏႈန္း- ကန္ေဒၚလာ ၃၂ ဒသမ ၇၅ သန္း

ေရာင္းခ်ေပးသူ- Coldwell Banker အိမ္ျခံေျမ ကုမၸဏီမွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ ဂၽြိဳက္စ္ေရးႏွင့္ စေတစီ ေဂါ့တူလာ

ေဂ်ာ္ဒန္လူမ်ဳိး ကမၻာေက်ာ္ အိမ္ျခံေျမ developer မိုဟာမက္ ဟာဒစ္က ဒီဇိုင္းေရးဆြဲ ေဆာက္လုပ္ခဲ့သည့္စံအိမ္ျဖစ္သည္။ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ေဟာလိဝုဒ္တည္ရွိရာ ဘီဗာလီေဟးလ္အရပ္တြင္ တည္ရွိျပီး စတုရန္းေပ ၄၈၀၀၀ က်ယ္ဝန္းသည့္ ထံုးေက်ာက္ စံအိမ္ျဖစ္သည္။ ဝယ္ယူခဲ့သူမွာ ဥဇဘက္ကစၥတန္သမၼတ၏ သမီးျဖစ္သူ လိုလာ ကာရီမိုဗာ တယ္လ္ေယးဗာ ျဖစ္သည္။

(၂) ေပါ့ပ္ နတ္ဖုရားမ မက္ေဒါနား၏ ေဟာလိဝုဒ္စံအိမ္

ေစ်းႏႈန္း- ကန္ေဒၚလာ သန္း ၂၀

ေရာင္းခ်ေပးသူ- Westside Estate Agency မွ ကာ့ထ္ ရက္ပါေပါ့ထ္ႏွင့္ Sotheby's International Realty မွ ဘာရီ ပီလီ

မက္ေဒါနား၏ ေဟာလိဝုဒ္စံအိမ္ အေရာင္းအဝယ္မွာလည္း တခ်ိန္က ေဟာလိဝုဒ္တြင္ လူေျပာအမ်ားဆံုး ျဖစ္ခဲ့သည္။ မက္ေဒါနားသည္ ေဟာလိဝုဒ္စံအိမ္ကို ၂၀၀၃ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁၂ သန္းျဖင့္ အေမရိကန္သရုပ္ေဆာင္ မင္းသမီး ဆယ္လာ ဝါ့ဒ္ထံမွ ဝယ္ယူခဲ့ျပီး ယခင္ ခ်စ္သူ ရစ္ခ်ီႏွင့္အတူ ေနထိုင္ခဲ့သည္။ အက်ယ္အဝန္း စတုရန္းေပ ၁၇၀၀၀ ရွိျပီး တင္းနစ္ကြင္း၊ ေရကူးကန္ႏွင့္ ဧည့္ေဂဟာအိမ္ ၂ လံုးလည္း ပါဝင္ေသာ အဆိုပါေနအိမ္ကို မက္ေဒါနားက ျပန္လည္ေရာင္းထုတ္ခဲ့ျပီးျဖစ္သည္။

(၃) မိုရာဂါ စပ်စ္ခင္း စံအိမ္

ေစ်းႏႈန္း- ကန္ေဒၚလာ ၂၈ ဒသမ ၈ သန္း

ေရာင္းခ်ေပးသူ- Coldwell Banker အိမ္ျခံေျမ ကုမၸဏီမွ အက်ဳိးေဆာင္ ဒယ္လ္ဖင္ မန္း

ကမၻာေက်ာ္ မီဒီယာလုပ္ငန္းရွင္ သူေဌးၾကီး ရူးပတ္ မားေဒါ့ခ်္ ဝယ္ယူခဲ့ေသာ မိုရာဂါ စံအိမ္မွာလည္း ေဟာလိဝုဒ္၏ ထိပ္တန္းသတင္းတစ္ပုဒ္ ျဖစ္ခဲ့သည္။ ျခံအက်ယ္အဝန္း ၁၃ ဧကရွိျပီး ပင္မေနအိမ္မွာ စတုရန္းေပ ၇၅၀၀ က်ယ္ဝန္းသည္။ ထူးျခားခ်က္မွာ ဝိုင္သိုေလွာင္သည့္ေနရာျဖစ္ျပီး စံအိမ္ကို ဝယ္ယူခဲ့စဥ္က ကန္ေဒၚလာ ၄ သန္းတန္ေၾကးရွိေသာ ဝိုင္ပုလင္းမ်ားလည္း ပါဝင္သည္ဟု ဆိုသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကမ္ဘာကျော် မီဒီယာလုပ်ငန်းရှင် ဘီလျံနာသူဌေးကြီး ရူးပတ် မားဒေါ့ချ်၊ ပေါ့ပ်နတ်ဖုရားမ မက်ဒေါနားနှင့် ဥဇဘက်ကစ္စတန်နိုင်ငံမှ သမ္မတ၏ သမီးဖြစ်သူတို့၏ ဟောလိဝုဒ်အိမ်ခြံ အရောင်းအဝယ် ၃ ခုသည် တချိန်က ဟောလိဝုဒ်၏ လူပြောအများခဲ့ဆုံး အိမ်ခြံမြေ အရောင်းအဝယ်များ ဖြစ်ခဲ့သည်။

(၁) လခြမ်းစံအိမ် (Le Palais The Crescent Place)

ဈေးနှုန်း- ကန်ဒေါ်လာ ၃၂ ဒသမ ၇၅ သန်း

ရောင်းချပေးသူ- Coldwell Banker အိမ်ခြံမြေ ကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော ဂျွိုက်စ်ရေးနှင့် စတေစီ ဂေါ့တူလာ

ဂျော်ဒန်လူမျိုး ကမ္ဘာကျော် အိမ်ခြံမြေ developer မိုဟာမက် ဟာဒစ်က ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ခဲ့သည့်စံအိမ်ဖြစ်သည်။ လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်တည်ရှိရာ ဘီဗာလီဟေးလ်အရပ်တွင် တည်ရှိပြီး စတုရန်းပေ ၄၈၀၀၀ ကျယ်ဝန်းသည့် ထုံးကျောက် စံအိမ်ဖြစ်သည်။ ဝယ်ယူခဲ့သူမှာ ဥဇဘက်ကစ္စတန်သမ္မတ၏ သမီးဖြစ်သူ လိုလာ ကာရီမိုဗာ တယ်လ်ယေးဗာ ဖြစ်သည်။

(၂) ပေါ့ပ် နတ်ဖုရားမ မက်ဒေါနား၏ ဟောလိဝုဒ်စံအိမ်

ဈေးနှုန်း- ကန်ဒေါ်လာ သန်း ၂၀

ရောင်းချပေးသူ- Westside Estate Agency မှ ကာ့ထ် ရက်ပါပေါ့ထ်နှင့် Sotheby's International Realty မှ ဘာရီ ပီလီ

မက်ဒေါနား၏ ဟောလိဝုဒ်စံအိမ် အရောင်းအဝယ်မှာလည်း တချိန်က ဟောလိဝုဒ်တွင် လူပြောအများဆုံး ဖြစ်ခဲ့သည်။ မက်ဒေါနားသည် ဟောလိဝုဒ်စံအိမ်ကို ၂၀၀၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၂ သန်းဖြင့် အမေရိကန်သရုပ်ဆောင် မင်းသမီး ဆယ်လာ ဝါ့ဒ်ထံမှ ဝယ်ယူခဲ့ပြီး ယခင် ချစ်သူ ရစ်ချီနှင့်အတူ နေထိုင်ခဲ့သည်။ အကျယ်အဝန်း စတုရန်းပေ ၁၇၀၀၀ ရှိပြီး တင်းနစ်ကွင်း၊ ရေကူးကန်နှင့် ဧည့်ဂေဟာအိမ် ၂ လုံးလည်း ပါဝင်သော အဆိုပါနေအိမ်ကို မက်ဒေါနားက ပြန်လည်ရောင်းထုတ်ခဲ့ပြီးဖြစ်သည်။

(၃) မိုရာဂါ စပျစ်ခင်း စံအိမ်

ဈေးနှုန်း- ကန်ဒေါ်လာ ၂၈ ဒသမ ၈ သန်း

ရောင်းချပေးသူ- Coldwell Banker အိမ်ခြံမြေ ကုမ္ပဏီမှ အကျိုးဆောင် ဒယ်လ်ဖင် မန်း

ကမ္ဘာကျော် မီဒီယာလုပ်ငန်းရှင် သူဌေးကြီး ရူးပတ် မားဒေါ့ချ် ဝယ်ယူခဲ့သော မိုရာဂါ စံအိမ်မှာလည်း ဟောလိဝုဒ်၏ ထိပ်တန်းသတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။ ခြံအကျယ်အဝန်း ၁၃ ဧကရှိပြီး ပင်မနေအိမ်မှာ စတုရန်းပေ ၇၅၀၀ ကျယ်ဝန်းသည်။ ထူးခြားချက်မှာ ဝိုင်သိုလှောင်သည့်နေရာဖြစ်ပြီး စံအိမ်ကို ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၄ သန်းတန်ကြေးရှိသော ဝိုင်ပုလင်းများလည်း ပါဝင်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service