အေရအေသြးျမင့္ေသာ တန္ဖိုးနည္းအိမ္ရာမ်ားျဖစ္လာဖို ့

အေရအေသြးျမင့္ေသာ တန္ဖိုးနည္းအိမ္ရာမ်ားျဖစ္လာဖို ့ - Property News in Myanmar from iMyanmarHouse.com
31 Jul 2019 12:41 pm တွင် တင်ခဲ့သည်
756 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ရန္ကုန္တုိင္းေဒသႀကီး အိမ္ရာစီမံကိန္းမ်ား ေရာင္းခ်ေရးေကာ္မတီက ၂၀၁၉ ခုႏွစ္ ဇြန္လ ၄ ရက္ ေန႔တြင္ တန္ဖိုးနည္းအိမ္ရာႏွင့္ တန္ဖိုးသင့္အိမ္ရာ အိမ္ခန္း စုစု ေပါင္း ၃၂၅ ခန္းကို ေရာင္းခ်ခဲ့ၿပီး ျဖစ္ေၾကာင္း၊ ထပ္မံ၍ အိမ္ခန္း ၂၀၀ ေက်ာ္ကို မၾကာမီ ေရာင္းခ်မည္ျဖစ္ေၾကာင္း၊ ထိုကဲ့သို႔ ေရာင္းခ်ရာတြင္ တန္ဖိုးနည္းအိမ္ရာအ တြက္ အိမ္ခန္းတန္ဖိုး၏ ၂၀ ရာခိုင္ႏႈန္းကို တစ္လံုးတည္းေပးသြင္းရမည္ျဖစ္ၿပီး တန္ဖိုးသင့္အိမ္ရာအတြက္ ၃၀ ရာခိုင္ႏႈန္း ေပးသြင္းရမည္ျဖစ္ေၾကာင္း၊ က်န္ေငြကို ေဆာက္လုပ္ေရး၊အိမ္ရာႏွင့္ အေျခခံအေဆာက္အအံု ဖြံ႕ၿဖိဳးေရးဘဏ္ (CHIDB) မွ အတိုးႏႈန္း ၈ ဒသမ ၅ ရာခုိင္ႏႈန္းျဖင့္ ေခ်းေငြရယူၿပီး ၁၅ ႏွစ္ကာလအတြင္း လစဥ္ အရစ္က်ေပးသြင္းရန္ျဖစ္ ေၾကာင္း အစရွိသည့္သတင္း မ်ားထြက္ေပၚလာျပီျဖစ္သည္။ တန္ဖိုးနည္းအိမ္ရာ အတိုးႏႈန္း ကို ၁၂ ရာခိုင္ႏႈန္းအစား အေသးစားႏွင့္ အလတ္စားလုပ္ငန္းမ်ား အတြက္ အတိုးႏႈန္းအတိုင္း ၈ ဒသမ ၅ ရာခုိင္ႏႈန္းသာရယူသင့္ သည္။ ယခုအခါ အတိုးႏႈန္း ၈ ဒသမ ၅ ရာခိုင္ ႏႈန္း အမွန္တကယ္ျဖစ္ေပၚလာျပီျဖစ္သည္။

ထို႔အျပင္ ေခ်းေငြျပန္လည္ေပးအပ္ရမည့္ကာလကို ၁၀ ႏွစ္မွ ၁၅ ႏွစ္သို႔ တိုးျမႇင့္ေပးျခင္းမွာလည္း လြန္စြာေကာင္းျမတ္ေသာ အစီအစဥ္ျဖစ္ပါသည္။ သို႔ေသာ္ တစ္လံုးတည္းေပးသြင္းေငြကို ၂၀ ရာခိုင္ႏႈန္း သတ္မွတ္ထားျခင္းမွာ ရန္ကုန္တုိင္းေဒသႀကီးမွ ေရာင္းရန္က်န္ရွိေသာ လက္က်န္တန္ဖိုးနည္းအိမ္ခန္းမ်ားအတြက္သာျဖစ္ ေၾကာင္းႏွင့္ အျခားတန္ဖိုးနည္း အိမ္ရာမ်ားအတြက္ ဗဟိုဘဏ္၏ ခြင့္ျပဳခ်က္ရရွိရန္ လိုအပ္ေနေသးေၾကာင္း သိရွိရသျဖင့္ ပိတ္ကား ေပၚတြင္ ဆက္ၾကည့္႐ႈၾကရဦး မည္ျဖစ္ေပသည္။ ဗဟိုဘဏ္ကိုလည္း တန္ဖိုးနည္းအိမ္ရာ စီမံကိန္းအားလံုးအတြက္ ၂၀ ရာခိုင္ႏႈန္း တစ္ေျပးညီ ဆက္လက္ခြင့္ျပဳေပးရန္ လိုအပ္မည္ျဖစ္သည္။

အတိုးႏႈန္းေလွ်ာ့ခ်မႈႏွင့္ ေခ်းေငြသက္တမ္းတုိးျမႇင့္ေပးမႈသည္ ဆင္းရဲႏြမ္းပါးေသာ အိမ္ရာမဲ့ျပည္ သူတုိ႔အား တန္ဖိုးနည္းအိမ္ရာ ဝယ္ယူရန္ ပိုမို၍ လက္လွမ္းမီလာ ေစမည္ျဖစ္၏။ လက္လွမ္းမမီွေသာ အိမ္ရာပန္းအလွကို ဆြတ္ခ်ဴႏိုင္ရန္အတြက္ ေခ်းေငြတံခ်ဴ ေကာင္းကို ေပးအပ္လိုက္သကဲ့သို႔ ရွိ၏။ တစ္နည္းအားျဖင့္ အတိုးႏႈန္းသက္သာေသာ ဘ႑ာေငြ တံတားႀကီး (Financial Bridge) ကို အသံုးျပဳ၍ မိမိတုိ႔ဝင္ေငြႏွင့္ အိမ္ခန္းေဈးႏႈန္း ကြာဟခ်က္ (Affordability Gap) တည္းဟူေသာ ေခ်ာက္ႀကီးအား လြယ္ကူစြာေက်ာ္ျဖတ္ၿပီး ဝယ္ယူခြင့္ရရွိလာၾကမည္ျဖစ္၏။ ဤအစီအစဥ္ ျဖစ္ေျမာက္လာျခင္းမွာ ဂ်ပန္ႏုိင္ငံ ၏ ODA ေခ်းေငြကို Two Step Loan အျဖစ္ရယူႏိုင္ခဲ့ျခင္း ေၾကာင့္ျဖစ္ေၾကာင္း သိရွိရေပသည္။ ဂ်ပန္ႏုိင္ငံသည္ အတုိးႏႈန္း ၀ ဒသမ ၀၁ ရာခုိင္ႏႈန္းမွ်သာေပးရမည့္ ဘ႑ာေငြတံတားႀကီးျဖင့္ တန္ဖိုးနည္းအိမ္ရာဝယ္ယူမည့္ ဝင္ေငြနည္းျပည္သူမ်ားကို ကူညီေပးသကဲ့သို႔ရွိ၏။

ေယဘုယ်အားျဖင့္ ဝင္ေငြႏွင့္ လက္လွမ္းမီေစရန္ ဝင္ေငြနည္းသူအတြက္ဆိုလွ်င္ အိမ္ခန္းတန္ဖိုးနည္းေစရမည္။ ဝင္ေငြအသင့္အတင့္ရွိသူအတြက္ဆုိလွ်င္ တန္ဖိုးသင့္ တင့္မွ်တေစရမည္ဟု ဆုိႏုိင္၏။ သို႔ေသာ္ တန္ဖိုးနည္းလွ်င္ၿပီးေရာ ဟူေသာ ေဆာက္လုပ္မႈကို လံုးဝလက္မခံႏုိင္ေပ။ ထို႔ေၾကာင့္ ဝင္ေငြနည္းျပည္ သူတုိ႔ ဝင္ေငြႏွင့္ လက္လွမ္းမီၿပီး အရည္အေသြး ေကာင္းမြန္ေသာ အိမ္ရာ (Affordable and Adequate Housing) ဟု စကား ရပ္ႏွစ္ခု အထူးျပဳယွဥ္တြဲ၍ ေခၚ ဆိုခဲ့ၾကေၾကာင္း ေတြ႕ရွိရေပသည္။

ျမန္မာႏုိင္ငံတြင္ တပ္မေတာ္အစိုးရလက္ထက္ စီးပြားေရး တံခါးဖြင့္ဝါဒကို စတင္က်င့္သံုး ေသာ အခ်ိန္ကာလ၌ ျပည္တြင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္ အေျမာက္အျမား ေပၚထြန္းလာ၏။ စာေရးသူတို႔က ၎တုိ႔အား တန္ဖိုးနည္းလုပ္ငန္းရွင္ႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းရွင္ဟု ႏွစ္မ်ိဳးခြဲၿပီး ေခၚဆို မႈမ်ား ရွိခဲ့၏။ အရည္အေသြးႏွင့္ လက္ရာညံ့ေသာ လုပ္ငန္းရွင္အားကုန္က်မႈ တန္ဖိုးနည္းနည္းျဖင့္ အျမတ္မ်ားမ်ား ရွာတတ္ေသာ တန္ဖိုးနည္းလုပ္ငန္းရွင္ (Low Cost Contractor) ဟုေခၚဆိုၾက ၿပီး အရည္အေသြးေကာင္းၿပီး အေတြ႕အႀကံဳ ရင့္က်က္မႈရွိေသာ လုပ္ငန္းရွင္အား ဖြံ႕ၿဖိဳးေရးလုပ္ငန္းရွင္ (Developer) ဟု ျမန္မာ့နည္း ျမန္မာ့ဟန္ျဖင့္ ကင္ပြန္းတပ္ ခဲ့သည္ကို အမွတ္ရမိပါသည္။

မ်က္ေမွာက္ေခတ္၌ အထက္ပါ Affordable and Adequate Housing ၏ သေဘာသဘာဝကို နားလည္သေဘာေပါက္ၿပီး အရည္အေသြးႏွစ္ရပ္စလံုး မွ်တေအာင္ ေဖာ္ေဆာင္ေပးႏုိင္ေသာ ကန္ထ႐ိုက္တာမ်ား အားလံုးသည္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းရွင္ (De-veloper) မ်ား ျဖစ္လာၾကၿပီဟု ဆိုရမည္ျဖစ္ေပသည္။ သို႔ေသာ္ စုန္း ျပဴးမ်ားက ရွိေနေသး၏။

ျမန္မာႏိုင္ငံတစ္ဝန္း တန္ဖိုးနည္းအိမ္ရာအခ်ိဳ႕တြင္ အရည္အေသြးညံ့ဖ်င္းမႈမ်ားရွိလာေၾကာင္း ဝယ္ယူေနထိုင္ၾကေသာ ျပည္သူမ်ား၏ ရင္ဖြင့္သံမ်ားကို ၾကားေနရၿပီျဖစ္၏။ ယခင္အစိုးရလက္ထက္တည္ေဆာက္ခဲ့ေသာ မဟာဗႏၶဳလအငွားအိမ္ရာသည္ အရည္အေသြးအညံ့ဖ်င္းဆံုးျဖစ္၏။ မည္မွ်ညံ့ဖ်င္းသနည္းဆိုလွ်င္ လူေနအိမ္ကို လူေန၍ မရေလာက္ေအာင္ ညံ့ဖ်င္းလွ၏။ အစိုးရအေျပာင္းအလဲျပဳလုပ္ၿပီး တစ္ႏွစ္ေက်ာ္သည္အထိ ျပင္မဆံုးႏုိင္ေအာင္ရွိခဲ့၏။ လက္ရွိ အစိုးရလက္ထက္ ေဆာက္လုပ္ေသာ တန္ဖိုးနည္းအိမ္ရာ အခ်ိဳ႕တြင္ လည္း အရည္အေသြးညံ့ဖ်င္းမႈ မ်ား ႀကံဳေတြ႕လာရေၾကာင္းသိရွိရ၏။ သို႔ေသာ္ မဟာဗႏၶဳလအိမ္ ရာေလာက္ေတာ့ မဆိုးေသးဟုဆုိႏုိင္၏။ မည္သို႔ဆိုေစ ODA Loan ျဖင့္ ေဆာက္လုပ္ေသာ တန္ဖိုးနည္းအိမ္ရာမ်ားကို အရည္အေသြးေကာင္းမြန္ေသာ အိမ္ရာမ်ား ျဖစ္ေပၚလာေစရန္အတြက္ JICA ၏ အစီအစဥ္ျဖင့္ နည္းပညာ အကူအညီေပးမည္ျဖစ္ေၾကာင္း သိရွိရေပသည္။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများ ရောင်းချရေးကော်မတီက ၂၀၁၉ ခုနှစ် ဇွန်လ ၄ ရက် နေ့တွင် တန်ဖိုးနည်းအိမ်ရာနှင့် တန်ဖိုးသင့်အိမ်ရာ အိမ်ခန်း စုစု ပေါင်း ၃၂၅ ခန်းကို ရောင်းချခဲ့ပြီး ဖြစ်ကြောင်း၊ ထပ်မံ၍ အိမ်ခန်း ၂၀၀ ကျော်ကို မကြာမီ ရောင်းချမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရောင်းချရာတွင် တန်ဖိုးနည်းအိမ်ရာအ တွက် အိမ်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို တစ်လုံးတည်းပေးသွင်းရမည်ဖြစ်ပြီး တန်ဖိုးသင့်အိမ်ရာအတွက် ၃၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း၊ ကျန်ငွေကို ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHIDB) မှ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေရယူပြီး ၁၅ နှစ်ကာလအတွင်း လစဉ် အရစ်ကျပေးသွင်းရန်ဖြစ် ကြောင်း အစရှိသည့်သတင်း များထွက်ပေါ်လာပြီဖြစ်သည်။ တန်ဖိုးနည်းအိမ်ရာ အတိုးနှုန်း ကို ၁၂ ရာခိုင်နှုန်းအစား အသေးစားနှင့် အလတ်စားလုပ်ငန်းများ အတွက် အတိုးနှုန်းအတိုင်း ၈ ဒသမ ၅ ရာခိုင်နှုန်းသာရယူသင့် သည်။ ယခုအခါ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင် နှုန်း အမှန်တကယ်ဖြစ်ပေါ်လာပြီဖြစ်သည်။

ထို့အပြင် ချေးငွေပြန်လည်ပေးအပ်ရမည့်ကာလကို ၁၀ နှစ်မှ ၁၅ နှစ်သို့ တိုးမြှင့်ပေးခြင်းမှာလည်း လွန်စွာကောင်းမြတ်သော အစီအစဉ်ဖြစ်ပါသည်။ သို့သော် တစ် လုံးတည်းပေးသွင်းငွေကို ၂၀ ရာခိုင်နှုန်း သတ်မှတ်ထားခြင်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ ရောင်းရန်ကျန်ရှိသော လက်ကျန်တန်ဖိုးနည်းအိမ်ခန်းများအတွက်သာဖြစ် ကြောင်းနှင့် အခြားတန်ဖိုးနည်း အိမ်ရာများအတွက် ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိရန် လိုအပ်နေသေးကြောင်း သိရှိရသဖြင့် ပိတ်ကား ပေါ်တွင် ဆက်ကြည့်ရှုကြရဦး မည်ဖြစ်ပေသည်။ ဗဟိုဘဏ်ကိုလည်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအားလုံးအတွက် ၂၀ ရာခိုင်နှုန်း တစ်ပြေးညီ ဆက်လက်ခွင့်ပြုပေးရန် လိုအပ်မည်ဖြစ်သည်။ အတိုးနှုန်းလျှော့ချမှုနှင့် ချေးငွေသက်တမ်းတိုးမြှင့်ပေးမှုသည် ဆင်းရဲနွမ်းပါးသော အိမ်ရာမဲ့ပြည် သူတို့အား တန်ဖိုးနည်းအိမ်ရာ ဝယ်ယူရန် ပိုမို၍ လက်လှမ်းမီလာ စေမည်ဖြစ်၏။ လက်လှမ်းမမှီသော အိမ်ရာပန်းအလှကို ဆွတ်ချူနိုင်ရန်အတွက် ချေးငွေတံချူ ကောင်းကို ပေးအပ်လိုက်သကဲ့သို့ ရှိ၏။ တစ်နည်းအားဖြင့် အတိုး နှုန်းသက်သာသော ဘဏ္ဍာငွေ တံတားကြီး (Financial Bridge) ကို အသုံးပြု၍ မိမိတို့ဝင်ငွေနှင့် အိမ်ခန်းဈေးနှုန်း ကွာဟချက် (Affordability Gap) တည်းဟူ သော ချောက်ကြီးအား လွယ်ကူစွာကျော်ဖြတ်ပြီး ဝယ်ယူခွင့်ရရှိလာကြမည်ဖြစ်၏။ ဤအစီအစဉ် ဖြစ်မြောက်လာခြင်းမှာ ဂျပန်နိုင်ငံ ၏ ODA ချေးငွေကို Two Step Loan အဖြစ်ရယူနိုင်ခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း သိရှိရပေသည်။ ဂျပန်နိုင်ငံသည် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းမျှသာပေးရမည့် ဘဏ္ဍာငွေတံတားကြီးဖြင့် တန်ဖိုးနည်းအိမ်ရာဝယ်ယူမည့် ဝင်ငွေနည်းပြည်သူများကို ကူညီပေးသကဲ့သို့ရှိ၏။

ယေဘုယျအားဖြင့် ဝင်ငွေနှင့် လက်လှမ်းမီစေရန် ဝင်ငွေနည်းသူအတွက်ဆိုလျှင် အိမ်ခန်းတန်ဖိုးနည်းစေရမည်။ ဝင်ငွေအသင့်အတင့်ရှိသူအတွက်ဆိုလျှင် တန်ဖိုးသင့် တင့်မျှတစေရမည်ဟု ဆိုနိုင်၏။ သို့သော် တန်ဖိုးနည်းလျှင်ပြီးရော ဟူသော ဆောက်လုပ်မှုကို လုံးဝလက်မခံနိုင်ပေ။ ထို့ကြောင့် ဝင်ငွေနည်းပြည် သူတို့ ဝင်ငွေနှင့် လက်လှမ်းမီပြီး အရည်အသွေး ကောင်းမွန်သော အိမ်ရာ (Affordable and Adequate Housing) ဟု စကား ရပ်နှစ်ခု အထူးပြုယှဉ်တွဲ၍ ခေါ် ဆိုခဲ့ကြကြောင်း တွေ့ရှိရပေသည်။

မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရလက်ထက် စီးပွားရေး တံခါးဖွင့်ဝါဒကို စတင်ကျင့်သုံး သော အချိန်ကာလ၌ ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် အ မြောက်အမြား ပေါ်ထွန်းလာ၏။ စာရေးသူတို့က ၎င်းတို့အား တန်ဖိုးနည်းလုပ်ငန်းရှင်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းရှင်ဟု နှစ်မျိုးခွဲပြီး ခေါ်ဆို မှုများ ရှိခဲ့၏။ အရည်အသွေးနှင့် လက်ရာညံ့သော လုပ်ငန်းရှင်အားကုန်ကျမှု တန်ဖိုးနည်းနည်းဖြင့် အမြတ်များများ ရှာတတ်သော တန်ဖိုးနည်းလုပ်ငန်းရှင် (Low Cost Contractor) ဟုခေါ်ဆိုကြ ပြီး အရည်အသွေးကောင်းပြီး အတွေ့အကြုံ ရင့်ကျက်မှုရှိသော လုပ်ငန်းရှင်အား ဖွံ့ဖြိုးရေးလုပ်ငန်းရှင် (Developer) ဟု မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ကင်ပွန်းတပ် ခဲ့သည်ကို အမှတ်ရမိပါသည်။

မျက်မှောက်ခေတ်၌ အထက်ပါ Affordable and Adequate Housing ၏ သဘောသဘာဝကို နားလည်သဘောပေါက်ပြီး အရည်အသွေးနှစ်ရပ်စလုံး မျှတအောင် ဖော်ဆောင်ပေးနိုင်သော ကန်ထရိုက်တာများ အားလုံးသည် ဖွံ့ဖြိုးရေးလုပ်ငန်းရှင် (De-veloper) များ ဖြစ်လာကြပြီဟု ဆို ရမည်ဖြစ်ပေသည်။ သို့သော် စုန်း ပြူးများက ရှိနေသေး၏။

မြန်မာနိုင်ငံတစ်ဝန်း တန်ဖိုးနည်းအိမ်ရာအချို့တွင် အရည်အသွေးညံ့ဖျင်းမှုများရှိလာကြောင်း ဝယ်ယူနေထိုင်ကြသော ပြည်သူများ၏ ရင်ဖွင့်သံများကို ကြားနေ ရပြီဖြစ်၏။ ယခင်အစိုးရလက်ထက်တည်ဆောက်ခဲ့သော မဟာဗန္ဓုလအငှားအိမ်ရာသည် အရည်အသွေးအညံ့ဖျင်းဆုံးဖြစ်၏။ မည်မျှညံ့ဖျင်းသနည်းဆိုလျှင် လူနေအိမ်ကို လူနေ၍ မရလောက်အောင် ညံ့ဖျင်းလှ၏။ အစိုးရအပြောင်းအလဲပြုလုပ်ပြီး တစ်နှစ်ကျော်သည်အထိ ပြင်မဆုံးနိုင်အောင်ရှိခဲ့၏။ လက်ရှိ အစိုးရလက်ထက် ဆောက်လုပ်သော တန်ဖိုးနည်းအိမ်ရာ အချို့တွင် လည်း အရည်အသွေးညံ့ဖျင်းမှု များ ကြုံတွေ့လာရကြောင်း သိရှိရ၏။ သို့သော် မဟာဗန္ဓုလအိမ် ရာလောက်တော့ မဆိုးသေးဟု ဆိုနိုင်၏။ မည်သို့ဆိုစေ ODA Loan ဖြင့် ဆောက်လုပ်သော တန်ဖိုးနည်းအိမ်ရာများကို အရည်အသွေးကောင်းမွန်သော အိမ်ရာများ ဖြစ်ပေါ်လာစေရန်အတွက် JICA ၏ အစီအစဉ်ဖြင့် နည်းပညာ အကူအညီပေးမည်ဖြစ်ကြောင်း သိရှိရပေသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
CarsDB
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service