၂၀၂၀ တြင္ စစ္ေတြၿမိဳ႕သစ္စီမံကိန္းကုိ စတင္ေဆာင္ရြက္ႏုိင္ရန္ မေလးရွားကုမၸဏီကို ျပည္နယ္အစုိးရက ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ထံ ခြင့္ျပဳခ်က္ယူရန္ ၫႊန္ၾကား

၂၀၂၀ တြင္ စစ္ေတြၿမိဳ႕သစ္စီမံကိန္းကုိ စတင္ေဆာင္ရြက္ႏုိင္ရန္ မေလးရွားကုမၸဏီကို ျပည္နယ္အစုိးရက ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ထံ ခြင့္ျပဳခ်က္ယူရန္ ၫႊန္ၾကား - Property News in Myanmar from iMyanmarHouse.com
29 Jul 2019 12:42 pm တွင် တင်ခဲ့သည်
1401 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

၂၀၂၀ တြင္ ကန္ေဒၚလာ ၃၈ ဘီလီယံတန္ဖုိး ရင္းႏွီးျမႇဳပ္ႏွံမည္ဆုိေသာ စစ္ေတြၿမိဳ႕သစ္စီမံကိန္းကုိစတင္ႏိုင္ရန္ မေလးရွားကုမၸဏီက ျပည္နယ္လႊတ္ေတာ္ႏွင့္အစုိးရထံ ဒုတိယအႀကိမ္ တင္ျပခဲ့ရာ ျပည္နယ္အစုိးရက ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ထံ ခြင့္ျပဳခ်က္ယူရန္ညႊန္ၾကားခဲ့ေၾကာင္းသိရသည္။

မေလးရွားကုမၸဏီ Gold Coast KTMG Development တစ္ခုက စစ္ေတြၿမိဳ႕အနီး၌ ေျမဧက ၇,၀၀၀ တြင္ စစ္ေတြၿမိဳ႕သစ္စီမံကိန္း (New Sittwe Myanmar City 2030) ကုိ အေကာင္အထည္ေဖာ္ရန္ ျပည္နယ္အစုိးရထံ ၂၀၁၈ တြင္စတင္တင္ျပခဲ့ေၾကာင္း၊ဇူလုိင္ ၂၆ ရက္တြင္ ဒုတိယအႀကိမ္ ရခုိင္ျပည္နယ္လႊတ္ေတာ္ ဥကၠ႒ႏွင့္ ဒုတိယဥကၠ႒ထံ လာေရာက္ရွင္းျပခဲ့ေၾကာင္းသိရသည္။

မေလးရွားအမ်ိဳးသမီး YEAP POH HOOI က ဒါ႐ုိက္တာအျဖစ္ အမည္စာရင္းသြင္းထားၿပီး ကုမၸဏီကုိ ႏုိင္ငံျခားပုိင္ကုမၸဏီအမည္ျဖင့္ မွတ္ပုံတင္ထားေၾကာင္း၊ ျပင္သစ္ေနာက္ခံ ကုမၸဏီလုိ႔ ေျပာထားေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္တြင္ရင္းႏွီးျမွဳပ္ႏွံမႈလုပ္မည့္စီမံကိန္းမ်ားတြင္ ယခုစီမံကိန္းအေကာင္အထည္ေဖာ္ျဖစ္ပါက လက္ရွိေဒသတြင္းအႀကီးမားဆုံးစီမံကိန္း တစ္ခုျဖစ္ေသာ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း၏ ရင္းႏွီးျမႇဳပ္ႏွံမႈတန္ဖုိးထက္ပင္ ငါးဆေက်ာ္ရွိေနၿပီး ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းသည္ ေဒၚလာ ၇ ဒသမ ၃ ဘီလီယံတန္ဖုိးရွိေၾကာင္း သိရသည္။

အဆုိပါစီမံကိန္းႏွင့္ပတ္သက္ၿပီး လႊတ္ေတာ္ကုိလာေရာက္ရွင္းျပျခင္းျဖစ္ကာ ျပည္ေထာင္စုအစုိးရထံမွ ခြင့္ျပဳခ်က္ မယူရေသးေၾကာင္း၊၂၀၁၈ တြင္ စတင္ႀကိဳးစားျခင္းျဖစ္ၿပီး ပထမအႀကိမ္ ေတြ႔ဆုံမႈအၿပီး စီမံကိန္းကုိ အေသးစိတ္ေလ့လာရန္ ျပည္နယ္အစုိးရက ကုမၸဏီကုိ ၫႊန္ၾကားခဲ့ေၾကာင္း၊ျပည္နယ္အစုိးရထံ လာေရာက္ရွင္းျပစဥ္ အဆုိပါ စီမံကိန္း၌ အိမ္ရာစီမံကိန္း၊ စီးပြားေရးဇုန္၊အႀကီးစားစက္မႈလုပ္ငန္း၊ ဆိပ္ကမ္းႏွင့္ေရနံလုပ္ငန္းမ်ား ပါ၀င္ေၾကာင္းသိရသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနတြင္ Gold Coast KTMG Development (ျမန္မာ) ကုမၸဏီအမည္ျဖင့္ မွတ္ပုံတင္ထားၿပီး မေလးရွားအေျခစုိက္ျဖစ္ေၾကာင္းသိရသည္။

စီမံကိန္းကုိ စစ္ေတြၿမိဳ႕အနီး ဆတ္႐ုိးက်ေခ်ာင္းတစ္ဖက္ ေရႊမင္းဂံႏွင့္ေက်းေတာ ေက်းရြာတြင္ ကုမၸဏီ က ေရြးခ်ယ္ထားေၾကာင္း၊၂၀၁၈ တြင္ စီမံကိန္းျဖစ္ႏုိင္ေျခေလ့လာျခင္း ႏွင့္ အလြတ္သေဘာစစ္တမ္းေကာက္ ယူျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

ကိုေမတၱာ (ေတာင္ေပၚသား) မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

၂၀၂၀ တွင် ကန်ဒေါ်လာ ၃၈ ဘီလီယံတန်ဖိုး ရင်းနှီးမြှုပ်နှံမည်ဆိုသော စစ်တွေမြို့သစ်စီမံကိန်းကိုစတင်နိုင်ရန် မလေးရှားကုမ္ပဏီက ပြည်နယ်လွှတ်တော်နှင့်အစိုးရထံ ဒုတိယအကြိမ် တင်ပြခဲ့ရာ ပြည်နယ်အစိုးရက ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ ခွင့်ပြုချက်ယူရန်ညွှန်ကြားခဲ့ကြောင်းသိရသည်။

မလေးရှားကုမ္ပဏီ Gold Coast KTMG Development တစ်ခုက စစ်တွေမြို့အနီး၌ မြေဧက ၇,၀၀၀ တွင် စစ်တွေမြို့သစ်စီမံကိန်း (New Sittwe Myanmar City 2030) ကို အကောင်အထည်ဖော်ရန် ပြည်နယ် အစိုးရထံ ၂၀၁၈ တွင်စတင်တင်ပြခဲ့ကြောင်း၊ဇူလိုင် ၂၆ ရက်တွင် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌထံ လာရောက်ရှင်းပြခဲ့ကြောင်းသိရသည်။

မလေးရှားအမျိုးသမီး YEAP POH HOOI က ဒါရိုက်တာအဖြစ် အမည်စာရင်းသွင်းထားပြီး ကုမ္ပဏီကို နိုင်ငံခြားပိုင်ကုမ္ပဏီအမည်ဖြင့် မှတ်ပုံတင်ထားကြောင်း၊ ပြင်သစ်နောက်ခံ ကုမ္ပဏီလို့ ပြောထားကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင်ရင်းနှီးမြှုပ်နှံမှုလုပ်မည့်စီမံကိန်းများတွင် ယခုစီမံကိန်းအကောင်အထည်ဖော်ဖြစ်ပါက လက်ရှိဒေသတွင်းအကြီးမားဆုံးစီမံကိန်း တစ်ခုဖြစ်သော ကျောက်ဖြူရေနက်ဆိပ်ကမ်း၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးထက်ပင် ငါးဆကျော်ရှိနေပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံတန်ဖိုးရှိကြောင်း သိရသည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုလာရောက်ရှင်းပြခြင်းဖြစ်ကာ ပြည်ထောင်စုအစိုးရထံမှ ခွင့်ပြုချက် မယူရသေးကြောင်း၊၂၀၁၈ တွင် စတင်ကြိုးစားခြင်းဖြစ်ပြီး ပထမအကြိမ် တွေ့ဆုံမှုအပြီး စီမံကိန်းကို အသေးစိတ်လေ့လာရန် ပြည်နယ်အစိုးရက ကုမ္ပဏီကို ညွှန်ကြားခဲ့ကြောင်း၊ပြည်နယ်အစိုးရထံ လာရောက်ရှင်းပြစဉ် အဆိုပါ စီမံကိန်း၌ အိမ်ရာစီမံကိန်း၊ စီးပွားရေးဇုန်၊အကြီးစားစက်မှုလုပ်ငန်း၊ ဆိပ်ကမ်းနှင့်ရေနံလုပ်ငန်းများ ပါဝင်ကြောင်းသိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် Gold Coast KTMG Development (မြန်မာ) ကုမ္ပဏီအမည်ဖြင့် မှတ်ပုံတင်ထားပြီး မလေးရှားအခြေစိုက်ဖြစ်ကြောင်းသိရသည်။

စီမံကိန်းကို စစ်တွေမြို့အနီး ဆတ်ရိုးကျချောင်းတစ်ဖက် ရွှေမင်းဂံနှင့်ကျေးတော ကျေးရွာတွင် ကုမ္ပဏီ က ရွေးချယ်ထားကြောင်း၊၂၀၁၈ တွင် စီမံကိန်းဖြစ်နိုင်ခြေလေ့လာခြင်း နှင့် အလွတ်သဘောစစ်တမ်းကောက် ယူခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service