ပင္လယ္ေကြ႔ႏိုင္ငံမ်ားတြင္ ၂၀၁၉ ခုႏွစ္ ပထမ ၆ လအတြင္း ေဆာက္လုပ္ေရးစီမံကိန္းမ်ား ကန္ေဒၚလာ ၁၂၅ ဘီလီယံဖိုးအထိ အေကာင္အထည္ေဖာ္ခဲ့

ပင္လယ္ေကြ႔ႏိုင္ငံမ်ားတြင္ ၂၀၁၉ ခုႏွစ္ ပထမ ၆ လအတြင္း ေဆာက္လုပ္ေရးစီမံကိန္းမ်ား ကန္ေဒၚလာ ၁၂၅ ဘီလီယံဖိုးအထိ အေကာင္အထည္ေဖာ္ခဲ့ - Property News in Myanmar from iMyanmarHouse.com
26 Jul 2019 12:08 pm တွင် တင်ခဲ့သည်
896 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ပင္လယ္ေကြ႔ ပူးေပါင္းေဆာင္ရြက္ေရး အဖြဲ႔ဝင္ႏိုင္ငံမ်ား (GCC ) တြင္ ၂၀၁၉ ခုႏွစ္ ပထမ ၆ လအတြင္း ကန္ေဒၚလာ ၁၂၅ ဘီလီယံဖိုးရွိ ေဆာက္လုပ္ေရးစီမံကိန္းသစ္မ်ား ေဆာက္လုပ္ရန္ ေၾကညာမႈမ်ားရွိခဲ့ကာ ဒုတိယႏွစ္ဝက္တြင္ ကန္ေဒၚလာ ၆၃ ဒသမ ၅ ဘီလီယံဖိုးေဆာက္လုပ္ရန္ ေၾကညာခဲ့မႈလည္း ပါဝင္ေၾကာင္း အေရွ႕အလယ္ပိုင္းအေျခစိုက္ စီးပြားေရးသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

GCC အဖြဲ႔ဝင္ႏိုင္ငံမ်ားမွာ ေဆာ္ဒီအာေရးဗီးယား၊ ကူဝိတ္၊ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု၊ ကာတာ၊ ဘာရိန္းႏွင့္ အိုမန္တို႔ ျဖစ္ၾကသည္။

အထက္ပါ စီမံကိန္းမ်ားမွာ ပင္လယ္ေကြ႔ႏိုင္ငံမ်ားတြင္ အေကာင္အထည္ေဖာ္ေနသည့္ စီမံကိန္းေပါင္း ၂၇၀၀၀ (တန္ေၾကးအားျဖင့္ ကန္ေဒၚလာ ၂ ဒသမ ၅၂ ထရီလီယံ) တြင္ ပါဝင္ေၾကာင္း အေရွ႕အလယ္ပိုင္း ေဆာက္လုပ္ေရးသတင္းအခ်က္အလက္မ်ား တင္ျပသည့္ BNC Group ၏ ေနာက္ဆံုးအစီရင္ခံစာတြင္ ေဖာ္ျပသည္။

ကန္ေဒၚလာ ၆၃ ဒသမ ၅ ဘီလီယံဖိုး စီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္မႈတြင္ ေဆာ္ဒီအာေရးဗီးယားသည့္ ထိပ္ဆံုးမွျဖစ္ျပီး ဒုတိယႏွစ္ဝက္တြင္ အေကာင္အထည္ေဖာ္မည့္ စီမံကိန္းစုစုေပါင္း၏ ၅၀ ရာခိုင္ႏႈန္းေက်ာ္ကို ေဆာ္ဒီတြင္ အေကာင္အထည္ေဖာ္မည္ ျဖစ္သည္။

၂၀၁၉ ခုႏွစ္၊ ပထမႏွစ္ဝက္အတြင္း ပင္လယ္ေကြ႔ႏိုင္ငံမ်ားတြင္ စီမံကိန္းအေကာင္အထည္ေဖာ္ေနသူမ်ားကို ေဆာက္လုပ္ေရး စီမံကိန္းသစ္မ်ား ခ်ထားေပးမႈမွာ ကန္ေဒၚလာ ၄၉ ဘီလီယံဖိုးရွိရာ ၂၀၁၈ ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္လွ်င္ ၃၃ ရာခိုင္ႏႈန္းခန္႔ ျမင့္တက္လာသည္။

BNC Group ၏ အမႈေဆာင္အရာရွိခ်ဳပ္ အားဗင္ ဂက္ဒ္ဝါးနီက ေျပာၾကားရာတြင္ “ပင္လယ္ေကြ႔ႏိုင္ငံေတြက စီမံကိန္းေတြကို ၂၀၁၉ ခုႏွစ္၊ ပထမႏွစ္ဝက္အတြင္းမွာ ေပးအပ္ခဲ့တာျဖစ္ျပီး ၂၀၁၈ ခုႏွစ္၊ ဒုတိယႏွစ္ဝက္က စီမံကိန္းေတြလည္း ဆက္လက္အေကာင္အထည္ ေဖာ္ေနခဲ့ပါတယ္။ ယခုႏွစ္ ပထမႏွစ္ဝက္အတြင္း စီမံကိန္းေတြ ခ်ထားေပးမႈဟာ ပိုမိုလ်င္ျမန္လာခဲ့တယ္”ဟု ဆိုသည္။

“BNC ရဲ႕ ေနာက္ဆံုး ေဆာက္လုပ္ေရးသတင္းအခ်က္အလက္ အစီရင္ခံစာမွာ အားေကာင္းေနတဲ့ ေဆာက္လုပ္ေရးက႑က အခ်က္အလက္ေတြ ေဖာ္ျပေပးထားပါတယ္။ စီမံကိန္းသစ္ ေၾကညာမႈေတြသာမကဘဲ ေဆာက္လုပ္ေရးစီမံကိန္းသစ္ သေဘာတူညီမႈေတြ၊ စီမံကိန္းအျပီးသတ္မႈေတြကိုလည္း ေပးအပ္ထားပါတယ္။ ေဒသတြင္း ပထဝီႏိုင္ငံေရး တင္းမာမႈနဲ႔ ကမၻာလံုးဆိုင္ရာ စီးပြားေရးဖြံ႔ျဖိဳးမႈ ေႏွးေကြးမယ္ဆိုတဲ့ ေဟာကိန္းေတြ အပါအဝင္ စိန္ေခၚမႈေတြ ရွိေနေပမယ့္ ေဆာက္လုပ္ေရး လုပ္ငန္းေတြဟာ အရွိန္ရေနပါတယ္”ဟု ၎က ျဖည့္စြက္ေျပာၾကားသည္။

ပင္လယ္ေကြ႔ႏိုင္ငံမ်ားတြင္ ပထမႏွစ္ဝက္ကာလအတြင္း ကန္ေဒၚလာ ၈၈ ဒသမ ၅ ဘီလီယံဖိုး ေဆာက္လုပ္ျပီးစီးေသာ စီမံကိန္းမ်ား ရွိခဲ့သည္။

ဒုတိယသံုးလပတ္ကာလအတြင္း စီးပြားေရးနယ္ပယ္အားလံုးတြင္ ေဆာက္လုပ္ေရးစီမံကိန္းမ်ား ျပီးစီးမႈမွာ ကန္ေဒၚလာ ၄၆ ဒသမ ၅ ဘီလီယံဖိုးရွိျပီး အဆိုပါပမာဏတြင္ ျမိဳ႕ျပေဆာက္လုပ္ေရးက႑မွာ စုစုေပါင္းတန္ဖိုး၏ ၄၆ ရာခိုင္ႏႈန္းအထိ ရွိေနသည္။

ယင္းတို႔အနက္ အမ်ားစုမွာ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုတြင္ ျဖစ္သည္ဟု ဆိုသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများ (GCC ) တွင် ၂၀၁၉ ခုနှစ် ပထမ ၆ လအတွင်း ကန်ဒေါ်လာ ၁၂၅ ဘီလီယံဖိုးရှိ ဆောက်လုပ်ရေးစီမံကိန်းသစ်များ ဆောက်လုပ်ရန် ကြေညာမှုများရှိခဲ့ကာ ဒုတိယနှစ်ဝက်တွင် ကန်ဒေါ်လာ ၆၃ ဒသမ ၅ ဘီလီယံဖိုးဆောက်လုပ်ရန် ကြေညာခဲ့မှုလည်း ပါဝင်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် စီးပွားရေးသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

GCC အဖွဲ့ဝင်နိုင်ငံများမှာ ဆော်ဒီအာရေးဗီးယား၊ ကူဝိတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကာတာ၊ ဘာရိန်းနှင့် အိုမန်တို့ ဖြစ်ကြသည်။

အထက်ပါ စီမံကိန်းများမှာ ပင်လယ်ကွေ့နိုင်ငံများတွင် အကောင်အထည်ဖော်နေသည့် စီမံကိန်းပေါင်း ၂၇၀၀၀ (တန်ကြေးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅၂ ထရီလီယံ) တွင် ပါဝင်ကြောင်း အရှေ့အလယ်ပိုင်း ဆောက်လုပ်ရေးသတင်းအချက်အလက်များ တင်ပြသည့် BNC Group ၏ နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြသည်။

ကန်ဒေါ်လာ ၆၃ ဒသမ ၅ ဘီလီယံဖိုး စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်မှုတွင် ဆော်ဒီအာရေးဗီးယားသည့် ထိပ်ဆုံးမှဖြစ်ပြီး ဒုတိယနှစ်ဝက်တွင် အကောင်အထည်ဖော်မည့် စီမံကိန်းစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်ကို ဆော်ဒီတွင် အကောင်အထည်ဖော်မည် ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ပင်လယ်ကွေ့နိုင်ငံများတွင် စီမံကိန်းအကောင်အထည်ဖော်နေသူများကို ဆောက်လုပ်ရေး စီမံကိန်းသစ်များ ချထားပေးမှုမှာ ကန်ဒေါ်လာ ၄၉ ဘီလီယံဖိုးရှိရာ ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၃၃ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်။

BNC Group ၏ အမှုဆောင်အရာရှိချုပ် အားဗင် ဂက်ဒ်ဝါးနီက ပြောကြားရာတွင် “ပင်လယ်ကွေ့နိုင်ငံတွေက စီမံကိန်းတွေကို ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်အတွင်းမှာ ပေးအပ်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဒုတိယနှစ်ဝက်က စီမံကိန်းတွေလည်း ဆက်လက်အကောင်အထည် ဖော်နေခဲ့ပါတယ်။ ယခုနှစ် ပထမနှစ်ဝက်အတွင်း စီမံကိန်းတွေ ချထားပေးမှုဟာ ပိုမိုလျင်မြန်လာခဲ့တယ်”ဟု ဆိုသည်။

“BNC ရဲ့ နောက်ဆုံး ဆောက်လုပ်ရေးသတင်းအချက်အလက် အစီရင်ခံစာမှာ အားကောင်းနေတဲ့ ဆောက်လုပ်ရေးကဏ္ဍက အချက်အလက်တွေ ဖော်ပြပေးထားပါတယ်။ စီမံကိန်းသစ် ကြေညာမှုတွေသာမကဘဲ ဆောက်လုပ်ရေးစီမံကိန်းသစ် သဘောတူညီမှုတွေ၊ စီမံကိန်းအပြီးသတ်မှုတွေကိုလည်း ပေးအပ်ထားပါတယ်။ ဒေသတွင်း ပထဝီနိုင်ငံရေး တင်းမာမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးမယ်ဆိုတဲ့ ဟောကိန်းတွေ အပါအဝင် စိန်ခေါ်မှုတွေ ရှိနေပေမယ့် ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ အရှိန်ရနေပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ပင်လယ်ကွေ့နိုင်ငံများတွင် ပထမနှစ်ဝက်ကာလအတွင်း ကန်ဒေါ်လာ ၈၈ ဒသမ ၅ ဘီလီယံဖိုး ဆောက်လုပ်ပြီးစီးသော စီမံကိန်းများ ရှိခဲ့သည်။

ဒုတိယသုံးလပတ်ကာလအတွင်း စီးပွားရေးနယ်ပယ်အားလုံးတွင် ဆောက်လုပ်ရေးစီမံကိန်းများ ပြီးစီးမှုမှာ ကန်ဒေါ်လာ ၄၆ ဒသမ ၅ ဘီလီယံဖိုးရှိပြီး အဆိုပါပမာဏတွင် မြို့ပြဆောက်လုပ်ရေးကဏ္ဍမှာ စုစုပေါင်းတန်ဖိုး၏ ၄၆ ရာခိုင်နှုန်းအထိ ရှိနေသည်။

ယင်းတို့အနက် အများစုမှာ အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service