The Conjuring ဟူေသာ ျဖစ္ရပ္မွန္အေျခခံ သရဲကားပင္ ရိုက္ကူးခဲ့ရသည့္ သရဲအလြန္ေျခာက္ေသာ ေနအိမ္ၾကီးကို ဝယ္ယူလိုက္ေသာ ဇနီးေမာင္ႏွံ

The Conjuring ဟူေသာ ျဖစ္ရပ္မွန္အေျခခံ သရဲကားပင္ ရိုက္ကူးခဲ့ရသည့္ သရဲအလြန္ေျခာက္ေသာ ေနအိမ္ၾကီးကို ဝယ္ယူလိုက္ေသာ ဇနီးေမာင္ႏွံ - Property News in Myanmar from iMyanmarHouse.com
26 Jul 2019 11:47 am တွင် တင်ခဲ့သည်
1926 ကြိမ် ကြည့်ရှု့ပြီး

 ### Zawgyi Version ###

ေနအိမ္ပိုင္ဆိုင္ေရးဟူေသာ ခရီးကို ခ်ီတက္ရာတြင္ လူအမ်ားစုအတြက္ ခက္ခဲၾကမ္းတမ္းေသာ ခရီးကို ျဖတ္သန္းရျပီး ေနအိမ္ပိုင္ဆိုင္ႏိုင္ခ်ိန္တြင္ အသက္ ၆၀ ခန္႔ ေရာက္ေနမည္ျဖစ္ကာ ယင္းေရွ႕ပိုင္းကာလမ်ားတြင္ မစားရက္ မေသာက္ရက္ျဖင့္ အငတ္အျပတ္ခံကာ စုေဆာင္းခဲ့ရသူမ်ားစြာရွိသည္။

သို႔ရာတြင္ ေကာ္ရီႏွင့္ ဂ်နီဖာ ဟိန္းဇန္တို႔ ဇနီးေမာင္ႏွံအတြက္မူ ေနအိမ္ပိုင္ဆိုင္ေရးခရီးသို႔ ခ်ီတက္ရာတြင္ ေျခာက္ျခားဖြယ္ အေကာင္းဆံုးမွာ ေနအိမ္ကိုယ္တိုင္ ျဖစ္ေနသည္။

၎တို႔ဇနီးေမာင္ႏွံသည္ အေမရိကန္ျပည္ အေရွ႕ေျမာက္ပိုင္း ရိုဒီအိုင္းလန္းတြင္ ႏွစ္ေပါင္း ၃၀၀ နီးပါး သက္တမ္းရွိေသာ ယာေတာအိမ္ၾကီးတစ္လံုးကို မၾကာေသးမီက ဝယ္ယူလိုက္ၾကသည္။

အဆိုပါေနအိမ္ၾကီးသည္ သရဲအလြန္ေျခာက္သည္မွာ အေမရိကန္တစ္ျပည္လံုးတြင္ ေက်ာ္ၾကားလွရာ ယင္းေနအိမ္ၾကီး အေၾကာင္းကို ၂၀၁၃ ခုႏွစ္အတြင္းက The Conjuring ဟူေသာအမည္ျဖင့္ပင္ ရုပ္ရွင္ကား ရိုက္ကူးထုတ္လုပ္ခဲ့ဖူးေသးသည္။

The Conjuring ရုပ္ရွင္ကား၏ အေၾကာင္းအရာမွာ ဤယာေတာအိမ္ၾကီးတြင္ ၁၉၇၀ ျပည့္လြန္ကာလမ်ားက ေနထိုင္ခဲ့သည့္ ပီရြန္မိသားစု၏ ျဖစ္ရပ္မွန္ဇာတ္ေၾကာင္းကို အေျခခံကာ ရိုက္ကူးထားခဲ့ျခင္း ျဖစ္သည္။

ပီရြန္မိသားစုသည္ ယာေတာအိမ္ၾကီးတြင္ ေနထိုင္ခဲ့စဥ္ကာလအတြင္း ၾကမ္းျပင္ေပၚတြင္ အိပ္ယာမ်ား အလိုအေလ်ာက္ေရြ႕လ်ားေနျခင္း၊ တစ္အိမ္လံုးတြင္ အသားပုပ္နံ႔ရေနျခင္း အစရွိသည္တို႔ အပါအဝင္ ဆန္းၾကယ္ေၾကာက္မက္ဖြယ္ေကာင္းေသာ ပရေလာက ျဖစ္ရပ္ဆန္း မ်ားစြာ ၾကံဳေတြ႔ခဲ့ရသည္။

“ဒီအိမ္ၾကီးမွာ ကၽြန္ေတာ္တို႔ကို ထခုန္ရေလာက္တဲ့ အခိုက္အတန္႔ေတြ ရွိခဲ့ပါတယ္”

“ကၽြန္ေတာ့္တို႔မွာ သူ႔အလိုလို ပြင့္တဲ့ တံခါးေတြ၊ ေျခသံေတြ၊ အေကာင္အထည္မျမင္ရဘဲ အသံပဲ ၾကားရတာေတြ၊ ခပ္အက္အက္ အသံၾကီးေတြလိုေတြ ေတြ႔ၾကံဳရတာရွိပါတယ္” ဟု ေကာ္ရီက ေျပာၾကားသည္။

ေကာ္ရီတို႔ ဇနီးေမာင္ႏွံက ယာေတာအိမ္ၾကီး၏ က်ယ္ဝန္းေသာ ျခံဝန္း၊ ဆိတ္ျငိမ္ေအးခ်မ္းေသာ ျမစ္ႏွင့္ ေရကန္၊ အေနာက္ဘက္ဆင္ဝင္မွ ေတြ႔ျမင္ရေသာ ေနဝင္ဆည္းဆာျမင္ကြင္းတို႔ကို ႏွစ္သက္၍ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

၎ကိုယ္တိုင္က ပရေလာက သုေတသီတစ္ဦးျဖစ္ဟန္ရေသာ ေကာ္ရီသည္ လက္ရွိအားျဖင့္ ယာေတာအိမ္ၾကီးကို ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ေနျပီး ယခုႏွစ္ကုန္ပိုင္းတြင္ အမ်ားျပည္သူတို႔ ဝင္ေရာက္ေလ့လာႏိုင္ရန္ ဖြင့္လွစ္ေပးမည္ဟု ဆိုသည္။

ယခုအိမ္ၾကီးအတြင္း ဝင္ေရာက္ေလ့လာရျခင္းကို ေျခာက္ျခားသည့္အေတြ႔အၾကံဳ ရလိုသူမ်ားႏွင့္ ပရေလာကသုေတသီတို႔က အၾကိဳက္ေတြ႔ၾကမည္ ျဖစ္သည္။

The Conjuring ရုပ္ရွင္ကား ရိုက္ကူးထုတ္လုပ္ျပီးေနာက္ ယာေတာအိမ္ၾကီးအတြင္း က်ဴးေက်ာ္ဝင္ေရာက္ ေလ့လာသူမ်ား ရွိခဲ့ျခင္းေၾကာင့္ ယခင္ပိုင္ရွင္တို႔က Warner Bros ရုပ္ရွင္ကုမၸဏီကို ၂၀၁၅ ခုႏွစ္အတြင္း တရားစြဲဆိုခဲ့ဖူးသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

နေအိမ်ပိုင်ဆိုင်ရေးဟူသော ခရီးကို ချီတက်ရာတွင် လူအများစုအတွက် ခက်ခဲကြမ်းတမ်းသော ခရီးကို ဖြတ်သန်းရပြီး နေအိမ်ပိုင်ဆိုင်နိုင်ချိန်တွင် အသက် ၆၀ ခန့် ရောက်နေမည်ဖြစ်ကာ ယင်းရှေ့ပိုင်းကာလများတွင် မစားရက် မသောက်ရက်ဖြင့် အငတ်အပြတ်ခံကာ စုဆောင်းခဲ့ရသူများစွာရှိသည်။

သို့ရာတွင် ကော်ရီနှင့် ဂျနီဖာ ဟိန်းဇန်တို့ ဇနီးမောင်နှံအတွက်မူ နေအိမ်ပိုင်ဆိုင်ရေးခရီးသို့ ချီတက်ရာတွင် ခြောက်ခြားဖွယ် အကောင်းဆုံးမှာ နေအိမ်ကိုယ်တိုင် ဖြစ်နေသည်။

၎င်းတို့ဇနီးမောင်နှံသည် အမေရိကန်ပြည် အရှေ့မြောက်ပိုင်း ရိုဒီအိုင်းလန်းတွင် နှစ်ပေါင်း ၃၀၀ နီးပါး သက်တမ်းရှိသော ယာတောအိမ်ကြီးတစ်လုံးကို မကြာသေးမီက ဝယ်ယူလိုက်ကြသည်။

အဆိုပါနေအိမ်ကြီးသည် သရဲအလွန်ခြောက်သည်မှာ အမေရိကန်တစ်ပြည်လုံးတွင် ကျော်ကြားလှရာ ယင်းနေအိမ်ကြီး အကြောင်းကို ၂၀၁၃ ခုနှစ်အတွင်းက The Conjuring ဟူသောအမည်ဖြင့်ပင် ရုပ်ရှင်ကား ရိုက်ကူးထုတ်လုပ်ခဲ့ဖူးသေးသည်။

The Conjuring ရုပ်ရှင်ကား၏ အကြောင်းအရာမှာ ဤယာတောအိမ်ကြီးတွင် ၁၉၇၀ ပြည့်လွန်ကာလများက နေထိုင်ခဲ့သည့် ပီရွန်မိသားစု၏ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို အခြေခံကာ ရိုက်ကူးထားခဲ့ခြင်း ဖြစ်သည်။

ပီရွန်မိသားစုသည် ယာတောအိမ်ကြီးတွင် နေထိုင်ခဲ့စဉ်ကာလအတွင်း ကြမ်းပြင်ပေါ်တွင် အိပ်ယာများ အလိုအလျောက်ရွေ့လျားနေခြင်း၊ တစ်အိမ်လုံးတွင် အသားပုပ်နံ့ရနေခြင်း အစရှိသည်တို့ အပါအဝင် ဆန်းကြယ်ကြောက်မက်ဖွယ်ကောင်းသော ပရလောက ဖြစ်ရပ်ဆန်း များစွာ ကြုံတွေ့ခဲ့ရသည်။

“ဒီအိမ်ကြီးမှာ ကျွန်တော်တို့ကို ထခုန်ရလောက်တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်”

“ကျွန်တော့်တို့မှာ သူ့အလိုလို ပွင့်တဲ့ တံခါးတွေ၊ ခြေသံတွေ၊ အကောင်အထည်မမြင်ရဘဲ အသံပဲ ကြားရတာတွေ၊ ခပ်အက်အက် အသံကြီးတွေလိုတွေ တွေ့ကြုံရတာရှိပါတယ်” ဟု ကော်ရီက ပြောကြားသည်။

ကော်ရီတို့ ဇနီးမောင်နှံက ယာတောအိမ်ကြီး၏ ကျယ်ဝန်းသော ခြံဝန်း၊ ဆိတ်ငြိမ်အေးချမ်းသော မြစ်နှင့် ရေကန်၊ အနောက်ဘက်ဆင်ဝင်မှ တွေ့မြင်ရသော နေဝင်ဆည်းဆာမြင်ကွင်းတို့ကို နှစ်သက်၍ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

၎င်းကိုယ်တိုင်က ပရလောက သုတေသီတစ်ဦးဖြစ်ဟန်ရသော ကော်ရီသည် လက်ရှိအားဖြင့် ယာတောအိမ်ကြီးကို ပြန်လည်မွမ်းမံမှုများ ပြုလုပ်နေပြီး ယခုနှစ်ကုန်ပိုင်းတွင် အများပြည်သူတို့ ဝင်ရောက်လေ့လာနိုင်ရန် ဖွင့်လှစ်ပေးမည်ဟု ဆိုသည်။

ယခုအိမ်ကြီးအတွင်း ဝင်ရောက်လေ့လာရခြင်းကို ခြောက်ခြားသည့်အတွေ့အကြုံ ရလိုသူများနှင့် ပရလောကသုတေသီတို့က အကြိုက်တွေ့ကြမည် ဖြစ်သည်။

The Conjuring ရုပ်ရှင်ကား ရိုက်ကူးထုတ်လုပ်ပြီးနောက် ယာတောအိမ်ကြီးအတွင်း ကျူးကျော်ဝင်ရောက် လေ့လာသူများ ရှိခဲ့ခြင်းကြောင့် ယခင်ပိုင်ရှင်တို့က Warner Bros ရုပ်ရှင်ကုမ္ပဏီကို ၂၀၁၅ ခုနှစ်အတွင်း တရားစွဲဆိုခဲ့ဖူးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service