ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
ရန္ကုန္ျမိဳ႕သစ္၏ Master Plan တြင္ အဆင့္တန္းမီွအိမ္ရာမ်ားနွင့္ ေျမယာေရာင္းခ်မွဳတန္ဖိုးမက်ဆင္းေစေရး အေကာင္ထည္ေဖာ္မွဳမ်ား ထည္သြင္းေရးဆြဲထားေၾကာင္း ရန္ကုန္ျမိဳ႕သစ္ဖြံျဖိဳးတိုးတက္ေရးကုမၸဏီလီမိတက္ (NYDC) ၏ သတင္းထုတ္ျပန္ခ်က္အရသိရသည္။
ရန္ကုန္ ျမိဳ႕သစ္ Master Plan ေရးဆဲြရာတြင္ လူဦးေရ ၁.၂ သန္းအတြက္ လံုျခံဳမႈရွိျပီး ေကာင္းမြန္သည့္ ျမိဳ႕ျပစီမံကိန္းတစ္ခုအျဖစ္ အျပင္ McKinsey အဖြဲ႕မွ ရန္ကုန္ျမိဳ႕သစ္အတြက္ စစ္တမ္းေကာက္ယူခဲသည့္ လူမႈ-စီးပြားပင္မစီမံခ်က္ (Socio Economic Master Plan) တြင္ ၂၀၅၀ ခုနွစ္တြင္ အလုပ္အကိုင္ေပါင္း ၉ သိန္း ဖန္တီးနိုင္ေရးကို ေရးဆဲြထားေၾကာင္း NYDC မွသိရသည္။
အေျခခံအုတ္ျမစ္ ၈ ခ်က္တြင္ ရန္ကုန္ျမိဳ႕သစ္သည္္ သဘာဝပတ္ဝန္းက်င္ကို ေရရွည္ထိန္းသိမ္းနိုင္ရန္၊ လက္ရိွရန္ကုန္နွင့္ ျမိဳ႕သစ္ကို ခိ်တ္ဆက္ျပီး ယဥ္ေက်းမႈတစ္ခုတည္ေဆာက္ရန္ ၊ ျမိဳ႕သစ္တြင္ အထင္ကရအေဆာက္အံုမ်ား တည္ေဆာက္ရန္၊ အဆင့္ျမင့္နည္းပညာကို အေျခခံေသာ အမ်ားျပည္သူသံုးဝန္ေဆာင္မႈမ်ားအသံုးျပဳရန္၊ စက္မႈဇုန္ ဖဲြ႕တည္မႈစနစ္တည္ေဆာက္ရန္၊ ျမိဳ႕သစ္တြင္းသာမက အနီးပတ္ဝန္းက်င္ျမိဳ႕နယ္မ်ားနွင့္ ခိ်တ္ဆက္ထားမည့္ အမ်ားျပည္သူသယ္ယူပို႕ေဆာင္ေရး အေကာင္အထည္ေဖာ္ရန္၊ အဆင့္အတန္းမီွအိမ္ရာမ်ားေဖာ္ထုတ္ရန္နွင့္ လိုအပ္သည့္ တည္ေဆာက္မႈမ်ား၊ အနာဂတ္ေျမယာေရာင္းခ်မႈမ်ားကို တန္ဖိုးမက်ေစေရး တို႕ပါ၀င္ေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
AECOM ၏ မ႑ဳိုင္ ၄ ရပ္ျဖစ္သည့္ၾကံ့ခိုင္ေသာျမိဳ႕၊ နည္းပညာအဆင့္ျမင့္မားေသာျမိဳ႕ ၊စိမ္းလန္းစိုေျပေသာျမိဳ႕ နွင့္ ျပည္သူမ်ားအတြက္ျမိဳ႕တို႕ကို အေျခခံျပီး ရန္ကုန္ျမိဳ႕သစ္ Master Plan ၏အေျခခံအုတ္ျမစ္အခ်က္ ၈ ခ်က္ကို ေဖာ္ေဆာင္ခဲ့သည္။
ရန္ကုန္ျမိဳ႕သစ္ Master Plan ၏ယာဥ္အသြားအလာနွင့္ သယ္ယူပို႕ေဆာင္ေရးက႑ာတြင္ ျမိဳ႕သစ္တစ္ခုအတြက္ ေရးဆဲြထားျခင္းမဟုတ္ဘဲ ပတ္ဝန္းက်င္ဧရိယာမ်ားနွင့္ အလြယ္တကူ ခိ်တ္ဆက္သြားလာနိုင္ေရးကိုပါ ထည့္သြင္းေရးဆဲြထားသည္။ေရလႊမ္းမိုးမႈအႏၱရာယ္နွင့္ ပတ္သတ္ျပီး Master Plan ေရးဆဲြစဥ္ အၾကံေပး Royal HaskoningDHV Myanmar ၏ ေရလႊမ္းမိုးမႈကာကြယ္ေရးဒီဇိုင္းကို ေပါင္းစပ္ျပီးေရးဆဲြခဲ့သည္။ ေရလႊမ္းမိုးမႈေလွ်ာ့ခ်နို္င္ဖို႕အတြက္ ေခ်ာင္းငယ္ေတြကို အသံုးျပဳသြားမည္ျဖစ္ျပီး ေရတားတမံမ်ားလည္း တည္ေဆာက္သြားမည္ျဖစ္သည္။ ဒါ့အျပင္ အမ်ားျပည္သူနားေနသည့္ ေနရာအျဖစ္ အသံုးျပဳနိုင္မည့္ ေရထိန္းသိမ္းရန္ဧရိယာမ်ားကို ထားရိွသြားမည္ျဖစ္ေၾကာင္း NYDC ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com
### Unicode Version ###
ရန်ကုန်မြို့သစ်၏ Master Plan တွင် အဆင့်တန်းမှီအိမ်ရာများနှင့် မြေယာရောင်းချမှုတန်ဖိုးမကျဆင်းစေရေး အကောင်ထည်ဖော်မှုများ ထည်သွင်းရေးဆွဲထားကြောင်း ရန်ကုန်မြို့သစ်ဖွံဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် (NYDC) ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်မြို့သစ် Master Plan ရေးဆွဲရာတွင် လူဦးရေ ၁.၂ သန်းအတွက် လုံခြုံမှုရှိပြီး ကောင်းမွန်သည့် မြို့ပြစီမံကိန်းတစ်ခုအဖြစ် အပြင် McKinsey အဖွဲ့မှ ရန်ကုန်မြို့သစ်အတွက် စစ်တမ်းကောက်ယူခဲသည့် လူမှု-စီးပွားပင်မစီမံချက် (Socio Economic Master Plan) တွင် ၂၀၅၀ ခုနှစ်တွင် အလုပ်အကိုင်ပေါင်း ၉ သိန်း ဖန်တီးနိုင်ရေးကို ရေးဆွဲထားကြောင်း NYDC မှသိရသည်။
အခြေခံအုတ်မြစ် ၈ ချက်တွင် ရန်ကုန်မြို့သစ်သည် သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိန်းသိမ်းနိုင်ရန်၊ လက်ရှိရန်ကုန်နှင့် မြို့သစ်ကို ချိတ်ဆက်ပြီး ယဉ်ကျေးမှုတစ်ခုတည်ဆောက်ရန် ၊ မြို့သစ်တွင် အထင်ကရအဆောက်အုံများ တည်ဆောက်ရန်၊ အဆင့်မြင့်နည်းပညာကို အခြေခံသော အများပြည်သူသုံးဝန်ဆောင်မှုများအသုံးပြုရန်၊ စက်မှုဇုန် ဖွဲ့တည်မှုစနစ်တည်ဆောက်ရန်၊ မြို့သစ်တွင်းသာမက အနီးပတ်ဝန်းကျင်မြို့နယ်များနှင့် ချိတ်ဆက်ထားမည့် အများပြည်သူသယ်ယူပို့ဆောင်ရေး အကောင်အထည်ဖော်ရန်၊ အဆင့်အတန်းမှီအိမ်ရာများဖော်ထုတ်ရန်နှင့် လိုအပ်သည့် တည်ဆောက်မှုများ၊ အနာဂတ်မြေယာရောင်းချမှုများကို တန်ဖိုးမကျစေရေး တို့ပါဝင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AECOM ၏ မဏ္ဍိုင် ၄ ရပ်ဖြစ်သည့်ကြံ့ခိုင်သောမြို့၊ နည်းပညာအဆင့်မြင့်မားသောမြို့ ၊စိမ်းလန်းစိုပြေသောမြို့ နှင့် ပြည်သူများအတွက်မြို့တို့ကို အခြေခံပြီး ရန်ကုန်မြို့သစ် Master Plan ၏အခြေခံအုတ်မြစ်အချက် ၈ ချက်ကို ဖော်ဆောင်ခဲ့သည်။
ရန်ကုန်မြို့သစ် Master Plan ၏ယာဉ်အသွားအလာနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍာတွင် မြို့သစ်တစ်ခုအတွက် ရေးဆွဲထားခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်ဧရိယာများနှင့် အလွယ်တကူ ချိတ်ဆက်သွားလာနိုင်ရေးကိုပါ ထည့်သွင်းရေးဆွဲထားသည်။ရေလွှမ်းမိုးမှုအန္တရာယ်နှင့် ပတ်သတ်ပြီး Master Plan ရေးဆွဲစဉ် အကြံပေး Royal HaskoningDHV Myanmar ၏ ရေလွှမ်းမိုးမှုကာကွယ်ရေးဒီဇိုင်းကို ပေါင်းစပ်ပြီးရေးဆွဲခဲ့သည်။ ရေလွှမ်းမိုးမှုလျှော့ချနိုင်ဖို့အတွက် ချောင်းငယ်တွေကို အသုံးပြုသွားမည်ဖြစ်ပြီး ရေတားတမံများလည်း တည်ဆောက်သွားမည်ဖြစ်သည်။ ဒါ့အပြင် အများပြည်သူနားနေသည့် နေရာအဖြစ် အသုံးပြုနိုင်မည့် ရေထိန်းသိမ်းရန်ဧရိယာများကို ထားရှိသွားမည်ဖြစ်ကြောင်း NYDC ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com