Star Wars ရုပ္ရွင္ဇာတ္ကားအတြင္းမွ တိုက္ေလယာဥ္မ်ားႏွင့္ ဆင္တူလွေသာ အလ်ား ေပ ၁၄၀ ရွိ စူပါရြက္ေလွၾကီးကို ေဟာင္ေကာင္ဘီလ်ံနာက အေရာင္းေစ်းကြက္တင္

Star Wars ရုပ္ရွင္ဇာတ္ကားအတြင္းမွ တိုက္ေလယာဥ္မ်ားႏွင့္ ဆင္တူလွေသာ အလ်ား ေပ ၁၄၀ ရွိ စူပါရြက္ေလွၾကီးကို ေဟာင္ေကာင္ဘီလ်ံနာက အေရာင္းေစ်းကြက္တင္ - Property News in Myanmar from iMyanmarHouse.com
24 Jul 2019 1:01 pm တွင် တင်ခဲ့သည်
1187 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေဟာင္ေကာင္အေျခစိုက္ သေဘၤာလုပ္ငန္းရွင္ ဘီလ်ံနာၾကီး အန္သိုနီ မာဒန္က Star Wars ရုပ္ရွင္ဇာတ္ကားအတြင္းမွ တိုက္ေလယာဥ္မ်ားႏွင့္ ဆင္တူလွေသာ အလ်ား ေပ ၁၄၀ ရွိ စူပါရြက္ေလွၾကီးကို အေရာင္းေစ်းကြက္တင္လာသည္။

ရြက္ေလွၾကီးကို အဒက္စ္ထရာ (Adastra) ဟု အမည္ေပးထားျပီး အန္သိုနီ မာဒန္အတြက္ သီးသန္႔ထုတ္လုပ္ထားျခင္းျဖစ္သည္။

သူေဌးၾကီး အန္သိုနီသည္ အဒက္စ္ထရာရြက္ေလွၾကီးျဖင့္ လြန္ခဲ့ေသာ ၇ ႏွစ္အတြင္း ကမၻာတစ္ပတ္ လွည့္လည္ခဲ့ရာ စပိန္ႏိုင္ငံ၊ အိုင္ဘီဇာမွသည္ အင္ဒိုနီးရွားႏိုင္ငံ၊ ဘာလီကၽြန္းအထိျဖစ္ေၾကာင္း စူပါရြက္ေလွၾကီးကို ေရာင္းခ်ရန္ ရည္ရြယ္ကာ လႊင့္တင္ထားသည့္ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပသည္။

ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပခ်က္အရ စူပါရြက္ေလွၾကီးအတြက္ ေရာင္းခ်ရန္ေခၚေစ်းမွာ ကန္ေဒၚလာ ၁၂ သန္းျဖစ္သည္ဟု ဆိုသည္။

ရြက္ေလွၾကီးသည္ သမင္လည္ျပန္ လွည့္ေငးရေလာက္ေအာင္ ခမ္းနားဆန္းၾကယ္ေၾကာင္း၊ ေတြ႔ျမင္သူတိုင္း ေခတၱရပ္တန္႔ကာ ဓာတ္ပံုရိုက္ကူးေလ့ရွိေၾကာင္းလည္း မစၥတာ အန္သိုနီ မာဒန္က ေျပာၾကားသည္။

အခမ္းနားဆံုး စြန္႔စားမႈရြက္ေလွဟု အမည္ေပးကာ ေစ်းကြက္တင္လာသည့္ အဒက္စ္ထရာတြင္ ခရီးသည္ ၉ ဦးႏွင့္ သေဘၤာသား ၆ ဦးစာ အခန္းေနရာမ်ား ပါဝင္ျပီး အထပ္ ၂ ထပ္ျဖင့္ ဖြဲ႔စည္းထားသည္။

ဂၽြန္ ရွပ္တဲဝပ္က ဒီဇိုင္းေရးဆြဲေပးခဲ့သည့္ ရြက္ေလွၾကီးသည္ မစၥတာ မာဒန္၏ ဆႏၵျဖစ္ေသာ လ်င္ျမန္မႈရွိကာ ကမၻာတစ္ပတ္ ခရီးသြားႏိုင္ေရး ရည္ရြယ္ခ်က္ကို ၎၏ဇနီးျဖစ္သူ အယ္လင္း၏ ဇိမ္က်က်ေနႏိုင္ရန္ဟူေသာ ဆႏၵႏွစ္ရပ္တို႔ ေပါင္းစည္းတည္ေဆာက္ ခဲ့ျခင္းျဖစ္ေၾကာင္း Boat International မဂၢဇင္းတြင္ ေဖာ္ျပခဲ့ဖူးသည္။

ရြက္ေလွၾကီးကို အေလးခ်ိန္ေပါ့ပါးေသာ ကာဗြန္ဖိုက္ဘာျဖင့္ ေရမိုင္ ၉၀၀၀ ခန္႔အထိ သြားလာႏိုင္ရန္ ရည္ရြယ္ေဆာက္လုပ္ထားျပီး ေခတ္မီအတြင္းပိုင္း မြမ္းမံမႈမ်ား၊ ေနရာထိုင္ခင္းမ်ား မ်ားစြာထည့္သြင္းေပးထားသည္။

အတြင္းပိုင္းတြင္ နားေနခန္း၊ ညစာစားပြဲ၊ ျပတင္းခံုးမွန္မ်ား၊ အရက္ဘား၊ ဆိုဖာ၊ ဧည့္သည္မ်ားအတြက္ အိပ္ခန္း ၂ ခန္းတို႔ ပါဝင္ျပီး ေရယာဥ္ငယ္တစ္ခု ထားသိုႏိုင္သည့္ ဂိုေဒါင္ခန္းတစ္ခုလည္း ပါဝင္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဟောင်ကောင်အခြေစိုက် သင်္ဘောလုပ်ငန်းရှင် ဘီလျံနာကြီး အန်သိုနီ မာဒန်က Star Wars ရုပ်ရှင်ဇာတ်ကားအတွင်းမှ တိုက်လေယာဉ်များနှင့် ဆင်တူလှသော အလျား ပေ ၁၄၀ ရှိ စူပါရွက်လှေကြီးကို အရောင်းဈေးကွက်တင်လာသည်။

ရွက်လှေကြီးကို အဒက်စ်ထရာ (Adastra) ဟု အမည်ပေးထားပြီး အန်သိုနီ မာဒန်အတွက် သီးသန့်ထုတ်လုပ်ထားခြင်းဖြစ်သည်။

သူဌေးကြီး အန်သိုနီသည် အဒက်စ်ထရာရွက်လှေကြီးဖြင့် လွန်ခဲ့သော ၇ နှစ်အတွင်း ကမ္ဘာတစ်ပတ် လှည့်လည်ခဲ့ရာ စပိန်နိုင်ငံ၊ အိုင်ဘီဇာမှသည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းအထိဖြစ်ကြောင်း စူပါရွက်လှေကြီးကို ရောင်းချရန် ရည်ရွယ်ကာ လွှင့်တင်ထားသည့် ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ စူပါရွက်လှေကြီးအတွက် ရောင်းချရန်ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၂ သန်းဖြစ်သည်ဟု ဆိုသည်။

ရွက်လှေကြီးသည် သမင်လည်ပြန် လှည့်ငေးရလောက်အောင် ခမ်းနားဆန်းကြယ်ကြောင်း၊ တွေ့မြင်သူတိုင်း ခေတ္တရပ်တန့်ကာ ဓာတ်ပုံရိုက်ကူးလေ့ရှိကြောင်းလည်း မစ္စတာ အန်သိုနီ မာဒန်က ပြောကြားသည်။

အခမ်းနားဆုံး စွန့်စားမှုရွက်လှေဟု အမည်ပေးကာ ဈေးကွက်တင်လာသည့် အဒက်စ်ထရာတွင် ခရီးသည် ၉ ဦးနှင့် သင်္ဘောသား ၆ ဦးစာ အခန်းနေရာများ ပါဝင်ပြီး အထပ် ၂ ထပ်ဖြင့် ဖွဲ့စည်းထားသည်။

ဂျွန် ရှပ်တဲဝပ်က ဒီဇိုင်းရေးဆွဲပေးခဲ့သည့် ရွက်လှေကြီးသည် မစ္စတာ မာဒန်၏ ဆန္ဒဖြစ်သော လျင်မြန်မှုရှိကာ ကမ္ဘာတစ်ပတ် ခရီးသွားနိုင်ရေး ရည်ရွယ်ချက်ကို ၎င်း၏ဇနီးဖြစ်သူ အယ်လင်း၏ ဇိမ်ကျကျနေနိုင်ရန်ဟူသော ဆန္ဒနှစ်ရပ်တို့ ပေါင်းစည်းတည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း Boat International မဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသည်။

ရွက်လှေကြီးကို အလေးချိန်ပေါ့ပါးသော ကာဗွန်ဖိုက်ဘာဖြင့် ရေမိုင် ၉၀၀၀ ခန့်အထိ သွားလာနိုင်ရန် ရည်ရွယ်ဆောက်လုပ်ထားပြီး ခေတ်မီအတွင်းပိုင်း မွမ်းမံမှုများ၊ နေရာထိုင်ခင်းများ များစွာထည့်သွင်းပေးထားသည်။

အတွင်းပိုင်းတွင် နားနေခန်း၊ ညစာစားပွဲ၊ ပြတင်းခုံးမှန်များ၊ အရက်ဘား၊ ဆိုဖာ၊ ဧည့်သည်များအတွက် အိပ်ခန်း ၂ ခန်းတို့ ပါဝင်ပြီး ရေယာဉ်ငယ်တစ်ခု ထားသိုနိုင်သည့် ဂိုဒေါင်ခန်းတစ်ခုလည်း ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service