ယာတောအိမ်တစ်လုံးနှင့် ကိုယ်ပိုင်သင်္ဘောတစ်စင်း ပါဝင်သည့် စကော့တလန်ရှိ ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ
ယာတောအိမ်တစ်လုံးနှင့် ကိုယ်ပိုင်သင်္ဘောတစ်စင်း ပါဝင်သည့် စကော့တလန်ရှိ ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
23 Jul 2019 2:11 pm တွင် တင်ခဲ့သည်
918 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
စကော့တလန်နိုင်ငံတွင် ယာတောအိမ်တစ်လုံးနှင့် ကိုယ်ပိုင်သင်္ဘောတစ်စင်း ပါဝင်သည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာပြီး လူသူနေထိုင်မှု မရှိသည့် ကျွန်းတစ်ကျွန်း ဖြစ်သည်။
ခေါ်ဈေးမှာ ပေါင် ၁ ဒသမ ၄ သန်းမျှသာဖြစ်ပြီး အဆိုပါဈေးနှုန်းဖြင့် လန်ဒန်တွင်ဆိုလျှင် တိုက်ခန်းတွဲနေအိမ်တစ်လုံးမျှသာ ရရှိနိုင်မည် ဖြစ်သည်။
ကျွန်း၏ အမည်မှာ “အင့်ခ်ျမားနက်ခ်” ဟုဖြစ်ပြီး အကျယ်အဝန်းမှာ ဧကပေါင်း ၆၆၀ ခန့်အထိ ကျယ်ဝန်းသည်ဟု ဆိုသည်။
အင့်ခ်ျမားနက်ခ်သည် မြို့ပြလူနေမှုဘဝကို ငြီးငွေ့စိတ်ကုန်နေသူများ အိပ်မက်မက်လေ့ရှိသည့်နေရာတစ်ခု ဖြစ်သည်။
ယခုအခါ အဆိုပါဇနီးမောင်နှံက အရောင်းဈေးကွက်ပြန်တင်လာခြင်းလည်းဖြစ်သည်။
အကယ်၍ သင့်တွင် ပေါင် ၁ ဒသမ ၄ သန်းရှိမည်ဆိုလျှင် အလျား ၂ ဒသမ ၅ မိုင်၊  အကျယ် မိုင်ဝက်ရှိကာ ကမ်းရိုးတန်းအလျား ၄ ဒသမ ၇၅ မိုင်ရှိသော ကျွန်းတစ်ကျွန်းလုံး ပိုင်ဆိုင်ရမည့်အပြင် အိပ်ခန်း ၄ ခန်းပါ ချစ်စဖွယ် နေအိမ်တစ်လုံး၊ လူမနေသော အဆောက်အအုံများစွာ၊ ယာတောတစ်ခု၊ တောအုပ်၊ ကိုယ်ပိုင်ဆိပ်ကမ်း၊ ကိုယ်ပိုင်သင်္ဘောတို့ ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။
### Unicode Version ###
စကော့တလန်နိုင်ငံတွင် ယာတောအိမ်တစ်လုံးနှင့် ကိုယ်ပိုင်သင်္ဘောတစ်စင်း ပါဝင်သည့် ကျွန်းတစ်ကျွန်း အရောင်းစျေးကွက်ဝင်လာပြီး လူသူနေထိုင်မှု မရှိသည့် ကျွန်းတစ်ကျွန်း ဖြစ်သည်။
ခေါ်စျေးမှာ ပေါင် ၁ ဒသမ ၄ သန်းမျှသာဖြစ်ပြီး အဆိုပါစျေးနှုန်းဖြင့် လန်ဒန်တွင်ဆိုလျှင် တိုက်ခန်းတွဲနေအိမ်တစ်လုံးမျှသာ ရရှိနိုင်မည် ဖြစ်သည်။
ကျွန်း၏ အမည်မှာ “အင့်ချ်မားနက်ခ်” ဟုဖြစ်ပြီး အကျယ်အဝန်းမှာ ဧကပေါင်း ၆၆၀ ခန့်အထိ ကျယ်ဝန်းသည်ဟု ဆိုသည်။
အင့်ချ်မားနက်ခ်သည် မြို့ပြလူနေမှုဘဝကို ငြီးငွေ့စိတ်ကုန်နေသူများ အိပ်မက်မက်လေ့ရှိသည့်နေရာတစ်ခု ဖြစ်သည်။
စကော့တလန်၏ မြောက်ဘက်စွန်းတွင် တည်ရှိပြီး ပင်လယ်ကမ်းခြေမြို့ကလေး ရို့သဆေးမှ သင်္ဘောဖြင့် ၁၀ မိနစ်ခရီးသာ ကွာဝေးသည်။
ယခင်ကမူ အဆိုပါကျွန်းတွင် လူဦးရေ ၄၆ ဦးခန့်အထိ နေထိုင်ခဲ့ကြဖူးသည်။
သို့ရာတွင် အမြဲတမ်းအခြေချနေထိုင်သူအဖြစ် နောက်ဆုံးနေထိုင်ခဲ့သည့် လယ်သမားကြီးမှာ ၁၉၈၆ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီး ဖြစ်သည်။
၁၉၉၉ ခုနှစ်မှ စတင်ပြီး အဆိုပါကျွန်းကို ဇနီးမောင်နှံ စုံတွဲတစ်တွဲက ပိုင်ဆိုင်ခဲ့ကာ ယာတောအိမ်ကို အားလပ်ရက်အပန်းဖြေ နေအိမ်အဖြစ် အသုံးပြုခဲ့ကြသည်။
ယခုအခါ အဆိုပါဇနီးမောင်နှံက အရောင်းစျေးကွက်ပြန်တင်လာခြင်းလည်းဖြစ်သည်။
အကယ်၍ သင့်တွင် ပေါင် ၁ ဒသမ ၄ သန်းရှိမည်ဆိုလျှင် အလျား ၂ ဒသမ ၅ မိုင်၊ အကျယ် မိုင်ဝက်ရှိကာ ကမ်းရိုးတန်းအလျား ၄ ဒသမ ရ၅ မိုင်ရှိသော ကျွန်းတစ်ကျွန်းလုံး ပိုင်ဆိုင်ရမည့်အပြင် အိပ်ခန်း ၄ ခန်းပါ ချစ်စဖွယ် နေအိမ်တစ်လုံး၊ လူမနေသော အဆောက်အအုံများစွာ၊ ယာတောတစ်ခု၊ တောအုပ်၊ ကိုယ်ပိုင်ဆိပ်ကမ်း၊ ကိုယ်ပိုင်သင်္ဘောတို့ ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။
ဤကျွန်းတွင် ခမ်းနားသည့်သမိုင်းကြောင်းလည်း ရှိနေပြီး ဒုတိယကမ္ဘာစစ်ကြီး၏ အဆုံးအဖြတ်တိုက်ပွဲတစ်ခုဟု ခေါ်ဆိုနိုင်သော D-Day ကမ်းတက်တိုက်ပွဲကြီးအတွက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည့် နေရာတစ်ခုလည်းဖြစ်သည်။
ဗုံးဆန်များ ပေါက်ကွဲထားသည့် ချိုင့်ကျင်းကြီးများကို ကျွန်းပေါ်တွင် ယနေ့တိုင် တွေ့မြင်နေရဆဲ ဖြစ်သည်။
လယ်သမားကြီးတစ်ဦးကလည်း အဆိုပါကျွန်းပေါ်တွင် ကြေးခေတ်အမျိုးသမီးတစ်ဦး၏ ရုပ်ကြွင်းကို ၁၉၆၀ ပြည့်လွန်ကာလများအတွင်း ရှာဖွေတွေ့ရှိခဲ့ဖူးသည်။
ရုပ်ကြွင်းမှာ ကျောက်ဂူတစ်ခုအတွင်း လဲလျောင်းကာ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အနက်ရောင် ကျောက်မီးသွေးလည်ဆွဲတစ်ခု ဝတ်ဆင်ထားကာ ကျောက်ဓားမြှောင်တစ်ခုကိုလည်း ကိုင်ဆောင်ထားသည်ဟု ဆိုသည်။
တောအုပ်နှင့် ကျောက်ဆောင်ထူထပ်သော ကမ်းရိုးတန်းများကြောင့် တချိန်က မှောင်ခိုသမားတို့ ကျက်စားသည့်နေရာဖြစ်ခဲ့ကြောင်း ကောလာဟလများလည်း ရှိသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
INNO CITY
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service