အင္ဒိုနီးရွားတြင္ အိမ္တန္ဖိုး၏ ၁ ရာခိုင္ႏႈန္းသာ လက္ငင္းေပးေခ်ရမည့္ ေနအိမ္ေပါင္း တစ္ႏွစ္လွ်င္ တစ္သန္း ေဆာက္လုပ္လ်က္ရွိ

အင္ဒိုနီးရွားတြင္ အိမ္တန္ဖိုး၏ ၁ ရာခိုင္ႏႈန္းသာ လက္ငင္းေပးေခ်ရမည့္ ေနအိမ္ေပါင္း တစ္ႏွစ္လွ်င္ တစ္သန္း ေဆာက္လုပ္လ်က္ရွိ - Property News in Myanmar from iMyanmarHouse.com
18 Jul 2019 12:25 pm တွင် တင်ခဲ့သည်
833 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အင္ဒိုနီးရွားႏိုင္ငံတြင္ ယခုႏွစ္အတြင္း ေနအိမ္ေစ်းႏႈန္းမ်ား ျမင့္တက္လာလ်က္ရွိေနခ်ိန္တြင္ ျပည္သူ႔အလုပ္အကိုင္ႏွင့္ အိုးအိမ္ဝန္ၾကီးဌာနသည္ ၂၁ ရာစုတြင္ အရြယ္ေရာက္ၾကီးျပင္းလာသူအုပ္စုမ်ားကို အစိုးရေထာက္ပံ့ေငြမ်ားႏွင့္အတူ ေနအိမ္မ်ား ေရာင္းခ်ေပးရန္ စီစဥ္လ်က္ရွိေနသည္။

“လက္ရွိအားျဖင့္ ကၽြန္ေတာ္တို႔ဟာ ၂၁ ရာစုမွာ ၾကီးျပင္းလာသူေတြ အပါအဝင္ လူ႔အဖြဲ႔အစည္းရဲ႕ အလႊာတိုင္းအတြက္ ေနအိမ္ေတြ ေရာင္းခ်ေပးႏိုင္ဖို႔ ေနအိမ္တစ္သန္း စီမံကိန္း [Program Satu Juta Rumah, PSR] ကို အေကာင္အထည္ေဖာ္ဖို႔ စီစဥ္ေနပါတယ္” ဟု ဝန္ၾကီးဌာန၏ အိုးအိမ္ဆိုင္ရာ အေထြေထြညႊန္ၾကားေရးမွွဴး ခါလာဝီ အဗၺဒူ ဟာမစ္က ေျပာၾကားသည္။

အင္ဒိုနီးရွားသမၼတ ဂ်ဳိကို ဝီဒိုဒိုက PSR စီမံကိန္းကို ၂၀၁၅ ခုႏွစ္၊ ဧျပီလတြင္ ၎၏ အမ်ဳိးသား မဟာဗ်ဴဟာေျမာက္ စီမံကိန္းမ်ားမွ တစ္ခုအပါအဝင္အျဖစ္ စတင္ခဲ့ျခင္းျဖစ္ျပီး ျပည္သူမ်ားအတြက္ တစ္ႏွစ္လွ်င္ ေနအိမ္ေပါင္း တစ္သန္း ေဆာက္လုပ္မည့္ စီမံကိန္းတစ္ခု ျဖစ္သည္။

PSR ကို အေကာင္အထည္ေဖာ္ရာတြင္ အင္ဒိုနီးရွားအစိုးရသည္ stakeholders အမ်ားအျပားႏွင့္ လက္တြဲအေကာင္အထည္ေဖာ္ျခင္းျဖစ္ကာ ဘဏ္မ်ား၊ အိမ္ျခံေျမ developer မ်ားႏွင့္ ပုဂၢလိက ကုမၸဏီမ်ား ပါဝင္သည္။

အဆိုပါ PSR စီမံကိန္းအရ ျပီးခဲ့ေသာႏွစ္အထိ ေနအိမ္ေပါင္း ၃၅၄၂၃၁၈ ေဆာက္လုပ္ျပီးစီးခဲ့ျပီး ျဖစ္သည္။

၂၀၁၈ ခုႏွစ္ တစ္ႏွစ္တည္းတြင္ပင္ ေနအိမ္အလံုးေပါင္း ၁၁၃၂၆၂၁ လံုးေဆာက္လုပ္ျပီးစီးခဲ့ျပီး ႏွစ္စဥ္ေဆာက္လုပ္ရန္ရည္မွန္းထားသည္ထက္ ၁၃ ရာခိုင္ႏႈန္း ပိုမိုေဆာက္လုပ္ႏိုင္ခဲ့သည္။

၂၁ ရာစုႏွစ္အတြင္း ၾကီးျပင္းလာသူတို႔မွာ အလားအလာအရွိဆံုး ဝယ္လက္မ်ား ျဖစ္လာသည္ႏွင့္အမွ် ယခုႏွစ္အတြင္းတြင္ ေနအိမ္ေပါင္း ၁၂၅၀၀၀၀ ခန္႔ ေဆာက္လုပ္ႏိုင္မည္ဟု အစိုးရက ေမွ်ာ္မွန္းထားသည္။

လက္ရွိအားျဖင့္ အင္ဒိုနီးရွားတြင္ ၂၁ ရာစုအတြင္း ၾကီးျပင္းလာသူ ၈၁ သန္းခန္႔ရွိမည္ဟု ခန္႔မွန္းရျပီး တိုင္းျပည္စုစုေပါင္း လူဦးေရ၏ ၃၀ ရာခုိင္ႏႈန္းရွိသည္။

Bank Tabungan Negara (BTN) ၏ အခ်က္အလက္မ်ားအရ ၂၁ ရာစုအတြင္း ၾကီးျပင္းၾကသူမ်ားမွ ၆ ရာခိုင္ႏႈန္းမွာ တစ္လလွ်င္ ပွ်မ္းမွ်ဝင္ေငြ ရူပီးယား ၁၂ သန္း (ကန္ေဒၚလာ ၈၄၇) ခန္႔ရွိၾကျပီး ၁၄ ရာခိုင္ႏႈန္းမွာ ရူပီးယား ၇ သန္းမွ ၁၂ သန္း၊ ရူပီးယား ၄ သန္းမွ ၇ သန္း ဝင္ေငြရိွသူမွာ ၃၄ ရာခိုင္ႏႈန္းရွိကာ ၄၆ ရာခိုင္ႏႈန္းမွာမူ ရူပီးယား ၄ သန္းေအာက္ျဖစ္သည္ဟု ဆိုသည္။

BTN ၏ ဥကၠဌ မာရိုႏို၏ ေျပာၾကားခ်က္အရ KPR Gaesss ဟူေသာ အိမ္ရာေခ်းေငြ အစီအစဥ္ျဖင့္ ၂၁ ရာစုအတြင္း ၾကီးျပင္းလာသူတို႔သည္ အိမ္ရာမ်ားဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္း၊ အတိုးႏႈန္းမွာ တစ္ႏွစ္လွ်င္ ၈ ဒသမ ၂၅ ရာခိုင္ႏႈန္းသာ ေပးရမည္ျဖစ္ျပီး လက္ငင္းေပးေခ် ရမည့္ေငြမွာ အိမ္တန္ဖိုး၏ ၁ ရာခိုင္ႏႈန္းသာျဖစ္ေၾကာင္း ေျပာၾကားသည္။

“အသက္ ၂၁ ႏွစ္က ၃၀ ၾကားရွိျပီး အနည္းဆံုး တစ္ႏွစ္ေလာက္ ပံုေသအလုပ္အကိုင္တစ္ခုလည္းရွိတဲ့သူေတြဟာ KPR Gaesss အစီအစဥ္နဲ႔ ေနအိမ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္ ”ဟု မာရိုႏိုက ဆိုသည္။

ျပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ အခ်က္အလက္မ်ားအရ KPR Gaesss အစီအစဥ္မွတဆင့္ ထုတ္ေပးခဲ့သည့္ ေခ်းေငြပမာဏမွာ ရူပီးယားေငြ ၆ ဒသမ ၉ ထရီလီယံအထိ ရွိခဲ့သည္။ယခုႏွစ္ကုန္တြင္ ေခ်းေငြပမာဏကို ရူပီးယားေငြ ၃ ဒသမ ၁၇ ထရီလီယံအထိ ျမွင့္တင္ႏိုင္ရန္ BTN က ေမွ်ာ္မွန္းထားသည္။

အင္ဒိုနီးရွားအစိုးရသည္ KPR Gaesss အျပင္ ဝင္ေငြနည္းပါးေသာ မိသားစုမ်ားအတြက္ ေနအိမ္ဝယ္ယူႏိုင္ရန္ အျခားေသာ အစီအစဥ္မ်ားျဖင့္ ေငြေၾကးေထာက္ပံ့ေပးေနမႈမ်ားလည္း ရွိသည္။ House Financing Liquidity Facility (FLPP ) ဟုေခၚေသာ အစီအစဥ္ႏွင့္ Interest Difference Subsidy (SSB) ဟုေခၚေသာ အစီအစဥ္တို႔ ပါဝင္သည္။

ယခုႏွစ္အတြင္း FLPP အစီအစဥ္ျဖင့္ ေဆာက္လုပ္မည့္ေနအိမ္ေပါင္း ၆၈၈၅၈ ရွိျပီး SSB အစီအစဥ္ေအာက္တြင္ ေနအိမ္ေပါင္း ၁၀၀၀၀၀ ခန္႔ ေဆာက္လုပ္မည္ဟု ဆိုသည္။

BTN သည္ ေနအိမ္ေပါင္း ၁၂၇၁၀၄ လံုး ဝယ္ယူေရးအတြက္ ဘ႑ာေငြ ေထာက္ပံ့ေပးရန္ ရည္မွန္းထားျပီး FLPP အစီအစဥ္ျဖင့္ ေနအိမ္အလံုး ၂၈၇၄၄ ႏွင့္ SSB အစီအစဥ္ေအာက္တြင္ ေနအိမ္ ၉၈၃၆၀ ေထာက္ပံ့သြားမည္ ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 ### Unicode Version ###

အင်ဒိုနီးရှားနိုင်ငံတွင် ယခုနှစ်အတွင်း နေအိမ်ဈေးနှုန်းများ မြင့်တက်လာလျက်ရှိနေချိန်တွင် ပြည်သူ့အလုပ်အကိုင်နှင့် အိုးအိမ်ဝန်ကြီးဌာနသည် ၂၁ ရာစုတွင် အရွယ်ရောက်ကြီးပြင်းလာသူအုပ်စုများကို အစိုးရထောက်ပံ့ငွေများနှင့်အတူ နေအိမ်များ ရောင်းချပေးရန် စီစဉ်လျက်ရှိနေသည်။

“လက်ရှိအားဖြင့် ကျွန်တော်တို့ဟာ ၂၁ ရာစုမှာ ကြီးပြင်းလာသူတွေ အပါအဝင် လူ့အဖွဲ့အစည်းရဲ့ အလွှာတိုင်းအတွက် နေအိမ်တွေ ရောင်းချပေးနိုင်ဖို့ နေအိမ်တစ်သန်း စီမံကိန်း [Program Satu Juta Rumah, PSR] ကို အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်” ဟု ဝန်ကြီးဌာန၏ အိုးအိမ်ဆိုင်ရာ အထွေထွေညွှန်ကြားရေးမှူး ခါလာဝီ အဗ္ဗဒူ ဟာမစ်က ပြောကြားသည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက PSR စီမံကိန်းကို ၂၀၁၅ ခုနှစ်၊ ဧပြီလတွင် ၎င်း၏ အမျိုးသား မဟာဗျူဟာမြောက် စီမံကိန်းများမှ တစ်ခုအပါအဝင်အဖြစ် စတင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအတွက် တစ်နှစ်လျှင် နေအိမ်ပေါင်း တစ်သန်း ဆောက်လုပ်မည့် စီမံကိန်းတစ်ခု ဖြစ်သည်။

PSR ကို အကောင်အထည်ဖော်ရာတွင် အင်ဒိုနီးရှားအစိုးရသည် stakeholders အများအပြားနှင့် လက်တွဲအကောင်အထည်ဖော်ခြင်းဖြစ်ကာ ဘဏ်များ၊ အိမ်ခြံမြေ developer များနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပါဝင်သည်။

အဆိုပါ PSR စီမံကိန်းအရ ပြီးခဲ့သောနှစ်အထိ နေအိမ်ပေါင်း ၃၅၄၂၃၁၈ ဆောက်လုပ်ပြီးစီးခဲ့ပြီး ဖြစ်သည်။

၂၀၁၈ ခုနှစ် တစ်နှစ်တည်းတွင်ပင် နေအိမ်အလုံးပေါင်း ၁၁၃၂၆၂၁ လုံးဆောက်လုပ်ပြီးစီးခဲ့ပြီး နှစ်စဉ်ဆောက်လုပ်ရန်ရည်မှန်းထားသည်ထက် ၁၃ ရာခိုင်နှုန်း ပိုမိုဆောက်လုပ်နိုင်ခဲ့သည်။

၂၁ ရာစုနှစ်အတွင်း ကြီးပြင်းလာသူတို့မှာ အလားအလာအရှိဆုံး ဝယ်လက်များ ဖြစ်လာသည်နှင့်အမျှ ယခုနှစ်အတွင်းတွင် နေအိမ်ပေါင်း ၁၂၅၀၀၀၀ ခန့် ဆောက်လုပ်နိုင်မည်ဟု အစိုးရက မျှော်မှန်းထားသည်။

လက်ရှိအားဖြင့် အင်ဒိုနီးရှားတွင် ၂၁ ရာစုအတွင်း ကြီးပြင်းလာသူ ၈၁ သန်းခန့်ရှိမည်ဟု ခန့်မှန်းရပြီး တိုင်းပြည်စုစုပေါင်း လူဦးရေ၏ ၃၀ ရာခိုင်နှုန်းရှိသည်။

Bank Tabungan Negara (BTN) ၏ အချက်အလက်များအရ ၂၁ ရာစုအတွင်း ကြီးပြင်းကြသူများမှ ၆ ရာခိုင်နှုန်းမှာ တစ်လလျှင် ပျှမ်းမျှဝင်ငွေ ရူပီးယား ၁၂ သန်း (ကန်ဒေါ်လာ ၈၄၇) ခန့်ရှိကြပြီး ၁၄ ရာခိုင်နှုန်းမှာ ရူပီးယား ၇ သန်းမှ ၁၂ သန်း၊ ရူပီးယား ၄ သန်းမှ ၇ သန်း ဝင်ငွေရှိသူမှာ ၃၄ ရာခိုင်နှုန်းရှိကာ ၄၆ ရာခိုင်နှုန်းမှာမူ ရူပီးယား ၄ သန်းအောက်ဖြစ်သည်ဟု ဆိုသည်။

BTN ၏ ဥက္ကဌ မာရိုနို၏ ပြောကြားချက်အရ KPR Gaesss ဟူသော အိမ်ရာချေးငွေ အစီအစဉ်ဖြင့် ၂၁ ရာစုအတွင်း ကြီးပြင်းလာသူတို့သည် အိမ်ရာများဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၈ ဒသမ ၂၅ ရာခိုင်နှုန်းသာ ပေးရမည်ဖြစ်ပြီး လက်ငင်းပေးချေ ရမည့်ငွေမှာ အိမ်တန်ဖိုး၏ ၁ ရာခိုင်နှုန်းသာဖြစ်ကြောင်း ပြောကြားသည်။

“အသက် ၂၁ နှစ်က ၃၀ ကြားရှိပြီး အနည်းဆုံး တစ်နှစ်လောက် ပုံသေအလုပ်အကိုင်တစ်ခုလည်းရှိတဲ့သူတွေဟာ KPR Gaesss အစီအစဉ်နဲ့ နေအိမ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ် ”ဟု မာရိုနိုက ဆိုသည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ အချက်အလက်များအရ KPR Gaesss အစီအစဉ်မှတဆင့် ထုတ်ပေးခဲ့သည့် ချေးငွေပမာဏမှာ ရူပီးယားငွေ ၆ ဒသမ ၉ ထရီလီယံအထိ ရှိခဲ့သည်။ယခုနှစ်ကုန်တွင် ချေးငွေပမာဏကို ရူပီးယားငွေ ၃ ဒသမ ၁၇ ထရီလီယံအထိ မြှင့်တင်နိုင်ရန် BTN က မျှော်မှန်းထားသည်။

အင်ဒိုနီးရှားအစိုးရသည် KPR Gaesss အပြင် ဝင်ငွေနည်းပါးသော မိသားစုများအတွက် နေအိမ်ဝယ်ယူနိုင်ရန် အခြားသော အစီအစဉ်များဖြင့် ငွေကြေးထောက်ပံ့ပေးနေမှုများလည်း ရှိသည်။ House Financing Liquidity Facility (FLPP ) ဟုခေါ်သော အစီအစဉ်နှင့် Interest Difference Subsidy (SSB) ဟုခေါ်သော အစီအစဉ်တို့ ပါဝင်သည်။

ယခုနှစ်အတွင်း FLPP အစီအစဉ်ဖြင့် ဆောက်လုပ်မည့်နေအိမ်ပေါင်း ၆၈၈၅၈ ရှိပြီး SSB အစီအစဉ်အောက်တွင် နေအိမ်ပေါင်း ၁၀၀၀၀၀ ခန့် ဆောက်လုပ်မည်ဟု ဆိုသည်။

BTN သည် နေအိမ်ပေါင်း ၁၂၇၁၀၄ လုံး ဝယ်ယူရေးအတွက် ဘဏ္ဍာငွေ ထောက်ပံ့ပေးရန် ရည်မှန်းထားပြီး FLPP အစီအစဉ်ဖြင့် နေအိမ်အလုံး ၂၈၇၄၄ နှင့် SSB အစီအစဉ်အောက်တွင် နေအိမ် ၉၈၃၆၀ ထောက်ပံ့သွားမည် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service