အေမရိကန္ ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီၾကီး Blackstone က ဂ်ပန္တြင္ ဂိုေဒါင္အေဆာက္အအံုမ်ား ကန္ေဒၚလာ ၁ ဘီလီယံဖိုး ဝယ္ယူရန္ စီစဥ္လ်က္ရွိ

အေမရိကန္ ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီၾကီး Blackstone က ဂ်ပန္တြင္ ဂိုေဒါင္အေဆာက္အအံုမ်ား ကန္ေဒၚလာ ၁ ဘီလီယံဖိုး ဝယ္ယူရန္ စီစဥ္လ်က္ရွိ - Property News in Myanmar from iMyanmarHouse.com
18 Jul 2019 11:07 am တွင် တင်ခဲ့သည်
741 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္ ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီၾကီး Blackstone သည္ ဂ်ပန္တြင္ ျဖန္႔ခ်ိေရးစင္တာမ်ားကို ယန္းေငြ ၁၀၀ ဘီလီယံ (ကန္ေဒၚလာ ၉၂၆ သန္းခန္႔) သံုးစြဲကာ ဝယ္ယူရန္ စီစဥ္လ်က္ရွိသည္။

Blackstone သည္ စကၤာပူအစိုးရပိုင္ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီျဖစ္ေသာ Mapletree ထံမွ သိုေလွာင္ရံု ၅ ေနရာမွ ၆ ေနရာအထိ ဝယ္ယူသြားဖြယ္ရာ ရွိေနသည္။

တိုက်ဳိျမိဳ႕ေတာ္၏ အေနာက္ေတာင္ဘက္ရွိ အိုဒါးဝါးရျမိဳ႕တြင္တည္ရွိေသာ စင္တာသည္ ဂ်ပန္အေျခစိုက္ Amazon ၏ တိုက်ဳိတစ္ဝိုက္ ျဖန္႔ခ်ိေရးေနရာလည္း ျဖစ္သည္။

Blackstone က ခန္႔မွန္းသည္မွာ ဂ်ပန္ရွိ ျဖန္႔ျဖဴးေရးစင္တာမ်ားသည္ လာမည့္ႏွစ္မ်ားအတြင္း လည္ပတ္မႈမ်ား ျမင့္မားလာမည္ျဖစ္ျပီး ကုမၸဏီအတြက္တည္ျငိမ္သည့္ ဝင္ေငြမ်ား ရွာေဖြေပးႏိုင္မည္ဟု ခန္႔မွန္းထားသည္။

ယခု အေရာင္းအဝယ္သည္ ဂ်ပန္ ေထာက္ပို႔ က႑တြင္ ျပည္ပဝယ္လက္တို႔၏ ေနာက္ဆံုးေပၚေပါက္လာေသာ ဝယ္ယူမႈလည္း ျဖစ္သည္။

စကၤာပူအေျခစိုက္ GLP သည္ အာရွ၏ အၾကီးမားဆံုး ဂိုေထာင္လည္ပတ္လုပ္ကိုင္သူျဖစ္ျပီး ျပီးခဲ့ေသာႏွစ္အတြင္း ရင္းႏွီးျမွဳပ္ႏွံသူမ်ားထံမွ ယန္းေငြ ၆၂၅ သန္းခန္႔ ရရွိခဲ့သည္။

ေဟာင္ေကာင္ေထာက္ပံ့ေရးအုပ္စုျဖစ္ေသာ ESR သည္ ေမလအတြင္း ဘ႑ာေငြ ယန္း ၂၀၀ ဘီလီယံ တည္ေထာင္ခဲ့ျပီး အဆင့္ျမင့္ ဂိုေဒါင္အေဆာက္အအံုမ်ားကို ပစ္မွတ္ထားေနသည္။

ျဖန္႔ျဖဴးေရးဂိုေဒါင္မ်ား၏ ပွ်မ္းမွ် အျမတ္အစြန္းပမာဏမွာ ၄ ရာခိုင္ႏႈန္းမွ်သာျဖစ္ေသာ္လည္း ဂ်ပန္ႏွင့္ ဥေရာပတြင္ အတိုးႏႈန္း အလြန္နည္းပါးခ်ိန္ျဖစ္ရာ ဆြဲေဆာင္မႈရွိသည့္ ပမာဏလည္း ျဖစ္သည္။

Blackstone သည္ ကမၻာ့ထိပ္တန္း ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ျပီး ကန္ေဒၚလာ ၅၁၂ ဘီလီယံဖိုးရွိေသာ ပိုင္ဆိုင္မႈမ်ားကို လည္ပတ္လ်က္ရွိသည္။

ယခုျဖန္႔ျဖဴးေရးဂိုေဒါင္မ်ားကို အိမ္ျခံေျမက႑အတြက္ ရည္မွန္းထားသည့္ ဘ႑ာေငြမ်ားမွတဆင့္ Blackstone က ဝယ္ယူမည္ ျဖစ္သည္။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

 

အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး Blackstone သည် ဂျပန်တွင် ဖြန့်ချိရေးစင်တာများကို ယန်းငွေ ၁၀၀ ဘီလီယံ (ကန်ဒေါ်လာ ၉၂၆ သန်းခန့်) သုံးစွဲကာ ဝယ်ယူရန် စီစဉ်လျက်ရှိသည်။

Blackstone သည် စင်္ကာပူအစိုးရပိုင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Mapletree ထံမှ သိုလှောင်ရုံ ၅ နေရာမှ ၆ နေရာအထိ ဝယ်ယူသွားဖွယ်ရာ ရှိနေသည်။

တိုကျိုမြို့တော်၏ အနောက်တောင်ဘက်ရှိ အိုဒါးဝါးရမြို့တွင်တည်ရှိသော စင်တာသည် ဂျပန်အခြေစိုက် Amazon ၏ တိုကျိုတစ်ဝိုက် ဖြန့်ချိရေးနေရာလည်း ဖြစ်သည်။

Blackstone က ခန့်မှန်းသည်မှာ ဂျပန်ရှိ ဖြန့်ဖြူးရေးစင်တာများသည် လာမည့်နှစ်များအတွင်း လည်ပတ်မှုများ မြင့်မားလာမည်ဖြစ်ပြီး ကုမ္ပဏီအတွက်တည်ငြိမ်သည့် ဝင်ငွေများ ရှာဖွေပေးနိုင်မည်ဟု ခန့်မှန်းထားသည်။

ယခု အရောင်းအဝယ်သည် ဂျပန် ထောက်ပို့ ကဏ္ဍတွင် ပြည်ပဝယ်လက်တို့၏ နောက်ဆုံးပေါ်ပေါက်လာသော ဝယ်ယူမှုလည်း ဖြစ်သည်။

စင်္ကာပူအခြေစိုက် GLP သည် အာရှ၏ အကြီးမားဆုံး ဂိုထောင်လည်ပတ်လုပ်ကိုင်သူဖြစ်ပြီး ပြီးခဲ့သောနှစ်အတွင်း ရင်းနှီးမြှုပ်နှံသူများထံမှ ယန်းငွေ ၆၂၅ သန်းခန့် ရရှိခဲ့သည်။

ဟောင်ကောင်ထောက်ပံ့ရေးအုပ်စုဖြစ်သော ESR သည် မေလအတွင်း ဘဏ္ဍာငွေ ယန်း ၂၀၀ ဘီလီယံ တည်ထောင်ခဲ့ပြီး အဆင့်မြင့် ဂိုဒေါင်အဆောက်အအုံများကို ပစ်မှတ်ထားနေသည်။

ဖြန့်ဖြူးရေးဂိုဒေါင်များ၏ ပျှမ်းမျှ အမြတ်အစွန်းပမာဏမှာ ၄ ရာခိုင်နှုန်းမျှသာဖြစ်သော်လည်း ဂျပန်နှင့် ဥရောပတွင် အတိုးနှုန်း အလွန်နည်းပါးချိန်ဖြစ်ရာ ဆွဲဆောင်မှုရှိသည့် ပမာဏလည်း ဖြစ်သည်။

Blackstone သည် ကမ္ဘာ့ထိပ်တန်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကန်ဒေါ်လာ ၅၁၂ ဘီလီယံဖိုးရှိသော ပိုင်ဆိုင်မှုများကို လည်ပတ်လျက်ရှိသည်။

ယခုဖြန့်ဖြူးရေးဂိုဒေါင်များကို အိမ်ခြံမြေကဏ္ဍအတွက် ရည်မှန်းထားသည့် ဘဏ္ဍာငွေများမှတဆင့် Blackstone က ဝယ်ယူမည် ဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service