ေဟာင္ေကာင္တြင္ ပိုင္းကန္႔ထားေသာတိုက္ခန္းမ်ား အငွားစံခ်ိန္သစ္တင္

ေဟာင္ေကာင္တြင္ ပိုင္းကန္႔ထားေသာတိုက္ခန္းမ်ား အငွားစံခ်ိန္သစ္တင္ - Property News in Myanmar from iMyanmarHouse.com
15 Jul 2019 10:54 am တွင် တင်ခဲ့သည်
1965 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေဟာင္ေကာင္တြင္ က်ဥ္းက်ဥ္းက်ဳတ္က်ဳတ္ရွိလွေသာ၊ ပိုင္းကန္႔ျပဳျပဳင္ထားသည့္ တိုက္ခန္းမ်ားအား ငွားရမ္းမႈမ်ားသည္ စံခ်ိန္သစ္တင္ခဲ့ၿပီျဖစ္ေၾကာင္း ၎တိုက္ခန္းမ်ားႏွင့္ပတ္သက္၍ဖြဲ႕စည္းထားေသာ Subdivided Flats Concerning Platform အဖြဲ႕၏ ေလ့လာခ်က္တစ္ရပ္အရ သိရသည္။

တိုက္ခန္းတစ္ခန္းအတြင္း အခန္းငယ္မ်ားကန္႔၍ အိမ္ေထာင္စုမ်ား ႁပြတ္သိပ္စြာေနထိုင္ၾကရေသာ ေလွာင္အိမ္ခန္းမ်ားေခၚ ၎တိုက္ခန္းမ်ားအား ငွားရမ္းမႈမ်ားသည္ ၿပီးခဲ့သည့္ႏွစ္၌ အညႊန္းကိန္း ၄၁၁ ဒသမ ၃ ရွိခဲ့ရာမွ ၇ ဒသမ ၇ ရာခိုင္ႏႈန္း ျမင့္တက္ၿပီး ယခုႏွစ္တြင္ ၄၄၃ ရွိလာေၾကာင္း Subdivided Flats Concerning Platform မွ အသံုးျပဳေသာ အညႊန္းကိန္းတစ္ခုက ေတြ႕ရွိခဲ့သည္။

၎ညႊန္းကိန္းသည္ တိုက္ခန္းတစ္ခန္းလံုး၏ အငွားအားႏွင့္ ထိုတိုက္ခန္းမ်ား၏ အငွားအားတို႔ကို ႏိႈင္းယွဥ္ရာမွ ရရွိျခင္းျဖစ္သည္။

အဆိုပါညႊန္းကိန္းျမင့္တက္မႈသည္ ၿပီးခဲ့သည့္ ေအာက္တိုဘာတြင္ အဆင့္သတ္မွတ္မႈႏွင့္ရာျဖတ္ဌာနမွ ထုတ္ျပန္သည့္ ပုဂၢလိကျပည္တြင္းအငွားညႊန္းကိန္းမ်ား၏ ၅ ဒသမ ၈ ရာခိုင္ႏႈန္း ေယဘုယ်တိုးတက္မႈႏႈန္းထက္ ပိုမ်ားသည္။

Subdivided Flats Concerning Platform သည္ Kwun Tong၊ Kowloon City၊ Kwai Tsing၊ Tsuen Wan ႏွင့္ Sham Shui Po တို႔ရွိ ပိုင္းကန္႔ထားေသာတိုက္ခန္းမ်ားတြင္ ေနထိုင္ေနသည့္ အိမ္ေထာင္စု ၆၆ ခုကို သုေတသနျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

အျခားတစ္ဖက္၌မူ ေဟာင္ေကာင္တြင္ ၂၀၁၈ ခုႏွစ္၏ ပ်မ္းမွ်လစာသည္ ၂၀၁၇ ခုႏွစ္ထက္ ၄ ဒသမ ၁ ရာခုိင္ႏႈန္းသာ ျမင့္တက္ခ့ဲေၾကာင္း ေဟာင္ေကာင္အစိုးရမွထုတ္ျပန္ေသာ ကိန္းဂဏန္းမ်ားအရ သိရသည္။

၎ပိုင္းကန္႔ထားေသာ တိုက္ခန္းမ်ားအား ပ်မ္းမွ်ငွားခသည္ ထိုတိုက္ခန္းမ်ားတြင္ ေနထုိင္ေသာ မိသားစုတစ္စု၏ တစ္လပ်မ္းမွ်ဝင္ေငြ၏ ၄၁ ရာခိုင္ႏႈန္း ရွိေၾကာင္း၊ ယင္းသည္ ၂၀၁၇ ခုႏွစ္ကထက္ ၄ ဒသမ ၈ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ေၾကာင္းလည္း Subdivided Flats Concerning Platform အဖြဲ႕၏ ေလ့လာခ်က္က ေတြ႕ရွိခဲ့သည္။

“ တစ္လဝင္ေငြရဲ႕ ၄၁ ရာခိုင္ႏႈန္းက အိမ္ငွားခနဲ႔တင္ကုန္ေနၿပီ။ ေရဖိုး၊ မီတာခ စတဲ့ ေဟာင္ေကာင္ေဒၚလာ ၅၀၀ ကေန ၁၀၀၀ အၾကား ပံုမွန္ကုန္က်တဲ့စရိတ္ေတြပါထည့္ေပါင္းရင္ အဲ့ဒီစရိတ္နဲ႔တင္ ဝင္ေငြရဲ႕ ထက္ဝက္ေက်ာ္ေလာက္ ကုန္သြားပါၿပီ။” ဟု Subdivided Flats Concerning Platform ၏ လူမႈအသိုက္အဝန္းစည္း႐ံုးေရးမွဴးတစ္ဦးျဖစ္သူ Wong Ka-chun က ေျပာၾကားခဲ့သည္။

ထို႔ေၾကာင့္ Wong က တတ္ႏိုင္သမွ် ထိုငွားရမ္းချမင့္တက္မႈကို ကန္႔သတ္ေပးရန္ႏွင့္ ဆင္းရဲမြဲေတမႈဝန္ထုပ္ကို ေလွ်ာ့ခ်ေပးရန္အလို႔ငွာ ငွားရမ္းခထိန္းခ်ဳပ္မႈစီမံခ်က္မ်ား ခ်မွတ္အေကာင္အထည္ေဖာ္ေပးေရးအတြက္ အစိုးရအား တုိက္တြန္းထားသည္။

အစိုးရတိုက္ခန္းမ်ားအား ေလွ်ာက္ထားၾကသည့္ ေဟာင္ေကာင္ေဒသခံမ်ားသည္ ရွည္လ်ားေသာ ေစာင့္ဆိုင္းရခ်ိန္ႏွင့္ ရင္ဆုိင္ေနၾကရသည္။

ကမာၻ႕ေဈးအႀကီးဆံုးအိမ္ရာေဈးကြက္ျဖစ္ၿပီး ေျမေနရာငတ္မြတ္ေနသည့္ ေဟာင္ေကာင္တြင္ ထိုပိုင္းကန္႔ထားေသာတိုက္ခန္းမ်ား၌ လူဦးေရ ၂၀၉,၇၀၀ ဦးပါဝင္သည့္ အိမ္ေထာင္စု ၉၁,၈၀၀ ေနထုိင္ေနၾကရေၾကာင္း ၂၀၁၆ ခုႏွစ္တြင္ ေကာက္ခံခဲ့သည့္ သန္းေခါင္စာရင္းအရ သိရသည္။

 Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဟောင်ကောင်တွင် ကျဉ်းကျဉ်းကျုတ်ကျုတ်ရှိလှသော၊ ပိုင်းကန့်ပြုပြုင်ထားသည့် တိုက်ခန်းများအား ငှားရမ်းမှုများသည် စံချိန်သစ်တင်ခဲ့ပြီဖြစ်ကြောင်း ၎င်းတိုက်ခန်းများနှင့်ပတ်သက်၍ဖွဲ့စည်းထားသော Subdivided Flats Concerning Platform အဖွဲ့၏ လေ့လာချက်တစ်ရပ်အရ သိရသည်။

တိုက်ခန်းတစ်ခန်းအတွင်း အခန်းငယ်များကန့်၍ အိမ်ထောင်စုများ ပြွတ်သိပ်စွာနေထိုင်ကြရသော လှောင်အိမ်ခန်းများခေါ် ၎င်းတိုက်ခန်းများအား ငှားရမ်းမှုများသည် ပြီးခဲ့သည့်နှစ်၌ အညွှန်းကိန်း ၄၁၁ ဒသမ ၃ ရှိခဲ့ရာမှ ၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ပြီး ယခုနှစ်တွင် ၄၄၃ ရှိလာကြောင်း Subdivided Flats Concerning Platform မှ အသုံးပြုသော အညွှန်းကိန်းတစ်ခုက တွေ့ရှိခဲ့သည်။

၎င်းညွှန်းကိန်းသည် တိုက်ခန်းတစ်ခန်းလုံး၏ အငှားအားနှင့် ထိုတိုက်ခန်းများ၏ အငှားအားတို့ကို နှိုင်းယှဉ်ရာမှ ရရှိခြင်းဖြစ်သည်။

အဆိုပါညွှန်းကိန်းမြင့်တက်မှုသည် ပြီးခဲ့သည့် အောက်တိုဘာတွင် အဆင့်သတ်မှတ်မှုနှင့်ရာဖြတ်ဌာနမှ ထုတ်ပြန်သည့် ပုဂ္ဂလိကပြည်တွင်းအငှားညွှန်းကိန်းများ၏ ၅ ဒသမ ၈ ရာခိုင်နှုန်း ယေဘုယျတိုးတက်မှုနှုန်းထက် ပိုများသည်။

Subdivided Flats Concerning Platform သည် Kwun Tong၊ Kowloon City၊ Kwai Tsing၊ Tsuen Wan နှင့် Sham Shui Po တို့ရှိ ပိုင်းကန့်ထားသောတိုက်ခန်းများတွင် နေထိုင်နေသည့် အိမ်ထောင်စု ၆၆ ခုကို သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အခြားတစ်ဖက်၌မူ ဟောင်ကောင်တွင် ၂၀၁၈ ခုနှစ်၏ ပျမ်းမျှလစာသည် ၂၀၁၇ ခုနှစ်ထက် ၄ ဒသမ ၁ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ကြောင်း ဟောင်ကောင်အစိုးရမှထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

၎င်းပိုင်းကန့်ထားသော တိုက်ခန်းများအား ပျမ်းမျှငှားခသည် ထိုတိုက်ခန်းများတွင် နေထိုင်သော မိသားစုတစ်စု၏ တစ်လပျမ်းမျှဝင်ငွေ၏ ၄၁ ရာခိုင်နှုန်း ရှိကြောင်း၊ ယင်းသည် ၂၀၁၇ ခုနှစ်ကထက် ၄ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းလည်း Subdivided Flats Concerning Platform အဖွဲ့၏ လေ့လာချက်က တွေ့ရှိခဲ့သည်။

“ တစ်လဝင်ငွေရဲ့ ၄၁ ရာခိုင်နှုန်းက အိမ်ငှားခနဲ့တင်ကုန်နေပြီ။ ရေဖိုး၊ မီတာခ စတဲ့ ဟောင်ကောင်ဒေါ်လာ ၅၀၀ ကနေ ၁၀၀၀ အကြား ပုံမှန်ကုန်ကျတဲ့စရိတ်တွေပါထည့်ပေါင်းရင် အဲ့ဒီစရိတ်နဲ့တင် ဝင်ငွေရဲ့ ထက်ဝက်ကျော်လောက် ကုန်သွားပါပြီ။” ဟု Subdivided Flats Concerning Platform ၏ လူမှုအသိုက်အဝန်းစည်းရုံးရေးမှူးတစ်ဦးဖြစ်သူ Wong Ka-chun က ပြောကြားခဲ့သည်။

ထို့ကြောင့် Wong က တတ်နိုင်သမျှ ထိုငှားရမ်းခမြင့်တက်မှုကို ကန့်သတ်ပေးရန်နှင့် ဆင်းရဲမွဲတေမှုဝန်ထုပ်ကို လျှော့ချပေးရန်အလို့ငှာ ငှားရမ်းခထိန်းချုပ်မှုစီမံချက်များ ချမှတ်အကောင်အထည်ဖော်ပေးရေးအတွက် အစိုးရအား တိုက်တွန်းထားသည်။

အစိုးရတိုက်ခန်းများအား လျှောက်ထားကြသည့် ဟောင်ကောင်ဒေသခံများသည် ရှည်လျားသော စောင့်ဆိုင်းရချိန်နှင့် ရင်ဆိုင်နေကြရသည်။

ကမ္ဘာ့ဈေးအကြီးဆုံးအိမ်ရာဈေးကွက်ဖြစ်ပြီး မြေနေရာငတ်မွတ်နေသည့် ဟောင်ကောင်တွင် ထိုပိုင်းကန့်ထားသောတိုက်ခန်းများ၌ လူဦးရေ ၂၀၉,၇၀၀ ဦးပါဝင်သည့် အိမ်ထောင်စု ၉၁,၈၀၀ နေထိုင်နေကြရကြောင်း ၂၀၁၆ ခုနှစ်တွင် ကောက်ခံခဲ့သည့် သန်းခေါင်စာရင်းအရ သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service