ရန္ကုန္ဘူတာႀကီးျပန္လည္ဖြံ႔ၿဖိဳးေရးလုပ္ငန္းႀကီးအတြက္ သုံးႏိုင္ငံေပါင္းထားသည့္လုပ္ငန္းစုကိုု ျမန္မာ့မီးရထားမွ ေရြးခ်ယ္

ရန္ကုန္ဘူတာႀကီးျပန္လည္ဖြံ႔ၿဖိဳးေရးလုပ္ငန္းႀကီးအတြက္ သုံးႏိုင္ငံေပါင္းထားသည့္လုပ္ငန္းစုကိုု ျမန္မာ့မီးရထားမွ ေရြးခ်ယ္ - Property News in Myanmar from iMyanmarHouse.com
12 Jul 2019 1:07 pm တွင် တင်ခဲ့သည်
2557 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ျမန္မာႏိုင္ငံတြင္ ယေန႔အခ်ိန္အထိ အႀကီးမားဆံုး အိမ္ရာစီမံကိန္းမ်ားအနက္ တစ္ခုျဖစ္မည့္ ရန္ကုန္ဘူတာႀကီး ျပန္လည္ဖြံ႔ၿဖိဳးေရးလုပ္ငန္းႀကီးအား ေဆာင္ရြက္ရန္ ျမန္မာႏိုင္ငံမွ Min Dhama ၊ စင္ကာပူမွ Oxley Holdings ႏွင့္ တ႐ုတ္ႏိုင္ငံမွ Sino Great Wall တို႔ ေပါင္းစည္းထားသည့္ လုပ္ငန္းစုကို စီမံကိန္းအတြက္ႏွစ္သက္ဖြယ္ အဆိုျပဳသူအျဖစ္ ျမန္မာ့မီးရထားမွ ေရြးခ်ယ္လိုက္ေၾကာင္း သိရသည္။

အဆိုပါစီမံကိန္းအေနႏွင့္ အေမရိကန္ေဒၚလာ ၂ ဒသမ ၅ ဘီလ်ံခန္႔ တန္ဖိုးရွိၿပီး ျမန္မာႏိုင္ငံတြင္ ယေန႔ အခ်ိန္အထိ အႀကီးမားဆံုးအိမ္ရာစီမံကိန္းမ်ားအနက္ တစ္ခုျဖစ္လာမည္ျဖစ္ေၾကာင္း သိရသည္။

စင္ကာပူတြင္ စာရင္းသြင္းထားသည့္ Yoma Strategic Holdings ႏွင့္ ျမန္မာႏိုင္ငံမွ First Myanamr Investment တုိ႔ ပူးေပါင္းထားသည့္ လုပ္ငန္းစုကို ျဖတ္ေက်ာ္ကာ ေရြးခ်ယ္ခံခဲ့ရျခင္းလည္း ျဖစ္သည္။

Oxley ၏ ထုတ္ျပန္ခ်က္တြင္ စီမံကိန္းအတြက္ ေရြးခ်ယ္ခံရေရးအတြက္ ေဆြးေႏြးညွိႏိႈင္းမႈမ်ား ဆက္လက္လုပ္ေဆာင္ရန္ႏွင့္ ဥပေဒေရးရာမ်ား စီမံေဆာင္ရြက္မႈမ်ား ဆက္လက္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း သိရသည္။

စီမံကိန္း အက်ယ္အဝန္းမွာ ၆၃ ဒသမ ၅ ဧကခန္႔ ရွိၿပီး ၾကမ္းခင္းဧရိယာ စတုရန္းမီတာ ၁ ဒသမ ၉ သန္း တြင္ဖန္တီးေဖာ္ေဆာင္သြားမည္ျဖစ္ၿပီး စီမံကိန္းတြင္မီးရထားႏွင့္အမ်ားသံုး သယ္ယူပို႔ေဆာင္ေရးစနစ္မ်ားေပါငး္ စည္းထားသည့္ ပို႔ေဆာင္ေရး ဗဟိုဌာနသစ္တစ္ခု ပါဝင္မည္ျဖစ္ၿပီး အိမ္ရာႏွင့္စီးပြားေရးလုပ္ငန္းမ်ားက ဝန္းရံထားမည္ ျဖစ္ေၾကာင္းေဖာ္ျပထားသည္။

Oxley ၏ ထုတ္ျပန္ခ်က္တြင္ ဇန္နဝါရီ ၃၀ ရက္ေန႔က က်င္းပသည့္ အစိုးရအဖြဲ႔အစည္းအေဝးတြင္ တင္ဒါအတြက္ အဆိုပါလုပ္ငန္းစုအား ေရြးခ်ယ္ရန္ ဆံုးျဖတ္လိုက္ျခင္းျဖစ္သည္ဟု ျမန္မာမီးရထားဦးေဆာင္ညႊန္ ၾကားေရးမွဴး မွေပးပို႔သည့္စာတြင္ ေဖာ္ျပထားေၾကာင္း၊ညွိႏႈိင္းေဆြးေႏြးမႈမ်ား စတင္မည့္ရက္ကို ျမန္မာ့မီးရထား က မၾကာမီ အေၾကာင္းၾကားမည္ဟုစာတြင္ ေဖာ္ျပထားေၾကာင္းလည္းသိရသည္။

ရထားလမ္းမ်ားႏွင့္ တစ္ထပ္အိမ္မ်ားသာရွိသည့္ေနရာသို႔ အထပ္ျမင့္အေဆာက္အအံုမ်ား ေရာက္ရွိလာမည္ျဖစ္ၿပီး မီးရထားဝန္ထမ္းမ်ားႏွင့္မိသားစုမ်ား အမ်ားစုပါဝင္သည့္ လူ ၁ဝ,ဝဝဝ ခန္႔အား ျပန္လည္ေနရာခ်ထားေပးရမည္ ျဖစ္ေၾကာင္းသိရသည္။

Oxley က စိတ္ကူးပံုေဖာ္ထားသည့္ စီမံကိန္းကိန္ပုံစံမွာ ေတာင္ဘက္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း၊ ေျမာက္ဘက္တြင္ ဗိုလ္မင္းေရာင္လမ္း၊ အေနာက္ဘက္တြင္ ဆူးေလဘုရားလမ္းႏွင့္အေရွ႕ဘက္တြင္ သိမ္ျဖဴလမ္းတို႔ၾကားရွိ ဧရိယာအတြင္း အထပ္ျမင့္အေဆာက္အအံု ၂၀ ခန္႔ပါဝင္သည္ကို ေတြ႔ရၿပီး ထိုအေဆာက္အအံုမ်ား၏အလယ္တြင္ ေခတ္လြန္ဒီဇိုင္းျဖင့္ တည္ေဆာက္မည့္ ရထားဘူတာ႐ံုသစ္ကို ၿမိဳ႕ျပအေမြ အႏွစ္စာရင္းဝင္ လက္ရွိ ဘူတာႀကီး အေဆာက္အအုံေဘးရထားလမ္းမ်ားတည္ရွိသည့္ေနရာတြင္ တည္ေဆာက္မည္ျဖစ္ေၾကာင္းသိရသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ အကြီးမားဆုံး အိမ်ရာစီမံကိန်းများအနက် တစ်ခုဖြစ်မည့် ရန်ကုန်ဘူ တာကြီး ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးအား ဆောင်ရွက်ရန် မြန်မာနိုင်ငံမှ Min Dhama ၊ စင်ကာပူမှ Oxley Holdings နှင့် တရုတ်နိုင်ငံမှ Sino Great Wall တို့ ပေါင်းစည်းထားသည့် လုပ်ငန်းစုကို စီမံကိန်းအတွက်နှစ်သက်ဖွယ် အဆိုပြုသူအဖြစ် မြန်မာ့မီးရထားမှ ရွေးချယ်လိုက်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းအနေနှင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံခန့် တန်ဖိုးရှိပြီး မြန်မာနိုင်ငံတွင် ယနေ့ အချိန်အထိ အကြီးမားဆုံးအိမ်ရာစီမံကိန်းများအနက် တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူတွင် စာရင်းသွင်းထားသည့် Yoma Strategic Holdings နှင့် မြန်မာနိုင်ငံမှ First Myanamr Investment တို့ ပူးပေါင်းထားသည့် လုပ်ငန်းစုကို ဖြတ်ကျော်ကာ ရွေးချယ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

Oxley ၏ ထုတ်ပြန်ချက်တွင် စီမံကိန်းအတွက် ရွေးချယ်ခံရရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရန်နှင့် ဥပဒေရေးရာများ စီမံဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်း အကျယ်အဝန်းမှာ ၆၃ ဒသမ ၅ ဧကခန့် ရှိပြီး ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁ ဒသမ ၉ သန်း တွင်ဖန်တီးဖော်ဆောင်သွားမည်ဖြစ်ပြီး စီမံကိန်းတွင်မီးရထားနှင့်အများသုံး သယ်ယူပို့ဆောင်ရေးစနစ်များပေါင်း စည်းထားသည့် ပို့ဆောင်ရေး ဗဟိုဌာနသစ်တစ်ခု ပါဝင်မည်ဖြစ်ပြီး အိမ်ရာနှင့်စီးပွားရေးလုပ်ငန်းများက ဝန်းရံထားမည် ဖြစ်ကြောင်းဖော်ပြထားသည်။

Oxley ၏ ထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၃၀ ရက်နေ့က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် တင်ဒါအတွက် အဆိုပါလုပ်ငန်းစုအား ရွေးချယ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု မြန်မာမီးရထားဦးဆောင်ညွှန် ကြားရေးမှူး မှပေးပို့သည့်စာတွင် ဖော်ပြထားကြောင်း၊ညှိနှိုင်းဆွေးနွေးမှုများ စတင်မည့်ရက်ကို မြန်မာ့မီးရထား က မကြာမီ အကြောင်းကြားမည်ဟုစာတွင် ဖော်ပြထားကြောင်းလည်းသိရသည်။

ရထားလမ်းများနှင့် တစ်ထပ်အိမ်များသာရှိသည့်နေရာသို့ အထပ်မြင့်အဆောက်အအုံများ ရောက်ရှိလာမည်ဖြစ်ပြီး မီးရထားဝန်ထမ်းများနှင့်မိသားစုများ အများစုပါဝင်သည့် လူ ၁ဝ,ဝဝဝ ခန့်အား ပြန်လည်နေရာချထားပေးရမည် ဖြစ်ကြောင်းသိရသည်။

Oxley က စိတ်ကူးပုံဖော်ထားသည့် စီမံကိန်းကိန်ပုံစံမှာ တောင်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြောက်ဘက်တွင် ဗိုလ်မင်းရောင်လမ်း၊ အနောက်ဘက်တွင် ဆူးလေဘုရားလမ်းနှင့်အရှေ့ဘက်တွင် သိမ်ဖြူလမ်းတို့ကြားရှိ ဧရိယာအတွင်း အထပ်မြင့်အဆောက်အအုံ ၂၀ ခန့်ပါဝင်သည်ကို တွေ့ရပြီး ထိုအဆောက်အအုံများ၏အလယ်တွင် ခေတ်လွန်ဒီဇိုင်းဖြင့် တည်ဆောက်မည့် ရထားဘူတာရုံသစ်ကို မြို့ပြအမွေ အနှစ်စာရင်းဝင် လက်ရှိ ဘူတာကြီး အဆောက်အအုံဘေးရထားလမ်းများတည်ရှိသည့်နေရာတွင် တည် ဆောက်မည်ဖြစ်ကြောင်းသိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service