ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
### Zawgyi Version ###
အေမရိကန္ျပည္ေထာင္စု၏ ဖခင္ၾကီး ေဂ်ာ့ခ်္ဝါရွင္တန္ေနထို္င္ခဲ့ဖူးေသာ ႏွစ္ေပါင္း ၃၀၀ သက္တမ္းရွိ အမ်ဳိးသားသမိုင္းဝင္ ေနအိမ္ၾကီး သည္ နယူးဂ်ာစီျပည္နယ္၊ ပရင့္စ္တန္ျမိဳ႕လယ္မွ ၁၀ မိိနစ္ခရီးအကြာတြင္ တည္ရွိျပီး ၁၇၃၁ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့သည့္ စံအိမ္ၾကီး ျဖစ္သည္။
ပရင့္စ္တန္ျမိဳ႕၊ ေရာ့ကီေဟးလ္ သမိုင္းဝင္ခရိုင္တြင္ တည္ရွိကာ ယခင္က ဧက ၁၀၀ က်ယ္ဝန္းသည့္ ယာေတာျခံၾကီးျဖစ္သည္။
ပထမဆံုးပိုင္ရွင္ ေအဘရာဟမ္ အို- ေဗာ္ဟီးစ္ကို အစြဲျပဳကာ မာဖီ ေဗာ္ဟီးစ္စံအိမ္ဟု လူသိမ်ားသည္။
အဆိုပါစံအိမ္သည္ ေဒသတြင္းႏွင့္ အမ်ဳိးသားအဆင့္ ရတနာတစ္ပါးျဖစ္သည္ဟု သတ္မွတ္ထားၾကသည္။
စံအိမ္ၾကီးအတြက္ နာမည္အေက်ာ္ဆံုး သမိုင္းဝင္ျဖစ္ရပ္မွာ ၁၇၈၃ ခုႏွစ္တြင္ ေဂ်ာ့ခ်္ဝါရွင္တနု္ ေနထိုင္ခဲ့ဖူးျခင္းျဖစ္ျပီး ပဲရစ္စာခ်ဳပ္ (Treaty of Paris) ႏွင့္ စပ္လ်ဥ္း၍ သတင္းမ်ားေစာင့္ဆိုင္းေနစဥ္ အဆိုပါစံအိမ္ၾကီး၌ ေနထိုင္ခဲ့ျခင္း ျဖစ္သည္။
သမိုင္းဝင္ စံအိမ္ၾကီးတြင္ အိပ္ခန္း ၄ ခန္းပါဝင္ျပီး ေခတ္မီအဆင့္ျမွင့္တင္မြမ္းမံမႈမ်ား မ်ားစြာျပဳလုပ္ထားသည္။
ေရွးရိုး ကိုလိုနီ ေဆာ့တ္ေဘာက္စ္ ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျပီး ျခံအက်ယ္အဝန္း ၁ ဧကခန္႔ရိွသည္။
မူရင္းစံအိမ္တြင္ မီးခိုးေခါင္းတိုင္ ၄ ခုပါဝင္သည့္အနက္ ၃ ခုကို မူလအတိုင္းထိန္းသိမ္းထားရွိျပီး ႏွစ္ထပ္ေနအိမ္ျဖစ္သည္။
၂၁ ရာစု လူေနမႈဟန္ႏွင့္ သဟဇာတျဖစ္ေအာင္ မြမ္းမံထားျပီး မူရင္း မီးလင္းဖိုၾကီး ၂ ခု ယေန႔တိုင္ ေတြ႔ျမင္ႏိုင္ေသးသည္။
၁၇၈၀ ျပည့္ႏွစ္က ေဆာက္လုပ္ခဲ့ေသာ မူရင္း ဟင္းခ်က္မီးလင္းဖိုၾကီးမွာလည္း မူလအတိုင္း တည္ရွိေနေသးသည္။
ေခတ္မီအသံုးအေဆာင္မ်ားအျဖစ္ စတီးအသံုးအေဆာင္ပစၥည္းမ်ား၊ ဗဟိုအပူခ်ိန္ထိန္းညွိစနစ္၊ ကား ၂ စင္းဆန္႔ ကားဂိုေဒါင္တို႔ ပါဝင္သည္။
Master Bedroom တြင္ သီးသန္႔ မီးလင္းဖိုႏွင့္ အဝတ္အစားထားသိုခန္းတို႔ ပါဝင္သည္။
ေဂ်ာ့ခ်္ဝါရွင္တန္သည္ အေမရိကန္ျပည္ေထာင္စုကို တည္ေထာင္ခဲ့သည့္ ဖခင္ၾကီးမ်ားတြင္ တစ္ဦး အပါအဝင္ျဖစ္ျပီး အေမရိကန္၏ ပထမဆံုးသမၼတၾကီးျဖစ္ကာ ၁၇၈၉ ခုႏွစ္မွ ၁၇၉၇ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့သည္။
ေတာ္လွန္ေရးတပ္မ်ားကို ဦးေဆာင္ကာ အဂၤလိပ္နယ္ခ်ဲ႕တို႔ကို ေအာင္ျမင္စြာ တြန္းလွန္တိုက္ထုတ္ႏိုင္ခဲ့သူလည္း ျဖစ္သည္။
ေမြးဖြား- ၁၇၃၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၂ ရက္
ကြယ္လြန္- ၁၇၉၉ ခုႏွစ္၊ ဒီဇင္ဘာ ၁၄ ရက္
Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
### Unicode Version ###
အမေရိကန်ပြည်ထောင်စု၏ ဖခင်ကြီး ဂျော့ချ်ဝါရှင်တန်နေထိုင်ခဲ့ဖူးသော နှစ်ပေါင်း ၃၀၀ သက်တမ်းရှိ အမျိုးသားသမိုင်းဝင် နေအိမ်ကြီး သည် နယူးဂျာစီပြည်နယ်၊ ပရင့်စ်တန်မြို့လယ်မှ ၁၀ မိနစ်ခရီးအကွာတွင် တည်ရှိပြီး ၁၇၃၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် စံအိမ်ကြီး ဖြစ်သည်။
ပရင့်စ်တန်မြို့၊ ရော့ကီဟေးလ် သမိုင်းဝင်ခရိုင်တွင် တည်ရှိကာ ယခင်က ဧက ၁၀၀ ကျယ်ဝန်းသည့် ယာတောခြံကြီးဖြစ်သည်။
ပထမဆုံးပိုင်ရှင် အေဘရာဟမ် အို- ဗော်ဟီးစ်ကို အစွဲပြုကာ မာဖီ ဗော်ဟီးစ်စံအိမ်ဟု လူသိများသည်။
အဆိုပါစံအိမ်သည် ဒေသတွင်းနှင့် အမျိုးသားအဆင့် ရတနာတစ်ပါးဖြစ်သည်ဟု သတ်မှတ်ထားကြသည်။
စံအိမ်ကြီးအတွက် နာမည်အကျော်ဆုံး သမိုင်းဝင်ဖြစ်ရပ်မှာ ၁၇၈၃ ခုနှစ်တွင် ဂျော့ချ်ဝါရှင်တနု် နေထိုင်ခဲ့ဖူးခြင်းဖြစ်ပြီး ပဲရစ်စာချုပ် (Treaty of Paris) နှင့် စပ်လျဉ်း၍ သတင်းများစောင့်ဆိုင်းနေစဉ် အဆိုပါစံအိမ်ကြီး၌ နေထိုင်ခဲ့ခြင်း ဖြစ်သည်။
သမိုင်းဝင် စံအိမ်ကြီးတွင် အိပ်ခန်း ၄ ခန်းပါဝင်ပြီး ခေတ်မီအဆင့်မြှင့်တင်မွမ်းမံမှုများ များစွာပြုလုပ်ထားသည်။
ရှေးရိုး ကိုလိုနီ ဆော့တ်ဘောက်စ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ခြံအကျယ်အဝန်း ၁ ဧကခန့်ရှိသည်။
မူရင်းစံအိမ်တွင် မီးခိုးခေါင်းတိုင် ၄ ခုပါဝင်သည့်အနက် ၃ ခုကို မူလအတိုင်းထိန်းသိမ်းထားရှိပြီး နှစ်ထပ်နေအိမ်ဖြစ်သည်။
၂၁ ရာစု လူနေမှုဟန်နှင့် သဟဇာတဖြစ်အောင် မွမ်းမံထားပြီး မူရင်း မီးလင်းဖိုကြီး ၂ ခု ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။
၁၇၈၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့သော မူရင်း ဟင်းချက်မီးလင်းဖိုကြီးမှာလည်း မူလအတိုင်း တည်ရှိနေသေးသည်။
ခေတ်မီအသုံးအဆောင်များအဖြစ် စတီးအသုံးအဆောင်ပစ္စည်းများ၊ ဗဟိုအပူချိန်ထိန်းညှိစနစ်၊ ကား ၂ စင်းဆန့် ကားဂိုဒေါင်တို့ ပါဝင်သည်။
Master Bedroom တွင် သီးသန့် မီးလင်းဖိုနှင့် အဝတ်အစားထားသိုခန်းတို့ ပါဝင်သည်။
ဂျော့ချ်ဝါရှင်တန်သည် အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့သည့် ဖခင်ကြီးများတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး အမေရိကန်၏ ပထမဆုံးသမ္မတကြီးဖြစ်ကာ ၁၇၈၉ ခုနှစ်မှ ၁၇၉၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
တော်လှန်ရေးတပ်များကို ဦးဆောင်ကာ အင်္ဂလိပ်နယ်ချဲ့တို့ကို အောင်မြင်စွာ တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သူလည်း ဖြစ်သည်။
မွေးဖွား- ၁၇၃၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်
ကွယ်လွန်- ၁၇၉၉ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)