ကမၻာ့အထူးျခားဆံုး တည္းခိုခန္းမ်ား

ကမၻာ့အထူးျခားဆံုး တည္းခိုခန္းမ်ား - Property News in Myanmar from iMyanmarHouse.com
12 Jul 2019 11:49 am တွင် တင်ခဲ့သည်
1878 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အပန္းေျဖခရီးမ်ားထြက္ရန္ ၾကံရြယ္ျပီဆိုသည္ႏွင့္ ပထမဦးဆံုး သင့္အေတြးတြင္ ေရာက္ရွိလာမည္ကား မည္သည့္ေနရာသို႔ သြားေရာက္လည္ပတ္ရမည္နည္းဟူေသာ အေတြးပင္ ျဖစ္သည္။

သင္သည္ အပန္းေျဖခရီးထြက္ရန္ စီစဥ္ေနသည္ဆိုပါက ေအာက္ေဖာ္ျပပါေနရာမ်ားကို ေလ့လာၾကည့္ပါက သြားေရာက္လည္ပတ္လိုသည့္ ေနရာတစ္ခု ေတြ႔ရွိလာႏိုင္ပါသည္။

1. ဘာလီကၽြန္းက ဝါးေဂဟာ

မိမိသြားေရာက္လည္ပတ္လိုသည့္ စိတ္ကူးအိပ္မက္အတြင္းက ေနရာမ်ားကို ကၽြႏု္ပ္တို႔ ေတြးေတာခ်ိန္မ်ားတြင္ ဘာလီကၽြန္း ပါေလ့ရွိပါသည္။

ဘာလီကၽြန္းသည္ လူတိုင္းနီးပါးအတြက္ ဘဝတစ္သက္တာတြင္ အနည္းဆံုးတစ္ၾကိမ္ ေရာက္ဖူးလိုၾကေသာ ေနရာတစ္ခု ျဖစ္သည္။

အလြန္သာယာလွေသာ ကမၻာေက်ာ္ အပန္းေျဖစခန္းတြင္ ေစ်းသက္သာလွေသာ တည္းခိုရန္ ေနရာမ်ားရွိေနျခင္းေၾကာင့္ လူအမ်ား သြားေရာက္လည္ပတ္လိုၾကျခင္းမွာ အျပစ္ဆိုဖြယ္မရွိေခ်။

ဘာလီကၽြန္းရွိ ဝါးေဂဟာအိမ္ကေလးမ်ားတြင္ တစ္ညတာ တည္းခိုခမွာ ၂၂၇ ေဒၚလာသာ ေပးရသည္။

2. မကၠဆီကိုက ခရုစံအိမ္

မကၠဆီကို ႏိုင္ငံ၏ အေရွ႕ဘက္ ကာရစ္ဘီယန္ပင္လယ္အတြင္းရွိ ကၽြန္းကေလးတစ္ခုျဖစ္ေသာ မူဂ်ာရက္စ္ကၽြန္းေပၚရွိ Casa Caracol အမည္ရွိ ခရုစံအိမ္မွာကမၻာေက်ာ္သည္။ မကၠဆီကိုႏိုင္ငံအေရွ႕ပုိင္း ပင္လယ္ကမ္းရိုးတန္းရွိ Cancún ျမိဳ႕မွ ၁၃ ကီလိုမီတာ ေဝးကြာေသာ ကမ္းလြန္ပင္လယ္ျပင္အတြင္း တည္ရွိသည္။

ကမၻာေပၚတြင္ တည္းခိုရန္ အေကာင္းဆံုးေနရာမ်ားစာရင္းကို ျပဳစုမည္ဆိုလွ်င္ Casa Caracol စံအိမ္ကို မေဖာ္ျပဘဲ ျပီးျပည့္စံုသည့္ စာရင္းမျဖစ္ႏိုင္ပါ။

သမုဒၵရာ၏ တီးတိုးစကားသံ၊ ပင္လယ္ေလညွင္း၏ ပြတ္သပ္က်ီစယ္မႈမ်ားၾကားမွ ႏိုးထလာရသည့္ ၾကည္ႏူးဖြယ္ အေတြ႔အၾကံဳကို ရရွိေစမည့္ေနရာတစ္ခု ျဖစ္၏။

အပူပိုင္းေဒသေပါက္ေရာက္ေသာ သစ္ပင္မ်ား၊ အုန္းပင္မ်ား ဝန္းပတ္လ်က္ရွိေသာ ေရကူးကန္တြင္လည္း ေခတၱေရကူးၾကည့္ျပီးမွ ပင္လယ္ဘက္သို႔ ေလညွင္းခံထြက္ႏိုင္သည္။ တစ္ညတာ တည္းခိုခမွာ ကန္ေဒၚလာ ၃၀၂ ေဒၚလာျဖစ္သည္။

3. ပီရူးႏိုင္ငံမွ ေကာင္းကင္မွန္အိမ္ကေလးမ်ား

အကယ္၍ သင္သည္ အရာရာမွ ထြက္ေျပးလြတ္ေျမာက္လိုသူျဖစ္ေနပါက ဤေကာင္းကင္မွန္အိမ္ကေလးမ်ားမွာ သင့္အတြက္ အလြန္ေကာင္းမြန္သည့္ေနရာတစ္ခု ျဖစ္သည္။

တည္ေနရာမွာ ပီရူးႏိုင္ငံ၏ ေတာင္တန္းမ်ားတြင္တည္ရွိျပီး မိမိတစ္ဦးတည္း လြတ္လပ္စြာ ျဖတ္သန္းအခ်ိန္ကုန္ဆံုးႏိုင္မည့္ ေနရာတစ္ခုျဖစ္သည္။

တစ္ညတာ တည္းခိုခမွာ ကန္ေဒၚလာ ၅၈၁ ျဖစ္သည္။

4. ဘာလီကၽြန္းမွ ၅ ထပ္ ဝါးနန္းေတာ္

ရင္သပ္ရႈေမာဖြယ္ေကာင္းလွေသာ ဤဝါးနန္းေတာ္အေဆာက္အအံုမွာမူ လာမည့္ႏွစ္အနည္းငယ္အထိ တည္းခိုႏိုင္ဦးမည္ မဟုတ္ေသးေခ်။

ဝါးနန္းေတာ္ တည္းခိုအိမ္တြင္ သင့္အတြက္ ကိုယ္ပိုင္ဝန္ထမ္းရရွိမည္ျဖစ္ျပီး ေနထိုင္စဥ္ကာလတစ္ေလွ်ာက္ သင့္အတြက္ အစားအေသာက္မ်ား ခ်က္ျပဳတ္စီစဥ္ေပးမည့္ စားဖိုမွဴးတစ္ဦးပင္ ငွားရမ္းႏိုင္သည္ဟု ဆိုသည္။

5. ဝါရွင္တန္ျပည္နယ္က ေျမေအာက္ဗိမၼာန္

အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္ျပည္နယ္၊ ေဒါက္ဂလပ္စ္ခရိုင္ ကိုလံဘီယာျမစ္ကမ္း၏ အေရွ႕ဘက္တြင္ရွိေသာ အိုရြန္ဒိုအရပ္တြင္ ေမွာ္ဆန္လွကာ လူရိုင္းတို႔ဗိမၼာန္သဖြယ္ထင္ရေသာ စံအိမ္တစ္လံုးရွိသည္။

ဝန္းဝိုင္းေသာ အဝင္လမ္းျဖင့္ ေဘာင္ခတ္ထားျပီး ရင္သပ္ရႈေမာဖြယ္ ျမင္ကြင္းမ်ားက သင္၏ အာရံုအတြင္း ခ်ဥ္းနင္းဝင္ေရာက္လာမည္ျဖစ္ကာ မေမ့ႏိုင္ဖြယ္အခ်ိန္မ်ားကို ပိုင္ဆိုင္ႏိုင္မည္ဟု ရည္ညႊန္းထားသည္။

စံအိမ္၏ ေနရာတိုင္းသည္ သင္၏ေျခဖဝါးတို႔ကို ေႏြးေထြးေစမည္ျဖစ္ျပီး ဆိတ္ျငိမ္သည့္ေနရာတိုင္းက သင္၏နားေနမႈ ခရီးစဥ္ကို စြဲလမ္းစဖြယ္ ျဖစ္ေစလိမ့္မည္ ျဖစ္သည္။

ေလွ်ာက္လမ္းတို႔အဆံုးတြင္ကား ေျမေအာက္သို႔ ေဆာင္ၾကဥ္းေပးသြားမည္ျဖစ္သည့္ မယံုႏိုင္ဖြယ္အေတြ႔အၾကံဳက သင့္အားေစာင့္ဆိုင္းေနသည္။

ေမွာ္ဆန္လွေသာ ထိုေနရာတြင္ တစ္ညတာ ၂ ဦးတည္းခိုမည္ဆိုလွ်င္ ကန္ေဒၚလာ ၅၉၄ ခန္႔သာ က်သင့္မည္ ျဖစ္သည္။

6. ေနာ္ေဝႏိုင္ငံက ကိုယ္ပိုင္ကၽြန္းကေလး

တခါတရံတြင္ သင္သည္လူအမ်ားၾကား ေနထိုင္ရသည္ကို စိတ္ပ်က္လာခ်ိန္မ်ား ရွိလာႏိုင္သည္။

ထိုအခ်ိန္မ်ဳိးတြင္ သင့္အတြက္လိုအပ္သည္မွာ ကိုယ္ပိုင္ကၽြန္းတစ္ကၽြန္းျဖစ္၏။

လူ႔ပတ္ဝန္းက်င္မွ ထြက္ေျပးလိုသည့္ ခံစားခ်က္မ်ား ျဖစ္ေပၚေနသည္ဆိုပါက ေနာ္ေဝရွိ ကိုယ္ပိုင္ကၽြန္းကေလးသို႔ သြားေရာက္ၾကည့္ပါ။

ထိုကၽြန္းကေလးတြင္ သင္ႏွင့္အတူ သင့္မိတ္ေဆြသူငယ္ခ်င္း ၆ ဦးခန္႔ သက္ေတာင့္သက္သာ တည္းခိုႏိုင္မည္ျဖစ္၏။ တစ္ညတာ တည္းခိုခမွာ ကန္ေဒၚလာ ၂၉၀ သာ ျဖစ္သည္။

7. အတၱလႏၱာက လင့္စင္အိမ္

အဆိုပါလင့္စင္အိမ္သည္ ကမၻာေပၚတြင္ လူမ်ားအေနထိုင္လိုဆံုး ေနရာတစ္ခုအျဖစ္ ၂၀၁၆ ႏွင့္ ၂၀၁၇ ခုႏွစ္ ၂ ႏွစ္ဆက္တိုက္ နံပါတ္ ၁ ေနရာတြင္ ရပ္တည္ခဲ့သည္။

ကမၻာ့အေကာင္းဆံုး တည္းခိုရန္ေနရာတြင္ တည္းခိုလိုသည္ဆိုပါက သင္ႏွင့္ သင့္အေဖာ္အတြက္ တစ္ညလွ်င္ ကန္ေဒၚလာ ၄၅၀ က်သင့္မည္ ျဖစ္သည္။

8. ဖင္လန္ႏိုင္ငံက ႏွင္းဂူ

ႏွင္းဂူအစစ္ တစ္ခုအတြင္း အိပ္စက္ရန္ စိတ္ကူးၾကံရြယ္ခဲ့ဖူးပါသလား။

ႏွင္းဂူအတြင္းမွ အပူခ်ိန္မွာ ၁၆ ဒီဂရီ စင္တီဂရိတ္ခန္႔သာ ရွိႏိုင္သည္ကိုလည္း သိပါသလား။

အကယ္၍ သင္သည္ အေအးဒဏ္မေၾကာက္သူတစ္ဦးဆိုပါက ဖင္လန္ႏိုင္ငံသို႔ သြားေရာက္လည္ပတ္ကာ ႏွင္းဂူထဲတြင္ တစ္ညလွ်င္ ကန္ေဒၚလာ ၇၉၂ (မိတ္ေဆြ ၅ ဦး ေခၚယူႏိုင္) ေပးကာ အိပ္စက္ၾကည့္သင့္၏။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

အပန်းဖြေခရီးများထွက်ရန် ကြံရွယ်ပြီဆိုသည်နှင့် ပထမဦးဆုံး သင့်အတွေးတွင် ရောက်ရှိလာမည်ကား မည်သည့်နေရာသို့ သွားရောက်လည်ပတ်ရမည်နည်းဟူသော အတွေးပင် ဖြစ်သည်။

သင်သည် အပန်းဖြေခရီးထွက်ရန် စီစဉ်နေသည်ဆိုပါက အောက်ဖော်ပြပါနေရာများကို လေ့လာကြည့်ပါက သွားရောက်လည်ပတ်လိုသည့် နေရာတစ်ခု တွေ့ရှိလာနိုင်ပါသည်။

1. ဘာလီကျွန်းက ဝါးဂေဟာ

မိမိသွားရောက်လည်ပတ်လိုသည့် စိတ်ကူးအိပ်မက်အတွင်းက နေရာများကို ကျွနု်ပ်တို့ တွေးတောချိန်များတွင် ဘာလီကျွန်း ပါလေ့ရှိပါသည်။

ဘာလီကျွန်းသည် လူတိုင်းနီးပါးအတွက် ဘဝတစ်သက်တာတွင် အနည်းဆုံးတစ်ကြိမ် ရောက်ဖူးလိုကြသော နေရာတစ်ခု ဖြစ်သည်။

အလွန်သာယာလှသော ကမ္ဘာကျော် အပန်းဖြေစခန်းတွင် ဈေးသက်သာလှသော တည်းခိုရန် နေရာများရှိနေခြင်းကြောင့် လူအများ သွားရောက်လည်ပတ်လိုကြခြင်းမှာ အပြစ်ဆိုဖွယ်မရှိချေ။

ဘာလီကျွန်းရှိ ဝါးဂေဟာအိမ်ကလေးများတွင် တစ်ညတာ တည်းခိုခမှာ ၂၂၇ ဒေါ်လာသာ ပေးရသည်။

2. မက္ကဆီကိုက ခရုစံအိမ်

မက္ကဆီကို နိုင်ငံ၏ အရှေ့ဘက် ကာရစ်ဘီယန်ပင်လယ်အတွင်းရှိ ကျွန်းကလေးတစ်ခုဖြစ်သော မူဂျာရက်စ်ကျွန်းပေါ်ရှိ Casa Caracol အမည်ရှိ ခရုစံအိမ်မှာကမ္ဘာကျော်သည်။ မက္ကဆီကိုနိုင်ငံအရှေ့ပိုင်း ပင်လယ်ကမ်းရိုးတန်းရှိ Cancún မြို့မှ ၁၃ ကီလိုမီတာ ဝေးကွာသော ကမ်းလွန်ပင်လယ်ပြင်အတွင်း တည်ရှိသည်။

ကမ္ဘာပေါ်တွင် တည်းခိုရန် အကောင်းဆုံးနေရာများစာရင်းကို ပြုစုမည်ဆိုလျှင် Casa Caracol စံအိမ်ကို မဖော်ပြဘဲ ပြီးပြည့်စုံသည့် စာရင်းမဖြစ်နိုင်ပါ။

သမုဒ္ဒရာ၏ တီးတိုးစကားသံ၊ ပင်လယ်လေညှင်း၏ ပွတ်သပ်ကျီစယ်မှုများကြားမှ နိုးထလာရသည့် ကြည်နူးဖွယ် အတွေ့အကြုံကို ရရှိစေမည့်နေရာတစ်ခု ဖြစ်၏။

အပူပိုင်းဒေသပေါက်ရောက်သော သစ်ပင်များ၊ အုန်းပင်များ ဝန်းပတ်လျက်ရှိသော ရေကူးကန်တွင်လည်း ခေတ္တရေကူးကြည့်ပြီးမှ ပင်လယ်ဘက်သို့ လေညှင်းခံထွက်နိုင်သည်။ တစ်ညတာ တည်းခိုခမှာ ကန်ဒေါ်လာ ၃၀၂ ဒေါ်လာဖြစ်သည်။

3. ပီရူးနိုင်ငံမှ ကောင်းကင်မှန်အိမ်ကလေးများ

အကယ်၍ သင်သည် အရာရာမှ ထွက်ပြေးလွတ်မြောက်လိုသူဖြစ်နေပါက ဤကောင်းကင်မှန်အိမ်ကလေးများမှာ သင့်အတွက် အလွန်ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်သည်။

တည်နေရာမှာ ပီရူးနိုင်ငံ၏ တောင်တန်းများတွင်တည်ရှိပြီး မိမိတစ်ဦးတည်း လွတ်လပ်စွာ ဖြတ်သန်းအချိန်ကုန်ဆုံးနိုင်မည့် နေရာတစ်ခုဖြစ်သည်။

တစ်ညတာ တည်းခိုခမှာ ကန်ဒေါ်လာ ၅၈၁ ဖြစ်သည်။

4. ဘာလီကျွန်းမှ ၅ ထပ် ဝါးနန်းတော်

ရင်သပ်ရှုမောဖွယ်ကောင်းလှသော ဤဝါးနန်းတော်အဆောက်အအုံမှာမူ လာမည့်နှစ်အနည်းငယ်အထိ တည်းခိုနိုင်ဦးမည် မဟုတ်သေးချေ။

ဝါးနန်းတော် တည်းခိုအိမ်တွင် သင့်အတွက် ကိုယ်ပိုင်ဝန်ထမ်းရရှိမည်ဖြစ်ပြီး နေထိုင်စဉ်ကာလတစ်လျှောက် သင့်အတွက် အစားအသောက်များ ချက်ပြုတ်စီစဉ်ပေးမည့် စားဖိုမှူးတစ်ဦးပင် ငှားရမ်းနိုင်သည်ဟု ဆိုသည်။

5. ဝါရှင်တန်ပြည်နယ်က မြေအောက်ဗိမ္မာန်

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ ဒေါက်ဂလပ်စ်ခရိုင် ကိုလံဘီယာမြစ်ကမ်း၏ အရှေ့ဘက်တွင်ရှိသော အိုရွန်ဒိုအရပ်တွင် မှော်ဆန်လှကာ လူရိုင်းတို့ဗိမ္မာန်သဖွယ်ထင်ရသော စံအိမ်တစ်လုံးရှိသည်။

ဝန်းဝိုင်းသော အဝင်လမ်းဖြင့် ဘောင်ခတ်ထားပြီး ရင်သပ်ရှုမောဖွယ် မြင်ကွင်းများက သင်၏ အာရုံအတွင်း ချဉ်းနင်းဝင်ရောက်လာမည်ဖြစ်ကာ မမေ့နိုင်ဖွယ်အချိန်များကို ပိုင်ဆိုင်နိုင်မည်ဟု ရည်ညွှန်းထားသည်။

စံအိမ်၏ နေရာတိုင်းသည် သင်၏ခြေဖဝါးတို့ကို နွေးထွေးစေမည်ဖြစ်ပြီး ဆိတ်ငြိမ်သည့်နေရာတိုင်းက သင်၏နားနေမှု ခရီးစဉ်ကို စွဲလမ်းစဖွယ် ဖြစ်စေလိမ့်မည် ဖြစ်သည်။

လျှောက်လမ်းတို့အဆုံးတွင်ကား မြေအောက်သို့ ဆောင်ကြဉ်းပေးသွားမည်ဖြစ်သည့် မယုံနိုင်ဖွယ်အတွေ့အကြုံက သင့်အားစောင့်ဆိုင်းနေသည်။

မှော်ဆန်လှသော ထိုနေရာတွင် တစ်ညတာ ၂ ဦးတည်းခိုမည်ဆိုလျှင် ကန်ဒေါ်လာ ၅၉၄ ခန့်သာ ကျသင့်မည် ဖြစ်သည်။

6. နော်ဝေနိုင်ငံက ကိုယ်ပိုင်ကျွန်းကလေး

တခါတရံတွင် သင်သည်လူအများကြား နေထိုင်ရသည်ကို စိတ်ပျက်လာချိန်များ ရှိလာနိုင်သည်။

ထိုအချိန်မျိုးတွင် သင့်အတွက်လိုအပ်သည်မှာ ကိုယ်ပိုင်ကျွန်းတစ်ကျွန်းဖြစ်၏။

လူ့ပတ်ဝန်းကျင်မှ ထွက်ပြေးလိုသည့် ခံစားချက်များ ဖြစ်ပေါ်နေသည်ဆိုပါက နော်ဝေရှိ ကိုယ်ပိုင်ကျွန်းကလေးသို့ သွားရောက်ကြည့်ပါ။

ထိုကျွန်းကလေးတွင် သင်နှင့်အတူ သင့်မိတ်ဆွေသူငယ်ချင်း ၆ ဦးခန့် သက်တောင့်သက်သာ တည်းခိုနိုင်မည်ဖြစ်၏။ တစ်ညတာ တည်းခိုခမှာ ကန်ဒေါ်လာ ၂၉၀ သာ ဖြစ်သည်။

7. အတ္တလန္တာက လင့်စင်အိမ်

အဆိုပါလင့်စင်အိမ်သည် ကမ္ဘာပေါ်တွင် လူများအနေထိုင်လိုဆုံး နေရာတစ်ခုအဖြစ် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ၂ နှစ်ဆက်တိုက် နံပါတ် ၁ နေရာတွင် ရပ်တည်ခဲ့သည်။

ကမ္ဘာ့အကောင်းဆုံး တည်းခိုရန်နေရာတွင် တည်းခိုလိုသည်ဆိုပါက သင်နှင့် သင့်အဖော်အတွက် တစ်ညလျှင် ကန်ဒေါ်လာ ၄၅၀ ကျသင့်မည် ဖြစ်သည်။

8. ဖင်လန်နိုင်ငံက နှင်းဂူ

နှင်းဂူအစစ် တစ်ခုအတွင်း အိပ်စက်ရန် စိတ်ကူးကြံရွယ်ခဲ့ဖူးပါသလား။

နှင်းဂူအတွင်းမှ အပူချိန်မှာ ၁၆ ဒီဂရီ စင်တီဂရိတ်ခန့်သာ ရှိနိုင်သည်ကိုလည်း သိပါသလား။

အကယ်၍ သင်သည် အအေးဒဏ်မကြောက်သူတစ်ဦးဆိုပါက ဖင်လန်နိုင်ငံသို့ သွားရောက်လည်ပတ်ကာ နှင်းဂူထဲတွင် တစ်ညလျှင် ကန်ဒေါ်လာ ၇၉၂ (မိတ်ဆွေ ၅ ဦး ခေါ်ယူနိုင်) ပေးကာ အိပ်စက်ကြည့်သင့်၏။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service