စင်္ကာပူ၏ဈေးအကြီးဆုံး တိုက်ခန်းအား ဗြိတိန်ဘီလျံနာ ဂျိမ်းစ်ဒိုင်ဆင် ဝယ်ယူ
စင်္ကာပူ၏ဈေးအကြီးဆုံး တိုက်ခန်းအား ဗြိတိန်ဘီလျံနာ ဂျိမ်းစ်ဒိုင်ဆင် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
11 Jul 2019 11:40 am တွင် တင်ခဲ့သည်
2011 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
အမှိုက်အိတ်မပါသော ဖုန်စုပ်စက်တီထွင်သူ ဗြိတိန်ဘီလျံနာ ဂျိမ်းစ်ဒိုင်ဆင်သည် ၎င်းတို့ကုမ္ပဏီမှ လျှပ်စစ်ကားထုတ်လုပ်ရန် စီစဉ်နေသည့် စင်္ကာပူတွင် ဈေးအကြီးဆုံး penthouse အခန်း (အထပ်မြင့်အဆောက်အအုံအပေါ်ဆုံးရှိအခန်း) ကို ဝယ်ယူလိုက်ပြီဖြစ်သည်။
စင်္ကာပူ၏ အမြင့်ဆုံးအဆောက်အအုံအပေါ်ဆုံးရှိ သုံးထပ်ရှိသော super penthouse ကို စင်္ကာပူဒေါ်လာ ၇၃ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုယ်ပိုင်ဓာတ်လှေကားဖြင့် အဝင်အထွက်ပြုလုပ်နိုင်သော စတုရန်းပေ ၂၁,၀၀၀ ကျယ်ဝန်းကာ စင်္ကာပူဒေါ်လာ သန်း ၁၀၀ အထိ အဖိုးတန်ခဲ့ဖူးသည့် ၎င်းတိုက်ခန်းတွင် အိပ်ခန်း ၅ ခန်း၊ ပုလင်း ၆၀၀ ဆံ့သော ဝိုင်လှောင်ခန်း၊ ရေကူးကန်၊ ဂျာကူဇီ (သို့) ရေစိမ်ချိုးကန်နှင့် Marina Bay Sands အပါအဝင် စင်္ကာပူမြို့ပြရှုခင်းများအား ကြည့်ရှုခံစားနိုင်သော ပုဂ္ဂလိကဥယျာဉ်တို့ ပါဝင်ကြောင်း ၎င်းတိုက်ခန်း၏ ဈေးကွက်ရှာဖွေရေးအချက်အလက်များတွင် ဖော်ပြထားသည်။
၎င်း Wallich Residence super penhouse တိုက်ခန်းသည် GuocoLand မှ တည်ဆောက်သော Tanjong Pagar Centre ဟု ယခင်လူသိများခဲ့သည့် စင်္ကာပူရှိအမြင့်ဆုံးအဆောက်အအုံ Guoco Tower ၏ ၆၂ လွှာမှ ၆၄ လွှာအထိဖြစ်သည်။ Guoco Tower ၏ ၃၉ လွှာမှ ၆၄ လွှာအထိသည် Wallich Residence ဖြစ်သည်။
Wallich Residence တွင် အိပ်ခန်း ၁ ခန်းမှ ၄ ခန်းအထိ ပါဝင်သော တိုက်ခန်းများ၊ penthouse ၄ ခန်းနှင့် super penthouse ၁ ခန်း အပါအဝင် လူနေအိမ်ခန်း ၁၈၁ ခန်း ရှိသည်။
၎င်း super penthouse အခန်းအား ချမပြမီ ၂၀၁၇ ခုနှစ်တွင် ခေါ်ဈေးမှာ စင်္ကာပူဒေါ်လာ သန်း ၁၀၀ သို့ ခေါင်ခိုက်ခဲ့ပြီး စင်္ကာပူ၏ ဈေးအကြီးဆုံးတိုက်ခန်းဖြစ်လာခဲ့သည်။
အသက် ၇၂ နှစ်ရှိ ဒိုင်ဆင်က သူ၏ကုမ္ပဏီအား အလျင်မြန်ဆုံးဖွံ့ဖြိုးနေသည့် ဈေးကွက်များနှင့် ပိုမိုနီးကပ်စေရန် ရုံးချုပ်အား ဗြိတိန်မှ စင်္ကာပူသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ဇန်နဝါရီတွင် ကြေညာခဲ့သည်။
ဒလက်မပါသောပန်ကာ၊ လေသန့်စင်စက်များနှင့် ဆံပင်လေမှုတ်စက်များ စသည်ဖြင့် ထုတ်ကုန်များစွာထုတ်လုပ်သော၊ ဒေါ်လာဘီလျံများစွာတန်သည့် သူ၏ ကုမ္ပဏီသည် စင်္ကာပူတွင် သူတို့ကုမ္ပဏီ၏ ပထမဆုံးလျှပ်စစ်ကားကို ထုတ်လုပ်ရန်လည်း စီစဉ်နေသေည်။
ဒိုင်ဆင်နှင့် သူ၏ဇနီးတို့သည် ၉၉ နှစ် စာချုပ်ဖြင့် မြေငှားရမ်းထားသော ၎င်းတိုက်ခန်းကို ဇွန် ၂၀ တွင် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း Reuters သတင်းဌာနမှ ကြည့်ခွင့်ရသော စာချုပ်စာတမ်းမှတ်တမ်းများက ဖော်ပြခဲ့ကြောင်း သိရသည်။
ထိုမှတ်တမ်းများတွင် ဒိုင်ဆင်တို့ဝယ်ယူခဲ့သည့်ဈေးနှုန်းကို မဖော်ပြထားသော်လည်း စင်္ကာပူတွင် PR (အမြဲတမ်းနေထိုင်ခွင့်) ရရှိထားသော ဒိုင်ဆင်သည် ၎င်းတိုက်ခန်းအား စင်္ကာပူဒေါ်လာ ၇၃ ဒသမ ၈ သန်း ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြခြင်းဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service