ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆန်ဖရန်စစ္စကိုမြို့ကြီးထက် ပိုမိုကျယ်ဝန်းသော မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၇၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆန်ဖရန်စစ္စကိုမြို့ကြီးထက် ပိုမိုကျယ်ဝန်းသော မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၇၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
10 Jul 2019 11:25 am တွင် တင်ခဲ့သည်
785 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆန်ဖရန်စစ္စကိုမြို့ကြီးထက် ပိုမိုကျယ်ဝန်းသော မွေးမြူရေးခြံကြီး တစ်ခြံကို ကန်ဒေါ်လာ ၇၂ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အကျယ်အဝန်းအားဖြင့် ဧကပေါင်း ၅၀၅၀၀ ရှိပြီး နွားကောင်ရေ ၁၅၀၀ ခန့် မွေးမြူထားကာ ပြည်နယ်အတွင်း အရောင်းဈေးကွက်ဝင်လာသည့် မြေကွက်များတွင် အကြီးမားဆုံး ဖြစ်သည်။
အုတ်ခ်လန်းမြို့မှ မိုင် ၄၀ ခန့်သာ ဝေးကွာပြီး N3 Cattle Company ဟု မွေးမြူရေးခြံကြီးကို အမည်ပေးထားသည်။
N3 Cattle Company ကို မိသားစုတစ်ခုတည်းက ၈၅ နှစ်ခန့် ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်ပြီး ကောင်တီနယ်မြေ ၄ ခုတွင် ဖြန့်ကျက်တည်ရှိရာ ဆန်တာ ကလာရာ ၊ အယ်လာမီဒါ၊ ဆန်ဟွာကင်းနှင့် စတေးနစ် စလော့ ကောင်တီတို့ ဖြစ်ကြသည်။
ခြံကြီးအတွင်း မြစ်ဆုံများ၊ ချောင်းများ၊ မတ်စောက်လှသည့် ချောက်ကြီးများ၊ သစ်တောများ၊ ရေကန်များ၊ မြက်ခင်းပြင်ကြီးများစွာ တည်ရှိနေသည်။ ခြံဝန်းအတွင်း အမြင့်မားဆုံးနေရာမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ခန့် မြင့်မားသည်။
ပင်မနေအိမ်မှာ ခပ်နိမ့်နိမ့်နေအိမ်တစ်လုံးဖြစ်ပြီး ဝန်ထမ်းများအတွက် တဲအိမ် ၄ ခုလည်း ပါဝင်သည်။
တောင်တက်ရန် ၊ ခရီးဝေးလမ်းလျှောက်ရန်အတွက် ခြံဝန်းကြီးအတွင်းရှိ သီးသန့်လမ်းများသည်ပင်လျှင် မိုင် ၂၀၀ ခန့် ရှည်လျားသည်။
ရောင်းချသူများမှာ မွေးမြူရေးလုပ်ငန်းကို မျိုးဆက် ၄ ဆက် လုပ်ကိုင်လာခဲ့ကြသော ဆန်ဒြာ နက်ဇ်ဂါနှင့် နာတာလီ နက်ဇ်ဂါ ဒါဗီးစ်တို့ ညီအစ်မများ ဖြစ်သည်။
၎င်းတို့မိသားစုသည် အရီဇိုးနား၊ ကယ်လီဖိုးနီးယားနှင့် အော်ရီဂွန်ပြည်နယ်တို့တွင် နွားမွေးမြူရေးလုပ်ငန်းကို နှစ်ပေါင်း ၁၃၅ နှစ်တိုင် အစဉ်အဆက် လုပ်ကိုင်ခဲ့ကြကြောင်း ဆန်ဒြာ နက်ဇ်ဂါက ပြောကြားသည်။
ကယ်လီဖိုးနီးယားမှ မွေးမြူရေးခြံနေရာကိုမူ ၁၉၃၀ နှင့် ၁၉၄၀ ပြည့်လွန်ကာလများအတွင်း ၎င်းတို့၏ အဘွားဖြစ်သူက ဝယ်ယူခဲ့ပြီး ဖခင်ဖြစ်သူ ရွိုင် အက်ဂါ တက်ဒ် နက်ဇ်ဂါက ၁၉၈၀ ပြည့်လွန်ကာလများတစ်လျှောက်တွင် ခြံကို ကြီးမားစွာ တိုးချဲ့မှုများ ပြုလုပ်ခဲ့သည်။
၎င်းတို့ ညီအစ်မသည် ကလေးဘဝအချိန်အများစုကို ကယ်လီဖိုးနီးယား မွေးမြူရေးခြံကြီးအတွင်း ကုန်လွန်ဖြတ်သန်းခဲ့ကြောင်း ဆန်ဒြာ နက်ဇ်ဂါက ပြောကြားသည်။ ဆန်ဒြာ နက်ဇ်ဂါသည် ဤခြံကြီးကို ဦးစီးလည်ပတ်နေသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကာလတစ်လျှောက် ဖြစ်သည်။
“မွေးမြူရေးလုပ်ငန်းအပေါ် လေးစားမှုထားဖို့ အဖေက ကျွန်မတို့ကို အမြဲတမ်းသွန်သင်ဆုံးမခဲ့တယ်။ ကျွန်မတို့ဟာ မန်နေဂျာတွေ၊ နွားကျောင်းသားတွေနဲ့အတူ အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။ ဒါက ရွာကြီးတစ်ရွာပါပဲ”
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
INNO CITY
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service