နိုင်ငံခြားသားများအတွက် ဒုတိယအကောင်းဆုံးနေရာသို့ စင်္ကာပူ အဆင့်ကျ
နိုင်ငံခြားသားများအတွက် ဒုတိယအကောင်းဆုံးနေရာသို့ စင်္ကာပူ အဆင့်ကျ - Property News in Myanmar from iMyanmarHouse.com
9 Jul 2019 10:40 am တွင် တင်ခဲ့သည်
872 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ပြီးခဲ့သည့်လေးနှစ်တိုင် ထိပ်ဆုံးတွင် ရပ်တည်ခဲ့ပြီးနောက် စင်္ကာပူသည် နိုင်ငံခြားသားများအတွက် အလုပ်လုပ်ကိုင်ရန်နှင့် နေထိုင်ရန် အကောင်းဆုံးနေရာအဖြစ်မှ လျှောကျခဲ့ပြီး ၎င်းနေရာအား ဆွစ်ဇာလန်က သိမ်းပိုက်ခဲ့ကြောင်း HSBC ဘဏ်၏ စစ်တမ်းတစ်ရပ်အား ကိုးကား၍ CNA သတင်းဌာနက ဖော်ပြခဲ့သည်။
HSBC ၏ ၎င်း ၂၀၁၉ ခုနှစ် နိုင်ငံရပ်ခြားအခြေချနေထိုင်သူစစ်တမ်း၏ ထိပ်တန်း ၁၀ နိုင်ငံတွင် ကနေဒါက တတိယရရှိခဲ့ပြီး စပိန်၊ နယူးဇီလန်၊ သြစတြေးလျ၊ တူရကီ၊ ဂျာမနီ၊ ယူအေအီးနှင့် ဗီယက်နမ်တို့က အစဉ်လိုက်အသီးသီးနေရာယူခဲ့ကြသည်။
နံပါတ် ၁ နေရာသို့ ဆွစ်ဇာလန်တက်လှမ်းနိုင်ခဲ့ခြင်းမှာ နိုင်ငံ၏ ရာဇဝတ်မှုဖြစ်ပွားနှုန်းနည်းပါးခြင်း၊ လေထုညစ်ညမ်းမှုအဆင့်နိမ့်ပါးခြင်း၊ လမ်းများတွင်ဘေးကင်းလုံခြုံမှုရှိခြင်း၊ စီးပွားရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့ကြောင့်ဖြစ်ကြောင်း ထိုစစ်တမ်းက ဖော်ပြခဲ့သည်။
ဆွစ်ဇာလန်သည် လာရောက်နေထိုင်သည့် နိုင်ငံခြားသားများအား ပိုမိုကောင်းမွန်သော ဘဝအဆင့်အတန်း၊ လစာနှင့် အလုပ်အကိုင်တိုးတက်မှုတို့ကို ရရှိစေကြောင်းလည်း ၎င်းစစ်တမ်းက မှတ်ချက်ပြုခဲ့သည်။
ဆွစ်ဇာလန်ရှိ နိုင်ငံခြားသားများ၏ ၇၁ ရာခိုင်နှုန်းက သူတို့သည် ဆွစ်ဇာလန်သို့ ပြောင်းရွှေ့နေထိုင်ကြသောအခါ ပိုမိုကောင်းမွန်သောဝင်ငွေကို ရရှိကြကြောင်း ပြောကြားခဲ့ကြသည်။ ဆွစ်ဇာလန်တွင် ပျမ်းမျှနိုင်ငံခြားသားလစာမှာ အမေရိကန်ဒေါ်လာ ၁၁၁,၅၈၇ ဒေါ်လာဖြစ်ပြီး ကမ္ဘာတစ်ဝန်းပျမ်းမျှနိုင်ငံခြားသားလစာ အမေရိကန်ဒေါ်လာ ၇၅,၉၆၆ ထက် သိသိသာသာများပြားသည်။
မည်သို့ပင်ဖြစ်စေ စင်္ကာပူသည် ကလေးနှင့်အတူလာရောက်နေထိုင်သော နိုင်ငံခြားသားများအတွက ်အကောင်းဆုံးနေရာအဖြစ် ရပ်တည်ဆဲဖြစ်သည်။ စင်္ကာပူရှိ နိုင်ငံခြားသားများ၏ ၆၂ ရာခိုင်နှုန်းဝန်းကျင်က စင်္ကာပူပညာရေးစနစ်သည် သူတို့မိခင်နိုင်ငံများ၏ ပညာရေးစနစ်ထက် ပိုမိုကောင်းမွန်ကြောင်း ပြောကြားခဲ့ကြပြီး သုံးပုံနှစ်ပုံကျော်က သူတို့ကလေးများကိုဘာသာစကားသင်ကြားရန် စင်္ကာပူမှပေးသောအခွင့်အလမ်းများနှင့်ပတ်သက်၍ ချီးမွမ်းခဲ့ကြသည်။
“ကုန်စည်နဲ့ဝန်ဆောင်မှုများ တင်သွင်းမှုတင်ပို့မှုတို့ကြောင့် စင်္ကာပူသည် အာရှ၏ အဓိကကုန်သွယ်ရေးအချက်အချာနေရာတစ်ခုဖြစ်သည့်အပြင် ဖွံ့ဖြိုးနေသော ဒေသတွင်းစီးပွားရေး၏ အဓိကအကြောင်းခံတစ်ခုလည်းဖြစ်သည်။” ဟုလည်း HSBC က မှတ်ချက်ပြုခဲ့သည်။
ဗြိတိန်ရှိ အင်တာနက်အခြေပြု နိုင်ငံတကာဈေးကွက်သုတေသနကုမ္ပဏီ YouGov မှ ပြုလုပ်သော အဆိုပါအွန်လိုင်းစစ်တမ်းအား ၂၀၁၉ ခုနှစ် မတ်မှ ဧပြီအကြား ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်တမ်း၌ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရပ်ခြားတွင် အခြေချနေထိုင်နေကြသူ ၁၈,၀၅၉ ဦး ပါဝင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
CarsDB
42 Mini Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service