ရွန္ဟိုင္းအေျခစိုက္ အိမ္ျခံေျမ developer ကုမၸဏီ Future Land ၏ ရွယ္ယာေစ်းမ်ား ၂၀၁၂ ေနာက္ပိုင္း အၾကီးမားဆံုးထိုးက်

ရွန္ဟိုင္းအေျခစိုက္ အိမ္ျခံေျမ developer ကုမၸဏီ Future Land ၏ ရွယ္ယာေစ်းမ်ား ၂၀၁၂ ေနာက္ပိုင္း အၾကီးမားဆံုးထိုးက် - Property News in Myanmar from iMyanmarHouse.com
5 Jul 2019 11:55 am တွင် တင်ခဲ့သည်
877 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ရွန္ဟိုင္းအေျခစိုက္ အိမ္ျခံေျမ developer ကုမၸဏီ Future Land ၏ ရွယ္ယာေစ်းမ်ား ၂၀၁၂ ေနာက္ပိုင္း အၾကီးမားဆံုးထိုးက်သြားျပီး ၂၃ ဒသမ ၉ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားခဲ့သည္။

ယခုကဲ့သို႔ ရွယ္ယာေစ်းမ်ားထိုးက်မႈေၾကာင့္ ေဟာင္ေကာင္ေဒၚလာ ၁၄ ဒသမ ၈၆ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၉ ဘီလီယံ) ခန္႔ အထိနာခဲ့ရသည္။

ဝမ္က်န္းဟြာ ဥကၠဌအျဖစ္ တာဝန္ယူထားသည့္ ကုမၸဏီတစ္ခုျဖစ္ေသာ Seazen Holdings မွ ရွယ္ယာမ်ားသည္ ဝမ္က်န္းဟြာ အဖမ္းခံရသည့္ သတင္းမေပၚေပါက္မီ ၃ ဒသမ ၈ ရာခိုင္ႏႈန္း ရွယ္ယာေစ်းတက္ခဲ့ျပီး ယြမ္ေငြ ၄၂ ဒသမ ၆၉ သို႔ ေစ်းတက္ခဲ့ေသးသည္။

ရွန္ဟိုင္းတြင္ အိမ္ျခံေျမစီမံခန္႔ခြဲသည့္ဝန္ေဆာင္မႈမ်ား ေပးေနသည့္ Xinchengyue Holdings ၏ ရွယ္ယာမ်ားမွာလည္း ၂၃ ဒသမ ၆ ရာခိုင္ႏႈန္း က်ဆင္းခဲ့ျပီး ေဟာင္ေကာင္ေဒၚလာ ၅ ဒသမ ၇၉ သို႔ ေရာက္ရွိသြားသည္။

အသက္ ၅၇ ႏွစ္ရွိျပီျဖစ္ေသာ ဝမ္က်န္းဟြာသည္ ရွန္ဟိုင္းျမဳိ႕ရွိ ဟိုတယ္တစ္ခုတြင္ ျပစ္မႈတစ္ခုျဖင့္ သံသယရွိကာ တနလၤာေန႔က ဖမ္းဆီးထိန္းသိမ္းခံလိုက္ရေၾကာင္း တရုတ္ျပည္တြင္းသတင္းမီဒီယာမ်ားတြင္ ေဖာ္ျပသည္။

ရွန္ဟိုင္းရွိ ကုမၸဏီအရာရွိတစ္ဦးက ေျပာၾကားရာတြင္ Seazen တြင္ ကုမၸဏီတြင္း စစ္ေဆးမႈတစ္ရပ္ျပဳလုပ္ေနေၾကာင္း ေျပာၾကားသည္။

ဝမ္က်န္းဟြာသည္ ၁၉၈၀ ျပည့္လြန္ အေစာပိုင္းကာလမ်ားတြင္ အထည္စက္ရံုတစ္ခု၌ စတင္အလုပ္လုပ္ခဲ့သည္။

ယင္းေနာက္ပိုင္း ၁၉၉၃ ခုႏွစ္တြင္ကား သူ၏ဇာတိျဖစ္ေသာ က်န္းဆုျပည္နယ္၊ ခ်န္က်ဳိးျမိဳ႕တြင္ အိမ္ျခံေျမလုပ္ငန္း လုပ္ကိုင္ခဲ့သည္။

၂၀၁၂ ခုႏွစ္တြင္ Future Land ကုမၸဏီကို ေဟာင္ေကာင္တြင္ မွတ္ပံုတင္ခဲ့ျပီး ၂၀၁၆ ခုႏွစ္တြင္ ရွန္ဟိုင္းစေတာ့အိတ္ခ်ိန္း၌ Seazen ကုမၸဏီ၏ ရွယ္ယာမ်ားစတင္ေရာင္းခ်ခဲ့သည္။

Seazen သည္ တရုတ္ျပည္၏ ထိပ္တန္း အိမ္ျခံေျမ developer မ်ားတြင္ ပါဝင္လာျပီး မတ္လ ၃၁ ရက္ေန႔ အခ်က္အလက္မ်ားအရ ဝန္ထမ္း ၂၀၀၀၀ ခန္႔ရွိကာ ကုမၸဏီတန္ေၾကးမွာ ယြမ္ေငြ ၃၆၆ ဒသမ ၆ ဘီလီယံ (ကန္ေဒၚလာ ၅၃ ဒသမ ၃ ဘီလီယံ) ခန္႔ရွိသည္။

လူေနအိမ္ျခံေျမအေဆာက္အအံုမ်ား ေဆာက္လုပ္ျခင္းကို အဓိကလုပ္ကိုင္ျပီး ယင္းေနာက္တြင္ ေစ်းဝယ္စင္တာမ်ား ေဆာက္လုပ္ တည္ေထာင္မႈကို ဦးတည္သည္။ ျပီးခဲ့ေသာ တစ္ႏွစ္တာကာလအတြင္းတြင္ပင္လွ်င္ ေစ်းဝယ္စင္တာေပါင္း ၁၉ ခုေဆာက္လုပ္ခဲ့ျပီး ၂၀၁၉ ခုႏွစ္အတြင္းတြင္လည္း ေစ်းဝယ္စင္တာ ၂၂ ခု ထပ္မံဖြင့္လွစ္ရန္ ရွိေနသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ developer ကုမ္ပဏီ Future Land ၏ ရှယ်ယာဈေးများ ၂၀၁၂ နောက်ပိုင်း အကြီးမားဆုံးထိုးကျသွားပြီး ၂၃ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

ယခုကဲ့သို့ ရှယ်ယာဈေးများထိုးကျမှုကြောင့် ဟောင်ကောင်ဒေါ်လာ ၁၄ ဒသမ ၈၆ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ) ခန့် အထိနာခဲ့ရသည်။

ဝမ်ကျန်းဟွာ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ကုမ္ပဏီတစ်ခုဖြစ်သော Seazen Holdings မှ ရှယ်ယာများသည် ဝမ်ကျန်းဟွာ အဖမ်းခံရသည့် သတင်းမပေါ်ပေါက်မီ ၃ ဒသမ ၈ ရာခိုင်နှုန်း ရှယ်ယာဈေးတက်ခဲ့ပြီး ယွမ်ငွေ ၄၂ ဒသမ ၆၉ သို့ ဈေးတက်ခဲ့သေးသည်။

ရှန်ဟိုင်းတွင် အိမ်ခြံမြေစီမံခန့်ခွဲသည့်ဝန်ဆောင်မှုများ ပေးနေသည့် Xinchengyue Holdings ၏ ရှယ်ယာများမှာလည်း ၂၃ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဟောင်ကောင်ဒေါ်လာ ၅ ဒသမ ၇၉ သို့ ရောက်ရှိသွားသည်။

အသက် ၅၇ နှစ်ရှိပြီဖြစ်သော ဝမ်ကျန်းဟွာသည် ရှန်ဟိုင်းမြို့ရှိ ဟိုတယ်တစ်ခုတွင် ပြစ်မှုတစ်ခုဖြင့် သံသယရှိကာ တနင်္လာနေ့က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကြောင်း တရုတ်ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြသည်။

ရှန်ဟိုင်းရှိ ကုမ္ပဏီအရာရှိတစ်ဦးက ပြောကြားရာတွင် Seazen တွင် ကုမ္ပဏီတွင်း စစ်ဆေးမှုတစ်ရပ်ပြုလုပ်နေကြောင်း ပြောကြားသည်။

ဝမ်ကျန်းဟွာသည် ၁၉၈၀ ပြည့်လွန် အစောပိုင်းကာလများတွင် အထည်စက်ရုံတစ်ခု၌ စတင်အလုပ်လုပ်ခဲ့သည်။

ယင်းနောက်ပိုင်း ၁၉၉၃ ခုနှစ်တွင်ကား သူ၏ဇာတိဖြစ်သော ကျန်းဆုပြည်နယ်၊ ချန်ကျိုးမြို့တွင် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် Future Land ကုမ္ပဏီကို ဟောင်ကောင်တွင် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ရှန်ဟိုင်းစတော့အိတ်ချိန်း၌ Seazen ကုမ္ပဏီ၏ ရှယ်ယာများစတင်ရောင်းချခဲ့သည်။

Seazen သည် တရုတ်ပြည်၏ ထိပ်တန်း အိမ်ခြံမြေ developer များတွင် ပါဝင်လာပြီး မတ်လ ၃၁ ရက်နေ့ အချက်အလက်များအရ ဝန်ထမ်း ၂၀၀၀၀ ခန့်ရှိကာ ကုမ္ပဏီတန်ကြေးမှာ ယွမ်ငွေ ၃၆၆ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ ၅၃ ဒသမ ၃ ဘီလီယံ) ခန့်ရှိသည်။

လူနေအိမ်ခြံမြေအဆောက်အအုံများ ဆောက်လုပ်ခြင်းကို အဓိကလုပ်ကိုင်ပြီး ယင်းနောက်တွင် ဈေးဝယ်စင်တာများ ဆောက်လုပ် တည်ထောင်မှုကို ဦးတည်သည်။ ပြီးခဲ့သော တစ်နှစ်တာကာလအတွင်းတွင်ပင်လျှင် ဈေးဝယ်စင်တာပေါင်း ၁၉ ခုဆောက်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်းတွင်လည်း ဈေးဝယ်စင်တာ ၂၂ ခု ထပ်မံဖွင့်လှစ်ရန် ရှိနေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service