စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္ စီမံကိန္းအတြက္ သိမ္းဆည္းေၿမ ရာခိုင္ႏႈန္း ၂၀ အား လယ္သမားမ်ား ျပန္လည္ရရွိမည္

စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္ စီမံကိန္းအတြက္ သိမ္းဆည္းေၿမ ရာခိုင္ႏႈန္း ၂၀ အား လယ္သမားမ်ား ျပန္လည္ရရွိမည္ - Property News in Myanmar from iMyanmarHouse.com
5 Jul 2019 10:25 am တွင် တင်ခဲ့သည်
1379 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဇူလိုင္ ၂ ရက္တြင္ ျပဳလုပ္သည့္ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ နဝမပုံမွန္ အစည္းအ ေဝး နဝမေန႔တြင္ ကရင္တိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳးက ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္သို႔ ရွင္းလင္းတင္ျပရာတြင္ လွည္းကူးႏွင့္ထန္းတပင္ၿမိဳ႕နယ္တြင္ အေကာင္အထည္ေဖာ္မည့္ စက္မႈဥယ်ာဥ္ ၿမိဳ႕ေတာ္စီမံကိန္းအတြက္ သိမ္းဆည္းေၿမရာခိုင္ႏႈန္း ၂၀ အား လယ္သမားမ်ား ျပန္လည္ရရွိမည္ျဖစ္ၿပီး က်န္ ၈၀ ရာခိုင္ႏႈန္းအား စီမံကိန္းအတြက္ အသုံးျပဳမည္ ဆိုျခင္းကို လယ္သမားမ်ား၏ သေဘာတူညီခ်က္ ရရွိထားၿပီး ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားထားသည္။

အက်ိဳးခံစားခြင့္ ရွိသည့္ ေတာင္သူမ်ားႏွင့္ သေဘာတူညီမႈ ရရွိေရးညႇိႏွိုင္းၿပီး ေတာင္သူမ်ား၏ လိုအပ္ခ်က္၊ ေတာင္းဆိုခ်က္အရ သိမ္းဆည္းေၿမ ရာခိုင္ႏႈန္း ၂၀ ကို ၿမိဳ႕ေျမအျဖစ္ အက်ိဳးခံစားခြင့္ေပးၿပီး က်န္ရာခိုင္ႏႈန္း ၈၀ ကို နိုင္ငံေတာ္စီမံကိန္းမ်ား အက်ိဳးျပဳလုပ္ငန္းမ်ား အသုံးျပဳနိုင္ေရးအတြက္ သတ္မွတ္ေဆာင္ရြက္ခြင့္ျပဳဖို႔ ကိစၥႏွင့္ပတ္သက္ၿပီး လုံျခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး ေကာ္မတီရဲ့ မူအားျဖင့္ သေဘာတူညီမႈအရ ထန္းထပင္ၿမိဳ႕နယ္ စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္ စီမံကိန္းေျမဧရိယာအတြင္း ပါဝင္သြားမည့္ လယ္ေျမပိုင္ရွင္မ်ား သေဘာထားရယူေဆာင္ရြက္ခဲ့ရာ ေတာင္သူအားလုံး၏ သေဘာတူညီခ်က္ကို ရယူထားနိုင္ခဲ့ၿပီး ျဖစ္ပါ ေၾကာင္း ဝန္ႀကီးက ေျပာထားပါသည္။

ထန္းတပင္ၿမိဳ႕နယ္ စက္မႈဥယ်ာဥ္ ၿမိဳ႕ေတာ္စီမံကိန္း ေျမဧရိယာအတြင္း လယ္ေၿမမ်ားမွာ ေရနက္ကြင္း လယ္ေျမမ်ားျဖစ္ၿပီး အထြက္ႏႈန္းမွာလည္း စံခ်ိန္မမီေၾကာင္း၊ ေႏြစပါး စိုက္ဧကသည္ ၂၀၁၈ ခုႏွစ္တြင္ ၃၇၂၂၈ ဧက စိုက္ပ်ိဳးနိုင္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္တြင္ ၃၉၁၅၃ ဧက စိုက္ပ်ိဳးနိုင္ခဲ့သျဖင့္ ယခင္ႏွစ္ထက္ ၁၉၂၅ ဧက တိုးခ်ဲ႕ စိုက္ ပ်ိဳးနိုင္ခဲ့သျဖင့္ စပါးထြက္ရွိမႈ အေျခအေနသည္ မိုးစပါး စိုက္ဧကထက္ ပိုမိုထြက္ရွိခဲ့သည့္အတြက္ ထန္းတပင္ၿမိဳ႕နယ္၏ စပါးထြက္ရွိမႈ ပမာဏ သိသိသာသာေလ်ာ့နည္းက်ဆင္းမည္ မဟုတ္ေၾကာင္း၊ စီမံကိန္းႀကီး ေပၚေပါက္လာပါက အလုပ္အကိုင္ အခြင့္အလမ္းမ်ား၊ စီးပြားေရးလုပ္ငန္းမ်ား ပိုမိုအဆင္ေျပၿပီး ေဒသဖြံ့ၿဖိဳးေရးအတြက္လည္း မ်ားစြာ အေထာက္အကူရွိမည္ ျဖစ္ေသာေၾကာင့္ ေဒသခံ ျပည္သူမ်ားကလည္း အျမန္ဆုံး အေကာင္အ ထည္ ေဖာ္နိုင္ေရးအတြက္ လိုလိုလားလား ေမၽွာ္လင့္လ်က္ရွိေၾကာင္း ေျပာထားသည္။

စီမံကိန္း အေကာင္အထည္ေဖာ္မည့္ ထန္းတပင္ၿမိဳ႕နယ္ တြင္ေျမဧရိယာသည္ ၂၂၂၀ ဒသမ ၈၂ ဧက ျဖစ္ၿပီး လမုတန္ႀကီးေက်းရြာမွ ေတာင္သူ ၁၄၉ ဦး ပိုင္ဆိုင္သည့္ ေျမဧရိယာ ၁၆၈၄ ဒသမ ၆၆ ဧက၊ အတြင္းေရ ေက်ာ္ရြာမွ ေတာင္သူ ၃၂ ဦးပိုင္သည့္ ေျမဧရိယာ ၁၄၀ ဒသမ ၇၆ ဧကႏွင့္ အျပင္ေရေက်ာ္ရြာ မွ ေတာင္သူ ၄၅ ဦးပိုင္သည့္ ေျမဧရိယာ ၃၉၅ ဒသမ ၄၀ ဧက တို႔တြင္ အေကာင္အထည္ ေဖာ္မည္ျဖစ္ေၾကာင္း သိရသည္။

လွည္းကူးၿမိဳ႕နယ္ တြင္ေဖာ္ေဆာင္မည့္ စီမံကိန္းေျမဧရိယာသည္ ၁၃၄၆ ဒသမ ၅၇ ဧကရွိၿပီး ပိုက္ႀကီး ဝဲေက်းရြာမွ ေတာင္သူ ၃ဝဦး ပိုင္သည္ ေျမဧရိယာ ၂၀၀ ဒသမ ၁၉ ဧက၊ တံခြန္တိုင္ (လွည္းကူး) ရြာမွ ေတာင္သူ ၉၉ ဦး ပိုင္ဆိုင္သည့္ ေျမဧရိ ယာ ၇၅၁ ဒသမ ၃၁ ဧက၊ အုန္းႏွဲကုန္းရြာမွ ေတာင္သူ ၂၉ ဦး ပိုင္သည့္ ေျမဧရိယာ ၂၃၉ ဒသမ ၃၉ ဧက၊ ေညာင္ တျခမ္းရြာမွ ေတာင္သူ ၁၂ ဦး ပိုင္သည့္ ေျမဧရိယာ ၁၁၄ ဒသမ ၄၁ ဧကႏွင့္ ကၽြန္း ကုန္းေက်းရြာမွ ေတာင္သူခုနစ္ ဦး ပိုင္သည့္ ေျမဧရိယာ ၁၇ ဒသမ ၈၄ ဧကတို႔တြင္ စီမံကိန္း အေကာင္အထည္ ေဖာ္သြားမည္ ျဖစ္ၿပီး ေတာင္သူ မ်ား၏ သေဘာတူဝန္ခံမႈမ်ား ရရွိထားၿပီး ျဖစ္ေၾကာင္း ဝန္ႀကီးကေျပာထားသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) မွ  iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ဇူလိုင် ၂ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအ ဝေး နဝမနေ့တွင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် လှည်းကူးနှင့်ထန်းတပင်မြို့နယ်တွင် အကောင်အထည်ဖော်မည့် စက်မှုဥယျာဉ် မြို့တော်စီမံကိန်းအတွက် သိမ်းဆည်းမြေရာခိုင်နှုန်း ၂၀ အား လယ်သမားများ ပြန်လည်ရရှိမည်ဖြစ်ပြီး ကျန် ၈၀ ရာခိုင်နှုန်းအား စီမံကိန်းအတွက် အသုံးပြုမည် ဆိုခြင်းကို လယ်သမားများ၏ သဘောတူညီချက် ရရှိထားပြီး ဖြစ်ကြောင်း ထည့်သွင်းပြောကြားထားသည်။

အကျိုးခံစားခွင့် ရှိသည့် တောင်သူများနှင့် သဘောတူညီမှု ရရှိရေးညှိနှိုင်းပြီး တောင်သူများ၏ လိုအပ်ချက်၊ တောင်းဆိုချက်အရ သိမ်းဆည်းမြေ ရာခိုင်နှုန်း ၂၀ ကို မြို့မြေအဖြစ် အကျိုးခံစားခွင့်ပေးပြီး ကျန်ရာခိုင်နှုန်း ၈၀ ကို နိုင်ငံတော်စီမံကိန်းများ အကျိုးပြုလုပ်ငန်းများ အသုံးပြုနိုင်ရေးအတွက် သတ်မှတ်ဆောင်ရွက်ခွင့်ပြုဖို့ ကိစ္စနှင့်ပတ်သက်ပြီး လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီရဲ့ မူအားဖြင့် သဘောတူညီမှုအရ ထန်းထပင်မြို့နယ် စက်မှုဥယျာဉ်မြို့တော် စီမံကိန်းမြေဧရိယာအတွင်း ပါဝင်သွားမည့် လယ်မြေပိုင်ရှင်များ သဘောထားရယူဆောင်ရွက်ခဲ့ရာ တောင်သူအားလုံး၏ သဘောတူညီချက်ကို ရယူထားနိုင်ခဲ့ပြီး ဖြစ်ပါ ကြောင်း ဝန်ကြီးက ပြောထားပါသည်။

ထန်းတပင်မြို့နယ် စက်မှုဥယျာဉ် မြို့တော်စီမံကိန်း မြေဧရိယာအတွင်း လယ်မြေများမှာ ရေနက်ကွင်း လယ်မြေများဖြစ်ပြီး အထွက်နှုန်းမှာလည်း စံချိန်မမီကြောင်း၊ နွေစပါး စိုက်ဧကသည် ၂၀၁၈ ခုနှစ်တွင် ၃၇၂၂၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၃၉၁၅၃ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် ယခင်နှစ်ထက် ၁၉၂၅ ဧက တိုးချဲ့ စိုက် ပျိုးနိုင်ခဲ့သဖြင့် စပါးထွက်ရှိမှု အခြေအနေသည် မိုးစပါး စိုက်ဧကထက် ပိုမိုထွက်ရှိခဲ့သည့်အတွက် ထန်းတပင်မြို့နယ်၏ စပါးထွက်ရှိမှု ပမာဏ သိသိသာသာလျော့နည်းကျဆင်းမည် မဟုတ်ကြောင်း၊ စီမံကိန်းကြီး ပေါ်ပေါက်လာပါက အလုပ်အကိုင် အခွင့်အလမ်းများ၊ စီးပွားရေးလုပ်ငန်းများ ပိုမိုအဆင်ပြေပြီး ဒေသဖွံ့ဖြိုးရေးအတွက်လည်း များစွာ အထောက်အကူရှိမည် ဖြစ်သောကြောင့် ဒေသခံ ပြည်သူများကလည်း အမြန်ဆုံး အကောင်အ ထည် ဖော်နိုင်ရေးအတွက် လိုလိုလားလား မျှော်လင့်လျက်ရှိကြောင်း ပြောထားသည်။

စီမံကိန်း အကောင်အထည်ဖော်မည့် ထန်းတပင်မြို့နယ် တွင်မြေဧရိယာသည် ၂၂၂၀ ဒသမ ၈၂ ဧက ဖြစ်ပြီး လမုတန်ကြီးကျေးရွာမှ တောင်သူ ၁၄၉ ဦး ပိုင်ဆိုင်သည့် မြေဧရိယာ ၁၆၈၄ ဒသမ ၆၆ ဧက၊ အတွင်းရေ ကျော်ရွာမှ တောင်သူ ၃၂ ဦးပိုင်သည့် မြေဧရိယာ ၁၄၀ ဒသမ ၇၆ ဧကနှင့် အပြင်ရေကျော်ရွာ မှ တောင်သူ ၄၅ ဦးပိုင်သည့် မြေဧရိယာ ၃၉၅ ဒသမ ၄၀ ဧက တို့တွင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။

လှည်းကူးမြို့နယ် တွင်ဖော်ဆောင်မည့် စီမံကိန်းမြေဧရိယာသည် ၁၃၄၆ ဒသမ ၅၇ ဧကရှိပြီး ပိုက်ကြီး ဝဲကျေးရွာမှ တောင်သူ ၃ဝဦး ပိုင်သည် မြေဧရိယာ ၂၀၀ ဒသမ ၁၉ ဧက၊ တံခွန်တိုင် (လှည်းကူး) ရွာမှ တောင်သူ ၉၉ ဦး ပိုင်ဆိုင်သည့် မြေဧရိ ယာ ၇၅၁ ဒသမ ၃၁ ဧက၊ အုန်းနှဲကုန်းရွာမှ တောင်သူ ၂၉ ဦး ပိုင်သည့် မြေဧရိယာ ၂၃၉ ဒသမ ၃၉ ဧက၊ ညောင် တခြမ်းရွာမှ တောင်သူ ၁၂ ဦး ပိုင်သည့် မြေဧရိယာ ၁၁၄ ဒသမ ၄၁ ဧကနှင့် ကျွန်း ကုန်းကျေးရွာမှ တောင်သူခုနစ် ဦး ပိုင်သည့် မြေဧရိယာ ၁၇ ဒသမ ၈၄ ဧကတို့တွင် စီမံကိန်း အကောင်အထည် ဖော်သွားမည် ဖြစ်ပြီး တောင်သူ များ၏ သဘောတူဝန်ခံမှုများ ရရှိထားပြီး ဖြစ်ကြောင်း ဝန်ကြီးကပြောထားသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ  iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service