ကမာၻ႕အရွည္ဆံုးေရလႊာေလွ်ာ မေလးရွားေတာင္ခါးပန္းတြင္ ဖြင့္လွစ္ေတာ့မည္

ကမာၻ႕အရွည္ဆံုးေရလႊာေလွ်ာ မေလးရွားေတာင္ခါးပန္းတြင္ ဖြင့္လွစ္ေတာ့မည္ - Property News in Myanmar from iMyanmarHouse.com
4 Jul 2019 11:42 am တွင် တင်ခဲ့သည်
1580 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

မေလးရွားႏုိင္ငံ ပီနန္ျပည္နယ္ရွိ Escape Theme Park ထဲက သစ္ပင္သစ္ေတာဖံုးလႊမ္းေနတဲ့ ေတာင္ခါးပန္းတစ္ခုမွာ တည္ေဆာက္ေနတဲ့ ၁၁၄၀ မီတာ ရွည္လ်ားတဲ့ ေရလႊာေလွ်ာတစ္ခုဟာ လာမယ့္ ၾသဂုတ္လ (၂၀၁၉ ၾသဂုတ္) မွာ ဖြင့္လွစ္တဲ့အခါ ကမာၻ႕အရွည္ဆံုးေရလႊာေလွ်ာအျဖစ္ ေၾကညာခံရႏိုင္ေျခအမ်ားဆံုးျဖစ္ေနပါတယ္။

ကမာၻ႕အရွည္ဆံုးေရလႊာေလွ်ာအျဖစ္ လက္ရွိဂင္းနစ္စံခ်ိန္တင္ထားတာကေတာ့ အေမရိကန္ႏိုင္ငံ နယူးဂ်ာစီျပည္နယ္မွာ ၂၀၁၅ ခုႏွစ္ကတည္းက ဖြင့္လွစ္ထားတဲ့ Action Park ရွိ ၆၀၅ မီတာရွည္လ်ားတဲ့ေရလႊာေလွ်ာပါ။ ဒါေပမဲ့ မၾကာမီ ၂ လနီးပါးအခ်ိန္အတြင္းမွာေတာ့ သူ႕ကို မေလးရွားႏုိင္ငံ ပီနန္ျပည္နယ္မွာ အဆိုပါေဆာက္လုပ္ဆဲေရလႊာေလွ်ာသစ္က ရာထူးခ်ေတာ့မွာပဲျဖစ္ပါတယ္။

၎ေရလႊာေလွ်ာကို လက္ရွိမွာ ၆၅ ရာခိုင္ႏႈန္း ေဆာက္လုပ္ၿပီးစီးေနၿပီျဖစ္ၿပီး ဒီအေနအထားမွာကိုပဲ အရွည္ ၇၀၅ မီတာ ရွိေနပါၿပီ။

ေဆာက္လုပ္ၿပီးစီးသြားလို႔ စတင္ဖြင့္လွစ္ၿပီဆိုရင္ေတာ့ သူ႕ကိုရင္ခုန္စိတ္လႈပ္ရွားေပ်ာ္ရႊင္ခ်င္စြာစီးခ်င္ၾကတဲ့သူေတြကို ၎ေရလႊာေလွ်ာက ေတာင္ထိပ္ကေန အခ်ိန္ ၄ မိနစ္အတြင္းမွာ မ်က္စိေရွ႕က စိမ္းလန္းစိုေျပေနတဲ့ေတာအုပ္ကိုျဖတ္ကာ အဆံုးမွာေတာ့ အလြန္ႀကီးမားတဲ့ေရကူးကန္ႀကီးဆီ ေရာက္ရွိေစမွာပဲျဖစ္ပါတယ္။

၎ေရလႊာေလွ်ာရဲ႕ တည္ေဆာက္ၿပီးစီးဖို႔ က်န္ေနတဲ့ ၄၃၅ မီတာအရွည္ရွိအပိုင္းကိုေတာ့ ၾသဂုတ္လေရလႊာေလွ်ာဖြင့္လွစ္ခ်ိန္အမီ အၿပီးသတ္တည္ေဆာက္မွာျဖစ္တယ္လုိ႔ Escape Theme Park က ေၾကညာထားပါတယ္။

“ကၽြန္ေတာ္တို႔ရဲ႕အစီအစဥ္က စီးတဲ့သူေတြကို ပန္းၿခံႀကီးတစ္ခုလံုးကို ျမင္ရေစဖို႔ပါ။ ဂင္းနစ္စံခ်ိန္ခ်ဳိးႏိုင္ဖို႔မရည္ရြယ္ပါဘူး။ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔လုပ္ႏုိင္တာအတြက္ကို ကၽြန္ေတာ္ဂုဏ္ယူပါတယ္။” ဟု Escape Theme Park ၏ စီအီးအို (အမႈေဆာင္အရာရွိခ်ဳပ္) ဆင္မ္ခ်ဴးခန္က CAN သတင္းဌာနသုိ႔ ေျပာၾကားခဲ့ပါတယ္။

တည္ေဆာက္မႈလုပ္ငန္းစဥ္ရဲ႕ စိန္ေခၚမႈအမ်ားဆံုးအစိတ္အပိုင္းတစ္ခုကေတာ့ သူ႕ရဲ႕ေဂဟစနစ္မထိခိုက္ေစဘဲ ေတာအုပ္ရဲ႕ ေျမျပင္နဲ႔သစ္ပင္ေတြကို အသံုးျပဳရျခင္းပဲျဖစ္ပါတယ္။ အခုအထိကေတာ့ လိုအပ္တဲ့ကုန္ၾကမ္းအမ်ားစုကို ေတာင္ခါးပန္းထိပ္အထိ စက္ယႏၱရားနဲဲ႔မပို႔ဘဲ လူအင္အားသံုးၿပီးပဲ ပို႔ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

စီမံကိန္းေရးဆြဲတုန္းကလည္း အင္ဂ်င္နီယာေတြဟာ ေရလႊာေလွ်ာတအတြက္ ေနရာကို သစ္ပင္ေတြမခုတ္လွဲဘဲ သစ္ပင္ေတြေဘးကေနေကြ႕ဝိုက္ၿပီးပဲ ႀကိဳးစားဒီဇိုင္းဆြဲခဲ့ၾကတာျဖစ္ပါတယ္။

ထံုးစံအားျဖင့္ေတာ့ ဒီလိုရွည္လ်ားတဲ့ေရလႊာေလွ်ာတည္ေဆာက္ဖို႔အတြက္ အထပ္ႏွစ္ဆယ္ရွိတိုက္တစ္တိုက္ရဲ႕အျမင့္ေလာက္ရွိတဲ့ တာဝါတုိင္တစ္ခုေဆာက္လုပ္ဖို႔လိုပါတယ္။ အဲဒီလိုတာဝါဟာ ကုန္က်စရိတ္အရမ္းမ်ားမွာျဖစ္တဲ့အျပင္ သဘာဝအလွေတြနဲ႔လွပေနတဲ့ေတာအုပ္ထဲမွာ အၾကည့္ရလည္းဆိုးမွာပါ။

ဒါေၾကာင့္ ေရလႊာေလွ်ာရဲ႕စမွတ္အတြက္ အနီးရွိေတာင္ထိပ္တစ္ခုကိုသံုးဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။ ေရလႊာေလွ်ာစီးသူေတြအေနနဲ႔ ေကဘယ္လ္ကား (ေကာင္းကင္ႀကိဳးရထား) စီးၿပီး ေတာင္ထိပ္ကို ေရာက္ရွိႏိုင္မွာပဲျဖစ္ေၾကာင္း သိရပါတယ္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

မလေးရှားနိုင်ငံ ပီနန်ပြည်နယ်ရှိ Escape Theme Park ထဲက သစ်ပင်သစ်တောဖုံးလွှမ်းနေတဲ့ တောင်ခါးပန်းတစ်ခုမှာ တည်ဆောက်နေတဲ့ ၁၁၄၀ မီတာ ရှည်လျားတဲ့ ရေလွှာလျှောတစ်ခုဟာ လာမယ့် သြဂုတ်လ (၂၀၁၉ သြဂုတ်) မှာ ဖွင့်လှစ်တဲ့အခါ ကမ္ဘာ့အရှည်ဆုံးရေလွှာလျှောအဖြစ် ကြေညာခံရနိုင်ခြေအများဆုံးဖြစ်နေပါတယ်။

ကမ္ဘာ့အရှည်ဆုံးရေလွှာလျှောအဖြစ် လက်ရှိဂင်းနစ်စံချိန်တင်ထားတာကတော့ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ ၂၀၁၅ ခုနှစ်ကတည်းက ဖွင့်လှစ်ထားတဲ့ Action Park ရှိ ၆၀၅ မီတာရှည်လျားတဲ့ရေလွှာလျှောပါ။ ဒါပေမဲ့ မကြာမီ ၂ လနီးပါးအချိန်အတွင်းမှာတော့ သူ့ကို မလေးရှားနိုင်ငံ ပီနန်ပြည်နယ်မှာ အဆိုပါဆောက်လုပ်ဆဲရေလွှာလျှောသစ်က ရာထူးချတော့မှာပဲဖြစ်ပါတယ်။

၎င်းရေလွှာလျှောကို လက်ရှိမှာ ၆၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး ဒီအနေအထားမှာကိုပဲ အရှည် ၇၀၅ မီတာ ရှိနေပါပြီ။

ဆောက်လုပ်ပြီးစီးသွားလို့ စတင်ဖွင့်လှစ်ပြီဆိုရင်တော့ သူ့ကိုရင်ခုန်စိတ်လှုပ်ရှားပျော်ရွှင်ချင်စွာစီးချင်ကြတဲ့သူတွေကို ၎င်းရေလွှာလျှောက တောင်ထိပ်ကနေ အချိန် ၄ မိနစ်အတွင်းမှာ မျက်စိရှေ့က စိမ်းလန်းစိုပြေနေတဲ့တောအုပ်ကိုဖြတ်ကာ အဆုံးမှာတော့ အလွန်ကြီးမားတဲ့ရေကူးကန်ကြီးဆီ ရောက်ရှိစေမှာပဲဖြစ်ပါတယ်။

၎င်းရေလွှာလျှောရဲ့ တည်ဆောက်ပြီးစီးဖို့ ကျန်နေတဲ့ ၄၃၅ မီတာအရှည်ရှိအပိုင်းကိုတော့ သြဂုတ်လရေလွှာလျှောဖွင့်လှစ်ချိန်အမီ အပြီးသတ်တည်ဆောက်မှာဖြစ်တယ်လို့ Escape Theme Park က ကြေညာထားပါတယ်။

“ကျွန်တော်တို့ရဲ့အစီအစဉ်က စီးတဲ့သူတွေကို ပန်းခြံကြီးတစ်ခုလုံးကို မြင်ရစေဖို့ပါ။ ဂင်းနစ်စံချိန်ချိုးနိုင်ဖို့မရည်ရွယ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့လုပ်နိုင်တာအတွက်ကို ကျွန်တော်ဂုဏ်ယူပါတယ်။” ဟု Escape Theme Park ၏ စီအီးအို (အမှုဆောင်အရာရှိချုပ်) ဆင်မ်ချူးခန်က CAN သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

တည်ဆောက်မှုလုပ်ငန်းစဉ်ရဲ့ စိန်ခေါ်မှုအများဆုံးအစိတ်အပိုင်းတစ်ခုကတော့ သူ့ရဲ့ဂေဟစနစ်မထိခိုက်စေဘဲ တောအုပ်ရဲ့ မြေပြင်နဲ့သစ်ပင်တွေကို အသုံးပြုရခြင်းပဲဖြစ်ပါတယ်။ အခုအထိကတော့ လိုအပ်တဲ့ကုန်ကြမ်းအများစုကို တောင်ခါးပန်းထိပ်အထိ စက်ယန္တရားနဲ့မပို့ဘဲ လူအင်အားသုံးပြီးပဲ ပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စီမံကိန်းရေးဆွဲတုန်းကလည်း အင်ဂျင်နီယာတွေဟာ ရေလွှာလျှောတအတွက် နေရာကို သစ်ပင်တွေမခုတ်လှဲဘဲ သစ်ပင်တွေဘေးကနေကွေ့ဝိုက်ပြီးပဲ ကြိုးစားဒီဇိုင်းဆွဲခဲ့ကြတာဖြစ်ပါတယ်။

ထုံးစံအားဖြင့်တော့ ဒီလိုရှည်လျားတဲ့ရေလွှာလျှောတည်ဆောက်ဖို့အတွက် အထပ်နှစ်ဆယ်ရှိတိုက်တစ်တိုက်ရဲ့အမြင့်လောက်ရှိတဲ့ တာဝါတိုင်တစ်ခုဆောက်လုပ်ဖို့လိုပါတယ်။ အဲဒီလိုတာဝါဟာ ကုန်ကျစရိတ်အရမ်းများမှာဖြစ်တဲ့အပြင် သဘာဝအလှတွေနဲ့လှပနေတဲ့တောအုပ်ထဲမှာ အကြည့်ရလည်းဆိုးမှာပါ။

ဒါကြောင့် ရေလွှာလျှောရဲ့စမှတ်အတွက် အနီးရှိတောင်ထိပ်တစ်ခုကိုသုံးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ရေလွှာလျှောစီးသူတွေအနေနဲ့ ကေဘယ်လ်ကား (ကောင်းကင်ကြိုးရထား) စီးပြီး တောင်ထိပ်ကို ရောက်ရှိနိုင်မှာပဲဖြစ်ကြောင်း သိရပါတယ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service