နယူးေယာက္ျမိဳ႕ရွိ ထရမ့္တာဝါမွ ကြန္ဒိုခန္းမ်ားမွာ ဝယ္လက္ရရန္ ခက္ခဲေနျပီး ထရမ့္သမၼတျဖစ္လာျပီးေနာက္ ကြန္ဒိုခန္းေစ်းမ်ား ၂၀ ရာခိုင္ႏႈန္းခန္႔ အရံႈးခံကာ ေရာင္းခ်ေနရ

နယူးေယာက္ျမိဳ႕ရွိ ထရမ့္တာဝါမွ ကြန္ဒိုခန္းမ်ားမွာ ဝယ္လက္ရရန္ ခက္ခဲေနျပီး ထရမ့္သမၼတျဖစ္လာျပီးေနာက္ ကြန္ဒိုခန္းေစ်းမ်ား ၂၀ ရာခိုင္ႏႈန္းခန္႔ အရံႈးခံကာ ေရာင္းခ်ေနရ - Property News in Myanmar from iMyanmarHouse.com
4 Jul 2019 11:33 am တွင် တင်ခဲ့သည်
1073 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

နယူးေယာက္ျမိဳ႕၊ ပဥၥမရိပ္သာလမ္း၊ အမွတ္ ၇၂၁ ရွိ ထရမ့္တာဝါမွ ကြန္ဒိုခန္းမ်ားမွာ ဝယ္လက္ရရန္ ခက္ခဲေနျပီး ထရမ့္သမၼတျဖစ္လာျပီးေနာက္ ကြန္ဒိုခန္းေစ်းမ်ား ၂၀ ရာခိုင္ႏႈန္းခန္႔ အရံႈးခံကာ ေရာင္းခ်ေနရေၾကာင္း နယူးေယာက္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

Trump Tower သည္ နယူးေယာက္ျမိဳ႕ အိမ္ျခံေျမေစ်းကြက္တြင္ တစ္ခုတည္းေသာ အရံႈးေပၚေနသည့္ေနရာျဖစ္ဖြယ္ရွိသည္။

မၾကာေသးမီက Bloomberg သတင္းတစ္ရပ္အရ ေဒၚနယ္ထရမ့္ သမၼတျဖစ္လာျပီးေနာက္ပိုင္း ထရမ့္တာဝါရွိ အခန္းအမ်ားစုမွာ အရံႈးခံကာ ေရာင္းခ်ခဲ့ၾကျပီး ၂၀ ရာခိုင္ႏႈန္းေက်ာ္ အရံႈးေပၚသည့္ အခန္းမ်ားစြာရွိေနသည္ဟု ဆိုသည္။

Bloomberg က ႏႈိင္းယွဥ္ျပခ်က္အရ လြန္ခဲ့ေသာ ၂ ႏွစ္တာ ကာလအတြင္း မန္ဟက္တန္အရပ္ရွိ အေရာင္းအဝယ္ျဖစ္ခဲ့ေသာ ေနအိမ္အားလံုးတြင္ ၀ ဒသမ ၂၃ ရာခိုင္ႏႈန္းသာလွ်င္ အရႈံးျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

အေဆာက္အအံုဝန္းက်င္ လံုျခံဳေရးတင္းၾကပ္မႈမွာ ပဥၥမရိပ္သာလမ္းရွိ ထရမ့္တာဝါတြင္ ဝယ္လိုအားက်ဆင္းေစသည့္ အေၾကာင္းရင္း တစ္ခု ျဖစ္သည္။

လက္ရွိအားျဖင့္ ၅၈ ထပ္ျမင့္မားေသာ အဆိုပါ အေဆာက္အအံုၾကီးတြင္ အေရာင္းေစ်းကြက္ဝင္လာသည့္ အခန္း ၈ ခန္းရွိေနသည္။

အဆိုပါ ၈ ခန္းအနက္ အခ်ဳိ႕မွာ အေရာင္းေစ်းကြက္တင္ထားသည္မွာ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ျပီျဖစ္ျပီး အခန္းအမ်ားစုမွာ ဝယ္လက္ေပၚေပါက္ေစရန္အတြက္ မၾကာခဏ ေစ်းႏႈန္းေလွ်ာ့ခ်ေပးမႈမ်ား ျပဳလုပ္ခဲ့ျပီးလည္း ျဖစ္သည္။

(၁) အခန္းအမွတ္ -61L

ေစ်းႏႈန္း- ကန္ေဒၚလာ ၁၀ သန္း

အိပ္ခန္း ၃ ခန္းပါ ကြန္ဒိုခန္းျဖစ္ျပီး ၂၀၁၃ ခုႏွစ္၊ စက္တင္ဘာလအတြင္း လက္ရွိပိုင္ရွင္က ကန္ေဒၚလာ ၁၄ ဒသမ ၃ သန္း ( ၁ စတုရန္းေပလွ်င္ ကန္ေဒၚလာ ၅၆၉၉) ျဖင့္ ဝယ္ယူခဲ့သည္။

ယင္းေနာက္ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီတြင္ ကန္ေဒၚလာ ၁၈ သန္းျဖင့္ ေစ်းကြက္ျပန္တင္သည္။ ၂၀၁၉ ခုႏွစ္ ၊ ဇန္နဝါရီလတြင္ကား ေစ်းႏႈန္းကို ၃၀ ရာခိုင္ႏႈန္းခန္႔ ေလွ်ာ့ခ်ေပးျပီး ကန္ေဒၚလာ ၁၂ ဒသမ ၅ သန္းျဖင့္ ေစ်းကြက္ျပန္တင္သည္။

ယခုလအတြင္းတြင္ကား ကန္ေဒၚလာ ၂ ဒသမ ၅ သန္း ထပ္မံေစ်းေလွ်ာ့လိုက္ျပန္ရာ လြန္ခဲ့ေသာ ၆ ႏွစ္က ဝယ္ယူခဲ့သည့္ေစ်းေအာက္ ကန္ေဒၚလာ ၄ သန္းေက်ာ္ အရံႈးေပၚေနျပီ ျဖစ္သည္။

(၂) အခန္းအမွတ္ -32A

ေစ်းႏႈန္း- ကန္ေဒၚလာ ၂ ဒသမ ၈၄ သန္း

အိပ္ခန္း ၂ ခန္းပါဝင္ကာ စတုရန္းေပ ၁၅၀၀ က်ယ္ဝန္းသည့္ ယခုအခန္းကို လက္ရွိပုိင္ရွင္က ၂၀၀၆ ခုႏွစ္တြင္ ကန္ေဒၚလာ ၂ ဒသမ ၃ သန္းျဖင့္ ဝယ္ယူခဲ့သည္။

၂၀၁၇ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ ထရမ့္က သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုျပီးေနာက္ ကန္ေဒၚလာ ၄ ဒသမ ၂၅ သန္း ( ၁ စတုရန္းေပလွ်င္ ကန္ေဒၚလာ ၂၉၃၅ ) ျဖင့္ ေစ်းကြက္တင္လာသည္။

၂၀၁၇ ခုႏွစ္၊ ေမလတြင္ကား ကန္ေဒၚလာ ၄ သန္းသို႔ ေစ်းေလွ်ာ့ေပးလိုက္၏။

ယင္းေနာက္ ၈ ၾကိမ္တိုင္ ေစ်းေလွ်ာ့ေပးခဲ့ျပီး လက္ရွိတြင္မူ ကန္ေဒၚလာ ၂ ဒသမ ၈၄ သန္းျဖင့္ ေစ်းကြက္ျပန္တင္လာရာ ၁ စတုရန္းေပလွ်င္ ကန္ေဒၚလာ ၁၉၂၃ သာရွိေတာ့သည္။

(၃) အခန္းအမွတ္ -37D

ေစ်းႏႈန္း- ကန္ေဒၚလာ ၂ ဒသမ ၂၉ သန္း

၂၀၁၆ ခုႏွစ္၊ မတ္လအတြင္းက ေစ်းကြက္တင္ခဲ့သည့္ေစ်းႏႈန္းမွာ ကန္ေဒၚလာ ၃ ဒသမ ၂၅ သန္းျဖစ္ျပီး အိပ္ခန္း ၁ ခန္း၊ ေရခ်ဳိးခန္း ၁ ဒသမ ၅ ခန္းပါဝင္ကာ အက်ယ္အဝန္း စတုရန္းေပ ၁၀၀၀ ရွိသည္။

အေရာင္းေစ်းကြက္တြင္ ၃ ႏွစ္ေက်ာ္ ေရာင္းမထြက္ဘဲရွိေနခဲ့သည္။

ပထမဆံုးေစ်းကြက္တင္ခဲ့သည့္ ေစ်းႏႈန္းမွာ ၁ စတုရန္းေပလွ်င္ ကန္ေဒၚလာ ၄၉၇၆ ေပါက္ခဲ့ေသာ္လည္း ၄ ၾကိမ္ခန္႔ ေစ်းေလွ်ာ့မႈမ်ား ျပဳလုပ္ေပးခဲ့ျပီး ယခုအခါ မူလတန္ဖိုးေအာက္ ထက္ဝက္ေက်ာ္ေလ်ာ့က်သြားခဲ့ျပီး ၁ စတုရန္းေပလွ်င္ ကန္ေဒၚလာ ၂၁၀၅ သာ ေစ်းေခၚထားသည္။

(၄) အခန္းအမွတ္ -42BC

ေစ်းႏႈန္း- ကန္ေဒၚလာ ၆ ဒသမ ၅ သန္း

B ႏွင့္ C အခန္း ၂ ခန္းေပါင္းထားျခင္းျဖစ္ျပီး ၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာလ၊ သမၼတေရြးေကာက္ပြဲမတိုင္မီကတည္းက အေရာင္းေစ်းကြက္တြင္ ရွိေနသည္။

မူလေခၚေစ်းမွာ ကန္ေဒၚလာ ၈ ဒသမ ၅ သန္း (သို႔မဟုတ္) ၁ စတုရန္းေပလွ်င္ ကန္ေဒၚလာ ၃၁၃၂ ျဖစ္ခဲ့သည္။

အေရာင္းေစ်းကြက္တြင္ ၂ ႏွစ္ခြဲၾကာျမင့္ကာ ေစ်းႏႈန္းေလွ်ာ့ခ်မႈ ၄ ၾကိမ္ျပဳလုပ္ေပးျပီးေနာက္ လက္ရွိတြင္ ၁ စတုရန္းေပလွ်င္ ၂၃၉၅ ေဒၚလာသာ ေစ်းေခၚထားႏိုင္သည္။

(၅) အခန္းအမွတ္ -58CD

ေစ်းႏႈန္း- ကန္ေဒၚလာ ၉ ဒသမ ၉၉ သန္း

58C ႏွင့္ D ႏွစ္ခန္းေပါင္းထားျခင္းျဖစ္ျပီး စတုရန္းေပ ၂၂၅၀ အက်ယ္အဝန္းရွိသည္။

၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလအတြင္း ပထမဆံုးေစ်းကြက္တင္ခဲ့စဥ္က ေခၚေစ်းမွာ ကန္ေဒၚလာ ၁၁ ဒသမ ၅ သန္း ျဖစ္သည္။

ထိုစဥ္က ေစ်းႏႈန္းအရ ၁ စတုရန္းေပ တန္ဖုိးမွာ ကန္ေဒၚလာ ၅၄၄၂ ရွိခဲ့သည္။

တစ္ႏွစ္ခြဲၾကာျမင့္ျပီးေနာက္ ေရာင္းမထြက္ခ်ိန္တြင္ ကန္ေဒၚလာ ၁ ဒသမ ၅ သန္းေစ်းေလွ်ာ့ေပးလာရျခင္း ျဖစ္သည္။

(၆) အခန္းအမွတ္ -33E

ေစ်းႏႈန္း- ကန္ေဒၚလာ ၂ ဒသမ ၇ သန္း

အက်ယ္အဝန္း- ၁၁၀၀ စတုရန္းေပ

(၇) အခန္းအမွတ္ -32C

ေစ်းႏႈန္း- ကန္ေဒၚလာ ၂ ဒသမ ၂၅ သန္း

၁ စတုရန္းေပက်သင့္ေငြ- ၁၉၉၆ ေဒၚလာ

စတင္ေစ်းကြက္ဝင္သည့္ကာလ- ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာ

(၈) အခန္းအမွတ္ -57L

ေစ်းႏႈန္း- ကန္ေဒၚလာ ၈ ဒသမ ၉၉ သန္း

စတင္ေစ်းကြက္ဝင္သည့္ကာလ- ၂၀၁၅ (ထိုစဥ္ကေခၚေစ်း ၁၈ သန္း)

အက်ယ္အဝန္း- ၂၅၀၀ စတုရန္းေပ၊ အိပ္ခန္း ၃ ခန္း

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

နယူးယောက်မြို့၊ ပဉ္စမရိပ်သာလမ်း၊ အမှတ် ၇၂၁ ရှိ ထရမ့်တာဝါမှ ကွန်ဒိုခန်းများမှာ ဝယ်လက်ရရန် ခက်ခဲနေပြီး ထရမ့်သမ္မတဖြစ်လာပြီးနောက် ကွန်ဒိုခန်းဈေးများ ၂၀ ရာခိုင်နှုန်းခန့် အရှုံးခံကာ ရောင်းချနေရကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Trump Tower သည် နယူးယောက်မြို့ အိမ်ခြံမြေဈေးကွက်တွင် တစ်ခုတည်းသော အရှုံးပေါ်နေသည့်နေရာဖြစ်ဖွယ်ရှိသည်။

မကြာသေးမီက Bloomberg သတင်းတစ်ရပ်အရ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီးနောက်ပိုင်း ထရမ့်တာဝါရှိ အခန်းအများစုမှာ အရှုံးခံကာ ရောင်းချခဲ့ကြပြီး ၂၀ ရာခိုင်နှုန်းကျော် အရှုံးပေါ်သည့် အခန်းများစွာရှိနေသည်ဟု ဆိုသည်။

Bloomberg က နှိုင်းယှဉ်ပြချက်အရ လွန်ခဲ့သော ၂ နှစ်တာ ကာလအတွင်း မန်ဟက်တန်အရပ်ရှိ အရောင်းအဝယ်ဖြစ်ခဲ့သော နေအိမ်အားလုံးတွင် ၀ ဒသမ ၂၃ ရာခိုင်နှုန်းသာလျှင် အရှုံးဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆောက်အအုံဝန်းကျင် လုံခြုံရေးတင်းကြပ်မှုမှာ ပဉ္စမရိပ်သာလမ်းရှိ ထရမ့်တာဝါတွင် ဝယ်လိုအားကျဆင်းစေသည့် အကြောင်းရင်း တစ်ခု ဖြစ်သည်။

လက်ရှိအားဖြင့် ၅၈ ထပ်မြင့်မားသော အဆိုပါ အဆောက်အအုံကြီးတွင် အရောင်းဈေးကွက်ဝင်လာသည့် အခန်း ၈ ခန်းရှိနေသည်။

အဆိုပါ ၈ ခန်းအနက် အချို့မှာ အရောင်းဈေးကွက်တင်ထားသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး အခန်းအများစုမှာ ဝယ်လက်ပေါ်ပေါက်စေရန်အတွက် မကြာခဏ ဈေးနှုန်းလျှော့ချပေးမှုများ ပြုလုပ်ခဲ့ပြီးလည်း ဖြစ်သည်။

(၁) အခန်းအမှတ် -61L

ဈေးနှုန်း- ကန်ဒေါ်လာ ၁၀ သန်း

အိပ်ခန်း ၃ ခန်းပါ ကွန်ဒိုခန်းဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလအတွင်း လက်ရှိပိုင်ရှင်က ကန်ဒေါ်လာ ၁၄ ဒသမ ၃ သန်း ( ၁ စတုရန်းပေလျှင် ကန်ဒေါ်လာ ၅၆၉၉) ဖြင့် ဝယ်ယူခဲ့သည်။ ယင်းနောက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီတွင် ကန်ဒေါ်လာ ၁၈ သန်းဖြင့် ဈေးကွက်ပြန်တင်သည်။ ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလတွင်ကား ဈေးနှုန်းကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချပေးပြီး ကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်းဖြင့် ဈေးကွက်ပြန်တင်သည်။

ယခုလအတွင်းတွင်ကား ကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ထပ်မံဈေးလျှော့လိုက်ပြန်ရာ လွန်ခဲ့သော ၆ နှစ်က ဝယ်ယူခဲ့သည့်ဈေးအောက် ကန်ဒေါ်လာ ၄ သန်းကျော် အရှုံးပေါ်နေပြီ ဖြစ်သည်။

(၂) အခန်းအမှတ် -32A

ဈေးနှုန်း- ကန်ဒေါ်လာ ၂ ဒသမ ၈၄ သန်း

အိပ်ခန်း ၂ ခန်းပါဝင်ကာ စတုရန်းပေ ၁၅၀၀ ကျယ်ဝန်းသည့် ယခုအခန်းကို လက်ရှိပိုင်ရှင်က ၂၀၀၆ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့သည်။ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထရမ့်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ကန်ဒေါ်လာ ၄ ဒသမ ၂၅ သန်း ( ၁ စတုရန်းပေလျှင် ကန်ဒေါ်လာ ၂၉၃၅ ) ဖြင့် ဈေးကွက်တင်လာသည်။

၂၀၁၇ ခုနှစ်၊ မေလတွင်ကား ကန်ဒေါ်လာ ၄ သန်းသို့ ဈေးလျှော့ပေးလိုက်၏။

ယင်းနောက် ၈ ကြိမ်တိုင် ဈေးလျှော့ပေးခဲ့ပြီး လက်ရှိတွင်မူ ကန်ဒေါ်လာ ၂ ဒသမ ၈၄ သန်းဖြင့် ဈေးကွက်ပြန်တင်လာရာ ၁ စတုရန်းပေလျှင် ကန်ဒေါ်လာ ၁၉၂၃ သာရှိတော့သည်။

(၃) အခန်းအမှတ် -37D

ဈေးနှုန်း- ကန်ဒေါ်လာ ၂ ဒသမ ၂၉ သန်း

၂၀၁၆ ခုနှစ်၊ မတ်လအတွင်းက ဈေးကွက်တင်ခဲ့သည့်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၂၅ သန်းဖြစ်ပြီး အိပ်ခန်း ၁ ခန်း၊ ရေချိုးခန်း ၁ ဒသမ ၅ ခန်းပါဝင်ကာ အကျယ်အဝန်း စတုရန်းပေ ၁၀၀၀ ရှိသည်။

အရောင်းဈေးကွက်တွင် ၃ နှစ်ကျော် ရောင်းမထွက်ဘဲရှိနေခဲ့သည်။

ပထမဆုံးဈေးကွက်တင်ခဲ့သည့် ဈေးနှုန်းမှာ ၁ စတုရန်းပေလျှင် ကန်ဒေါ်လာ ၄၉၇၆ ပေါက်ခဲ့သော်လည်း ၄ ကြိမ်ခန့် ဈေးလျှော့မှုများ ပြုလုပ်ပေးခဲ့ပြီး ယခုအခါ မူလတန်ဖိုးအောက် ထက်ဝက်ကျော်လျော့ကျသွားခဲ့ပြီး ၁ စတုရန်းပေလျှင် ကန်ဒေါ်လာ ၂၁၀၅ သာ ဈေးခေါ်ထားသည်။

(၄) အခန်းအမှတ် -42BC

ဈေးနှုန်း- ကန်ဒေါ်လာ ၆ ဒသမ ၅ သန်း

B နှင့် C အခန်း ၂ ခန်းပေါင်းထားခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ၊ သမ္မတရွေးကောက်ပွဲမတိုင်မီကတည်းက အရောင်းဈေးကွက်တွင် ရှိနေသည်။ မူလခေါ်ဈေးမှာ ကန်ဒေါ်လာ ၈ ဒသမ ၅ သန်း (သို့မဟုတ်) ၁ စတုရန်းပေလျှင် ကန်ဒေါ်လာ ၃၁၃၂ ဖြစ်ခဲ့သည်။

အရောင်းဈေးကွက်တွင် ၂ နှစ်ခွဲကြာမြင့်ကာ ဈေးနှုန်းလျှော့ချမှု ၄ ကြိမ်ပြုလုပ်ပေးပြီးနောက် လက်ရှိတွင် ၁ စတုရန်းပေလျှင် ၂၃၉၅ ဒေါ်လာသာ ဈေးခေါ်ထားနိုင်သည်။

(၅) အခန်းအမှတ် -58CD

ဈေးနှုန်း- ကန်ဒေါ်လာ ၉ ဒသမ ၉၉ သန်း

58C နှင့် D နှစ်ခန်းပေါင်းထားခြင်းဖြစ်ပြီး စတုရန်းပေ ၂၂၅၀ အကျယ်အဝန်းရှိသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်း ပထမဆုံးဈေးကွက်တင်ခဲ့စဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်း ဖြစ်သည်။

ထိုစဉ်က ဈေးနှုန်းအရ ၁ စတုရန်းပေ တန်ဖိုးမှာ ကန်ဒေါ်လာ ၅၄၄၂ ရှိခဲ့သည်။

တစ်နှစ်ခွဲကြာမြင့်ပြီးနောက် ရောင်းမထွက်ချိန်တွင် ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းဈေးလျှော့ပေးလာရခြင်း ဖြစ်သည်။

(၆) အခန်းအမှတ် -33E

ဈေးနှုန်း- ကန်ဒေါ်လာ ၂ ဒသမ ၇ သန်း

အကျယ်အဝန်း- ၁၁၀၀ စတုရန်းပေ

(၇) အခန်းအမှတ် -32C

ဈေးနှုန်း- ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်း

၁ စတုရန်းပေကျသင့်ငွေ- ၁၉၉၆ ဒေါ်လာ

စတင်ဈေးကွက်ဝင်သည့်ကာလ- ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ

(၈) အခန်းအမှတ် -57L

ဈေးနှုန်း- ကန်ဒေါ်လာ ၈ ဒသမ ၉၉ သန်း

စတင်ဈေးကွက်ဝင်သည့်ကာလ- ၂၀၁၅ (ထိုစဉ်ကခေါ်ဈေး ၁၈ သန်း)

အကျယ်အဝန်း- ၂၅၀၀ စတုရန်းပေ၊ အိပ်ခန်း ၃ ခန်း

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service