ကျူးကျော်နေထိုင်သူများကို စနစ်တကျနေရာချထားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့တွင်အစီစဉ်ရှိ

ကျူးကျော်နေထိုင်သူများကို စနစ်တကျနေရာချထားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့တွင်အစီစဉ်ရှိ - Property News in Myanmar from iMyanmarHouse.com
3 Jul 2019 12:43 pm တွင် တင်ခဲ့သည်
2261 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###







### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမတွင် ဇွန် ၂၉ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သတင်းမီဒီယာတွေ့ဆုံသည့်အခမ်းအနားတွင် ရန်ကုန်တိုင်းဒေကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကအဖွင့် နှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည်။

ထိုအထဲမှ စက်မှုဇုန်များတွင်ကျူးကျော်နေထိုင်သူများနှင့်ပတ်သက်၍ အဓိကဖြေရှင်းရမည့်အချက် တစ်ခုရှိကြောင်း၊ဒါကတော့ စက်မှုဇုန်များထဲတွင် ကျူးကျော်နေထိုင်နေသည့်ပြဿနာဖြစ်ကြောင်း၊ ထိုကျူးကျော်နေထိုင်သူများကို ရှင်းလင်းဖို့အတွက်လည်း ဆောင်ရွက်နေပါကြောင်း၊ကျူးကျော်နေထိုင်သူများကို နေရာတစ်ခုမှာစနစ်တကျ စီမံခန့်ခွဲနိုင်ဖို့အတွက်ဆောင်ရွက်မှာဖြစ်ပါကြောင်းတို့ကို ပြောထားသည်။

ထို့အပြင်ကျူးကျော်နေထိုင်သူများနှင့်ပတ်သက်၍ စနစ်တကျနေရာချထားပေးနိုင်ရန်နှင့်၎င်းတို့ဘဝ အဆင့်မြင့်မားလာစေရန်အတွက် လူ့အဖွဲ့အစည်းတစ်ဖွဲ့နှင့်တစ်ဖွဲ့ ပြန်လည်ကူညီသည့်ပုံသဏ္ဌာန်မျိုးဖြစ်အောင် ကြိုးစားဆောင်ရွက်နေကြောင်း၊ကျူးကျော်နေထိုင်သူများကို ရှင်းလင်းရာတွင်လည်း အမျိုးသမီးများကိုအခြေပြု ပြီးဆောင်ရွက်သွားရန်ဆုံးဖြတ်ထားကြောင်း၊အမျိုးသမီးများကိုအခြေပြုကာ ဆယ်ယောက်တစ်စုနှုန်းဖြင့် ချေးငွေစနစ်ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ဆောက်လုပ်ရေးဝန်ကြီးဌာန၊မိမိတို့ တိုင်းဒေသကြီးအစိုးရ နှင့်အတူ NGO များမှတာဝန်ရှိသူများ ပူးပေါင်းကာ ၎င်းတို့အတွက်နေရာချထားပေးနိုင်ရန်စီစဉ်ထားရှိကြောင်း၊ နေရာချထားပေးမည့် မြေနေရာသည် အစိုးရပိုင်မြေနေရာဖြစ်၍ အပိုင်ပေးမည်မဟုတ်ကြောင်း၊Community ပိုင် အဖြစ်ထားရှိသွားမည်ဖြစ်ကြောင်း ပြောထားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ၎င်းနေရာတွင် နေထိုင်မည့်သူများအနေနှင့်အခန်းငှားစားလို့ ရောင်းစားလို့မရပါကြောင်း၊အခန်းမှာနေတဲ့သူသည် အဆင့်မြင့်သည့်နေရာကိုသွားမည်ဆိုလျှင် လက်ရှိနေရာကို ပြန်ပေးခဲ့ရမှာဖြစ်ကြောင်း၊ဘဝအခြေအနေ မတိုးတက်မပြောင်းလဲသေးလျှင်ဆက်နေလို့ရမှာဖြစ်ကြောင်း ပြော ထားသည်။

သြဂုတ်လတွင် ကျူးကျော်များအတွက်နေရာချထားနိုင်ဖို့ နေအိမ်အဆောက်အအုံဆောက်လုပ်မှု စတင် နိုင်ဖို့မျှော်မှန်းထားကြောင်း၊လှိုင်သာယာ၊ရွှေပြည်သာနှင့်ဒဂုံလေးမြို့နယ်တွင်စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်ခြင်းနှင့်စာရင်းများကိုလည်း စတင်ပြုစုနေပြီဖြစ် ကြောင်းတို့ကိုပြောကြားခဲ့ပါသည်။

ဥက္ကာသစ္စာ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service