အင်္ဂလန်တွင် တချိန်က ကမ္ဘာကျော် စာရေးဆရာမ ဂျိန်းအော်စတင်ပိုင်ဆိုင်ခဲ့သည့် အဌဂံပုံနေအိမ်တစ်လုံး ပေါင် ၈ သိန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အင်္ဂလန်တွင် တချိန်က ကမ္ဘာကျော် စာရေးဆရာမ ဂျိန်းအော်စတင်ပိုင်ဆိုင်ခဲ့သည့် အဌဂံပုံနေအိမ်တစ်လုံး ပေါင် ၈ သိန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
1 Jul 2019 12:39 pm တွင် တင်ခဲ့သည်
1270 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
အင်္ဂလန်နိုင်ငံတွင် တချိန်က ကမ္ဘာကျော် စာရေးဆရာမ ဂျိန်းအော်စတင်ပိုင်ဆိုင်ခဲ့သည့် အဌဂံပုံနေအိမ်တစ်လုံး ပေါင် ၈ သိန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင် လာသည်။ ဂျိန်းအော်စတင်သည် ၁၈ ရာစုနှောင်းပိုင်းတွင် ပေါ်ပေါက်ခဲ့သော စာရေးဆရာမတစ်ဦးဖြစ်ပြီး အင်္ဂလန်နိုင်ငံတောင်ပိုင်း ဟမ့်ရှိုင်းယားခရိုင်၊ စတီဗင်တန်ကျေးရွာကလေးတွင် ၁၇၇၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်တွင် မွေးဖွားသည်။
သူ၏ ဝတ္ထု ၆ အုပ်မှာ ကမ္ဘာ့စာပေသမိုင်းတွင် အထင်ကရစာအုပ်များဖြစ်ပြီး Sense and Sensibility (၁၈၁၁ ခုနှစ်)၊ Pride and Prejudice (၁၈၁၃ ခုနှစ်)၊ Mansfield Park (၁၈၁၄ ခုနှစ်) နှင့် Emma (၁၈၁၆ ခုနှစ်) တို့ပါဝင်သည်။
အသက် ၄၂ နှစ်အရွယ် ၁၈၁၇ ခုနှစ်နှစ်တွင် ကွယ်လွန်သွားသည်။
သမားရိုးကျမဟုတ်သော အဆိုပါ ၈ ထောင့်ပုံနေအိမ်ကို ၁၂ ရာစုခေတ် ဘုန်းတော်ကြီးကျောင်းဝန်းတစ်ခုအတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
အင်္ဂလန်နိုင်ငံ၊ ဝါးဝစ်ခ်ရှိုင်းယားအရပ်ရှိ စတုန်းလေး ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း တည်ရှိသည်။
အဆိုပါ ဘုန်းတော်ကြီးကျောင်းကို ၁၁၅၄ ခုနှစ်တွင် စစ်စတာစီယန် ဘုန်းတော်ကြီးများက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ဂျိန်းအော်စတင်သည် ၁၈၀၆ ခုနှစ်တွင် အဆိုပါနေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ထိုစဉ်က အောင်မြင်သည့် စာရေးဆရာမတစ်ဦး ဖြစ်မလာသေးချေ။ မိခင်၏ အစ်ကိုဖြစ်သူ ဘုန်းတော်ကြီး သောမတ်စ်လေးထံမှ အမွေရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သောမတ်စ်လေးက ဂျိန်း၏ မိခင်ဖြစ်သူ ကာဆန်ဒရာ အော်စတင်ကို ၎င်းနှင့်အတူ နေထိုင်ရန် ခေါ်ယူခဲ့ရာ ဂျိန်းနှင့် သူ၏ညီမ ကာဆန်ဒရာတို့ လိုက်ပါနေထိုင်ခဲ့ကြသည်။ ထိုစဉ်က စံအိမ်၏ ဥယျာဉ်မှူးမှာ ဟမ့်ဖရေး ရက်ပ်တန်ဖြစ်ပြီး အော်စတင်က သူ၏ တတိယမြောက် လုံးချင်းဝတ္ထုဖြစ်သော Mansfield Park တွင် ဇာတ်ကောင်တစ်ခုအဖြစ် ထည့်သွင်းရေးသားခဲ့ဖူးသည်။
နေအိမ်ကို Knight Frank မှ အကျိုးဆောင်များက ဈေးကွက်တင်လာပေးခြင်းဖြစ်ပြီး နေအိမ်သည် နှစ်ပေါင်း ၈၀၀ ကျော် သမိုင်းကြောင်းကို ဖြတ်သန်းလာခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဝင်ခန်းမလမ်းမှ ဝင်လာလျှင် အုတ်များကို ဖော်၍ဆောက်လုပ်ထားသည့် ညစာစားခန်းသို့ရောက်ရှိမည်ဖြစ်ပြီး မြင့်မားသည့် မျက်နှာကြက်များ၊ ဘေးနှစ်ဘက်တွင် ပြတင်းပေါက်များဖြင့် ဖွဲ့စည်းထားသည်။
မီးဖိုဆောင်သည် ညစာစားခန်းနှင့် ဆက်သွယ်ထားသည်။
နေအိမ်၏ နောက်ဘက်တွင် တိုးချဲ့ဆောင်တစ်ခု တည်ရှိပြီး အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်းတို့ ပါဝင်သည်။
ပင်မနေအိမ်နှင့် အတန်ငယ်လှမ်းသော နေရာတွင်လည်း သီးခြားတိုးချဲ့ဆောင်တစ်ခု ပါဝင်သေးပြီး ပြင်သစ်တံခါးများ ပါဝင်သည့် နားနေခန်း၊ ကျယ်ဝန်းသည့် အိပ်ခန်း ၂ ခန်းနှင့် မီးဖိုဆောင်ငယ်တစ်ခု ပါဝင်သည်။
ပန်းဥယျာဉ်မှာ အလွန်သာယာလှပပြီး ယာဉ်မောင်းလမ်းတစ်လျှောက်တွင် သံလွင်ပင်ကြီးများ စီရရီ တန်းနေသည်။
မိုဘိုင်းဖုန်းနှင့် ချိတ်ဆက် ထိန်းချုပ်နိုင်သော ခြံတံခါးများ တပ်ဆင်ထားပြီး ယာဉ်မောင်းလမ်းဆုံးလျှင် အလွန်ကျယ်ဝန်းသော ကားရပ်နားရန်နေရာသို့ ရောက်ရှိမည် ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
18th Property and Car Expo
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service