မလေးရှားတွင် ပထမဆုံးအကြိမ် နေအိမ်ဝယ်ယူမည့်သူများကို မက်လုံးပေးသည့်အစီအစဉ်များ ၆ လ ဆက်လက်သက်တမ်းတိုး
မလေးရှားတွင် ပထမဆုံးအကြိမ် နေအိမ်ဝယ်ယူမည့်သူများကို မက်လုံးပေးသည့်အစီအစဉ်များ ၆ လ ဆက်လက်သက်တမ်းတိုး - Property News in Myanmar from iMyanmarHouse.com
1 Jul 2019 12:13 pm တွင် တင်ခဲ့သည်
743 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
မလေးရှားတွင် ပထမဆုံးအကြိမ် နေအိမ်ဝယ်ယူမည့်သူများကို မက်လုံးပေးသည့်အစီအစဉ်တစ်ရပ်ဖြစ်သော “၂၀၁၉ ခုနှစ် အမျိုးသား နေအိမ်ပိုင်ဆိုင်ရေး ကမ်ပိန်း” (HOC 2019) ကို လာမည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ၆ လ သက်တမ်းတိုးလိုက်ကြောင်း မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်ကွမ်းအန်က ကြေညာလိုက်သည်။
ယခုကဲ့သို့ သက်တမ်းတိုးရခြင်းမှာ မလေးရှားနိုင်ငံသားများအတွက် နေအိမ်ပိုင်ဆိုင်ရေး အားပေးလိုခြင်းနှင့် မရောင်းရသော နေအိမ်များ လျှော့ချနိုင်ရေးတို့အတွက် ရည်ရွယ်ကြောင်းလည်း ဝန်ကြီးက ပြောကြားသည်။
HOC 2019 သည် မလေးရှား အိုးအိမ်ဝန်ကြီးဌာန၊ ဒေသတွင်းအစိုးရအဖွဲ့၊ မလေးရှား အိမ်ခြံမြေ developer များအသင်း (Rehda) ၊ ဆဘား အိုးအိမ်နှင့် အိမ်ခြံမြေ developer များအသင်း (Shareda) ၊ ဆာရာဝက် အိုးအိမ်နှင့် အိမ်ခြံမြေ developer များအသင်း (Sheda) တို့ ပူးတွဲအကောင်အထည်ဖော်သည့် စီမံကိန်းတစ်ရပ် ဖြစ်သည်။
ဝန်ကြီးက ပြောကြားရာတွင် HOC 2019 သည် အစိုးရဘက်မှ တံဆိပ်ခေါင်းခွန် ကင်းလွတ်ခွင့်ပေးခြင်းမျိုးနှင့် အိမ်ခြံမြေ developer များဘက်မှ အနည်းဆုံး ၁၀ ရာခိုင်နှုန်း ဈေးလျှော့ပေးခြင်းတို့ ပူးပေါင်းထားသည့် မက်လုံးများ ပါဝင်ကြောင်းနှင့် တန်ဖိုးအားဖြင့် ရင်းဂစ် ၃၀၀၀၀၀ မှ ၂ ဒသမ ၅ သန်း တန်ကြေးရှိ အိမ်ခြံမြေများကို ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
Rehda က ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ HOC 2019 ကို သက်တမ်းတိုးပေးရန် တောင်းဆိုလာမှုကို ဒေသတွင်း အစိုးရဝန်ကြီး ဇူရိုင်ဒါ ကမာရုဒင်မှတဆင့် တင်ပြမှုအား ဘဏ္ဍာရေးဝန်ကြီးဌာနက လက်ခံခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
“HOC 2019 အရ မက်လုံးတွေအပြင် အစိုးရကလည်း ပထမဆုံး နေအိမ်ဝယ်ယူမယ့်သူတွေကို ပေးအပ်တဲ့ မက်လုံးတွေ ရှိပါတယ်” နေအိမ်သစ်မဟုတ်ဘဲ လူနေပြီးနေအိမ်များ (သို့မဟုတ်) Rehda တွင် မှတ်ပုံတင်မထားသော developer များထံမှ ပထမဆုံးအကြိမ် ဝယ်ယူမည့်သူများအနေဖြင့်လည်း HOC 2019 အစီအစဉ်အောက်တွင် တံဆိပ်ခေါင်းခွန်ကင်းလွတ်ခွင့်လျှောက်ထားနိုင်သည်ဟု ဆိုသည်။
အမျိုးသား အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ (Napic) မှ အစီရင်ခံစာတစ်ရပ်အရ ၂၀၁၈ ခုနှစ်၊ စတုတ္ထ ၃ လပတ် ကာလတွင် ရောင်းမထွက်သော အိမ်ခြံမြေပေါင်း ၂၃၁၃ ရှိခဲ့ပြီး တန်ဖိုးအားဖြင့် ရင်းဂစ် ၁၉ ဒသမ ၈၆ ဘီလီယံရှိသည်ဟု ဆိုသည်။
အဆိုပါအချက်အလက်များမှာ မလေးရှား၏ အိမ်ခြံမြေပိုင်ဆိုင်မှု အခြေအနေ၊ ဈေးကွက်အတွင်း ရောင်းလိုအားနှင့် ဝယ်လိုအားမျှခြေ မညီမှုတို့ကို မီးမောင်းထိုးပြသနေခြင်းလည်း ဖြစ်သည်။
၂၀၁၇ ခုနှစ်၊ စတုတ္ထ ၃ လပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အဆိုပါကာလအတွင်း ရောင်းမထွက်သော အိမ်ခြံမြေပမာဏ ၃၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ၂၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဝန်ကြီးက ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service