ျမန္မာႏိုင္ငံအပါအဝင္ အာရွတစ္လႊားရွိ အိမ္ျခံေျမေစ်းကြက္မ်ားတြင္ တရုတ္ျပည္မွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားျမင့္တက္

ျမန္မာႏိုင္ငံအပါအဝင္ အာရွတစ္လႊားရွိ အိမ္ျခံေျမေစ်းကြက္မ်ားတြင္ တရုတ္ျပည္မွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားျမင့္တက္ - Property News in Myanmar from iMyanmarHouse.com
1 Jul 2019 11:55 am တွင် တင်ခဲ့သည်
977 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေရွ ႔ေတာင္အာရွႏိုင္ငံမ်ားရွိ အိမ္ျခံေျမေစ်းကြက္မ်ားတြင္ တရုတ္ျပည္မွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျမင့္တက္ေနမႈႏွင့္အတူ အဆိုပါႏိုင္ငံမ်ားတြင္ ေျမေစ်းႏွင့္ လူေနအိမ္ျခံေျမေစ်းႏႈန္းမ်ားလည္း ျမင့္တက္လာလ်က္ရွိေနေၾကာင္း ကေမၻာဒီးယားအေျခစိုက္ သတင္းဝက္ဘ္ဆိုက္ တစ္ခု တြင္ ေဖာ္ျပသည္။

သာဓကအားျဖင့္ ကေမၻာဒီးယားတြင္ ၂၀၁၇ ခုႏွစ္မွစတင္ကာ ေျမေစ်းမွာ ႏွစ္စဥ္ ၂၀ ရာခိုင္ႏႈန္းခန္႔ ျမင့္တက္လ်က္ရွိေနျပီး လူေနႏွင့္ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ အေဆာက္အအံုေစ်းႏႈန္းမ်ားမွာ ႏွစ္စဥ္ ၁၀ ရာခိုင္ႏႈန္းေက်ာ္ ျမင့္တက္ေနေၾကာင္း ထိုင္းကူးသန္းေရာင္းဝယ္ေရး ဝန္ၾကီးဌာနလက္ေအာက္ရွိ ႏိုင္ငံတကာ ကုန္သြယ္မႈျမင့္တင္ေရးဦးစီးဌာန ညြန္ၾကားေရးမွဴး ဂ်ီရာဝု ဆုဝန္နာ့ဂ်္က ေျပာၾကားသည္။

ယခုႏွစ္ ပထမ ၄ လတာကာလအတြင္း တရုတ္ျပည္မွ ရင္းႏွီးျမွဳပ္ႏွံသူမ်ားသည္ ကေမၻာဒီးယား အိမ္ျခံေျမႏွင့္ ေဆာက္လုပ္ေရးက႑တြင္ ကန္ေဒၚလာ ၃၁၅ သန္းခန္႔ ရင္းႏွီးျမွဳပ္ႏွံခဲ့သည္။

ထိုင္းႏိုင္ငံတြင္လည္း လြန္ခဲ့သည့္ ၂ ႏွစ္တာကာလအတြင္း တရုတ္ဝယ္လက္မ်ားက ကြန္ဒိုခန္း ဝယ္ယူမႈမ်ား ၾကီးမားစြာျမင့္တက္လာေနသည္။

အခ်ဳိ ႔ developer မ်ား၏ ေၾကညာခ်က္မ်ားအရ ၎တို႔၏ ကြန္ဒိုမီနီယံ စီမံကိန္းမ်ားမွ ၅၀ ရာခိုင္ႏႈန္းေက်ာ္မွာ ႏိုင္ငံျခားသားမ်ားကို ေရာင္းခ်ခဲ့ရျခင္းျဖစ္ျပီး အထူးသျဖင့္ တရုတ္ျပည္မွ ဝယ္လက္မ်ားျဖစ္သည္ဟု ေဖာ္ျပသည္။

Developer တို႔က ထုတ္ျပန္ရာတြင္ ကြန္ဒိုအေဆာက္အအံုမ်ား၌ ႏိုင္ငံျခားသားမ်ားကို ေရာင္းခ်ခြင့္ျပဳထားသည့္ ေဝစုျဖစ္ေသာ ၄၉ ရာခိုင္ႏႈန္းမွာ ေရာင္းထြက္သြားျပီျဖစ္ေၾကာင္း၊ ထိုသို႔ ေရာင္းခ်ရျခင္းမွာ ယခင္က ရွားရွားပါးပါး ျဖစ္ေတာင့္ျဖစ္ခဲ အေျခအေနမ်ဳိးျဖစ္ေၾကာင္း CBRE က ေနာက္ဆံုးျပဳလုပ္ခဲ့သည့္ သုေတသနတစ္ရပ္တြင္ ေဖာ္ျပသည္။

တစ္ကမၻာလံုး အတိုင္းအတာအားျဖင့္လည္း တရုတ္ႏိုင္ငံသည္ အိမ္ျခံေျမက႑တြင္ ရင္းႏွီးျမွဳပ္ႏွံမႈွမ်ား အဓိကျပဳလုပ္ေပးေနသူ ျဖစ္သည္။

CBRE ၏ သုေတသနအရ တရုတ္ျပည္၏ ျပည္ပ အိမ္ျခံေျမက႑ ရင္းႏွီးျမွဳပ္ႏွံမႈပမာဏသည္ ၂၀၁၃ ခုႏွစ္အတြင္းက ကန္ေဒၚလာ ၈ ဘီလီယံခန္႔သာ ရွိခဲ့ရာမွ ၂၀၁၇ ခုႏွစ္တြင္ ကန္ေဒၚလာ ၃၅ ဘီလီယံဖိုးအထိ ရွိလာခဲ့သည္ဟု ဆိုသည္။

ျမန္မာႏိုင္ငံ၏ အိမ္ျခံေျမ ေစ်းကြက္တြင္လည္း ႏိုင္ငံျခားတိုက္ရိုက္ ရင္းႏွီးျမွဳပ္ႏွံမႈ ျမင့္တက္လာေနျပီး အထူးသျဖင့္ တရုတ္ျပည္မွ ရင္းႏွီးျမွဳပ္ႏွံသူမ်ားျဖစ္ေၾကာင္း Colliers International ၏ အစီရင္ခံစာမ်ားတြင္ ေဖာ္ျပသည္။

ျမန္မာႏိုင္ငံ ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မရွင္ (MIC) သည္ လက္ရွိ ဘ႑ာေရးႏွစ္ျဖစ္ေသာ ၂၀၁၈-၂၀၁၉ ကာလအတြင္း ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈ ၁၀၉ ခု ခြင့္ျပဳေပးခဲ့ေၾကာင္း ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ညႊန္ၾကားမႈဦးစီးဌာန (Dica) ၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။

အဆိုပါ ပမာဏမွာ ေဖေဖာ္ဝါရီလအထိ စာရင္းမ်ားသာျဖစ္ျပီး ဘ႑ာေရးႏွစ္မွာ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလမွ စတင္ခဲ့ျခင္းျဖစ္သည္။

၂၀၁၇- ၂၀၁၈ ဘ႑ာေရးႏွစ္အတြင္း ျမန္မာႏိုင္ငံ၏ အိမ္ျခံေျမက႑သို႔ ႏိုင္ငံျခားတိုက္ရိုက္ရင္းႏွီးျမွဳပ္ႏွံမႈ ကန္ေဒၚလာ ၁ ဒသမ ၂ ဘီလီယံဖုိး ဝင္ေရာက္ခဲ့သည္။

ျမန္မာႏိုင္ငံတြင္ အၾကီးမားဆံုး ရင္းႏွီးျမွဳပ္ႏွံသူမ်ားမွာ စကၤာပူႏွင့္ တရုတ္ျပည္တို႔မွျဖစ္ျပီး ကန္ေဒၚလာ ၂ ဒသမ ၁ ဘီလီယံႏွင့္ ကန္ေဒၚလာ ၁ ဒသမ ၃ ဘီလီယံ အသီးသီး ရင္းႏွီးျမွဳပ္ႏွံခဲ့ၾကကာ ႏိုင္ငံျခားတိုက္ရိုက္ရင္းႏွီးျမွဳပ္ႏွံမႈ စုစုေပါင္း၏ ၆၀ ရာခိုင္ႏႈန္းေက်ာ္သည့္ ပမာဏျဖစ္ေၾကာင္း Colliers က ေဖာ္ျပသည္။

ျမန္မာ့ အိမ္ျခံေျမေစ်းကြက္တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ၾကီးမားစြာျပဳလုပ္လာၾကမႈႏွင့္အတူ ေျမေစ်းႏွင့္ အိမ္ျခံေျမေစ်းႏႈန္း ျမင့္တက္မႈမ်ားလည္း ျဖစ္ေပၚလာေစေၾကာင္း Colliers ၏ အစီရင္ခံစာတြင္ ေဖာ္ျပသည္။

အာရွတစ္လႊား အိမ္ျခံေျမက႑တြင္ နယ္စပ္ျဖတ္ေက်ာ္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျမင့္တက္လာလ်က္ရွိရာတြင္ ေဟာင္ေကာင္တြင္ ၄၁ ရာခိုင္ႏႈန္း (ကန္ေဒၚလာ ၂၀ ဒသမ ၅ ဘီလီယံ)၊ စကၤာပူတြင္ ၃၅ ရာခိုင္ႏႈန္း (ကန္ေဒၚလာ ၁၉ ဒသမ ၉ ဘီလီယံ) ၊ ေတာင္ကိုရီးယားတြင္ ကန္ေဒၚလာ ၈ ဒသမ ၆ ဘီလီယံ ၊ ဂ်ပန္တြင္ ကန္ေဒၚလာ ၃ ဒသမ ၁ ဘီလီယံ၊ ၾသစေတးလ်တြင္ ကန္ေဒၚလာ ၁ ဒသမ ၇ ဘီလီယံ၊ ထိုင္ဝမ္တြင္ ကန္ေဒၚလာ ၁ ဒသမ ၇ ဘီလီယံ၊ ထိုင္းႏိုင္ငံတြင္ ကန္ေဒၚလာ ၁ ဒသမ ၁ ဘီလီယံ၊ မေလးရွားတြင္ ကန္ေဒၚလာ သန္း ၅၀၀ ႏွင့္ အိႏိၵယတြင္ ကန္ေဒၚလာ သန္း ၃၀၀ ဖိုးခန္႔ အသီးသီးျမင့္တက္ခဲ့ၾကသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အရှေ့တောင်အာရှနိုင်ငံများရှိ အိမ်ခြံမြေဈေးကွက်များတွင် တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်နေမှုနှင့်အတူ အဆိုပါနိုင်ငံများတွင် မြေဈေးနှင့် လူနေအိမ်ခြံမြေဈေးနှုန်းများလည်း မြင့်တက်လာလျက်ရှိနေကြောင်း ကမ္ဘောဒီးယားအခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခု တွင် ဖော်ပြသည်။

သာဓကအားဖြင့် ကမ္ဘောဒီးယားတွင် ၂၀၁၇ ခုနှစ်မှစတင်ကာ မြေဈေးမှာ နှစ်စဉ် ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိနေပြီး လူနေနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံဈေးနှုန်းများမှာ နှစ်စဉ် ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်နေကြောင်း ထိုင်းကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတကာ ကုန်သွယ်မှုမြင့်တင်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဂျီရာဝု ဆုဝန်နာ့ဂျ်က ပြောကြားသည်။

ယခုနှစ် ပထမ ၄ လတာကာလအတွင်း တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘောဒီးယား အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကဏ္ဍတွင် ကန်ဒေါ်လာ ၃၁၅ သန်းခန့် ရင်းနှီးမြှုပ်နှံခဲ့သည်။

ထိုင်းနိုင်ငံတွင်လည်း လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း တရုတ်ဝယ်လက်များက ကွန်ဒိုခန်း ဝယ်ယူမှုများ ကြီးမားစွာမြင့်တက်လာနေသည်။

အချို့ developer များ၏ ကြေညာချက်များအရ ၎င်းတို့၏ ကွန်ဒိုမီနီယံ စီမံကိန်းများမှ ၅၀ ရာခိုင်နှုန်းကျော်မှာ နိုင်ငံခြားသားများကို ရောင်းချခဲ့ရခြင်းဖြစ်ပြီး အထူးသဖြင့် တရုတ်ပြည်မှ ဝယ်လက်များဖြစ်သည်ဟု ဖော်ပြသည်။

Developer တို့က ထုတ်ပြန်ရာတွင် ကွန်ဒိုအဆောက်အအုံများ၌ နိုင်ငံခြားသားများကို ရောင်းချခွင့်ပြုထားသည့် ဝေစုဖြစ်သော ၄၉ ရာခိုင်နှုန်းမှာ ရောင်းထွက်သွားပြီဖြစ်ကြောင်း၊ ထိုသို့ ရောင်းချရခြင်းမှာ ယခင်က ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးဖြစ်ကြောင်း CBRE က နောက်ဆုံးပြုလုပ်ခဲ့သည့် သုတေသနတစ်ရပ်တွင် ဖော်ပြသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့်လည်း တရုတ်နိုင်ငံသည် အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုှများ အဓိကပြုလုပ်ပေးနေသူ ဖြစ်သည်။

CBRE ၏ သုတေသနအရ တရုတ်ပြည်၏ ပြည်ပ အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ၂၀၁၃ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၈ ဘီလီယံခန့်သာ ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၃၅ ဘီလီယံဖိုးအထိ ရှိလာခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်တွင်လည်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာနေပြီး အထူးသဖြင့် တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံသူများဖြစ်ကြောင်း Colliers International ၏ အစီရင်ခံစာများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သည် လက်ရှိ ဘဏ္ဍာရေးနှစ်ဖြစ်သော ၂၀၁၈-၂၀၁၉ ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀၉ ခု ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (Dica) ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

အဆိုပါ ပမာဏမှာ ဖေဖော်ဝါရီလအထိ စာရင်းများသာဖြစ်ပြီး ဘဏ္ဍာရေးနှစ်မှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စတင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံဖိုး ဝင်ရောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူများမှာ စင်္ကာပူနှင့် တရုတ်ပြည်တို့မှဖြစ်ပြီး ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံနှင့် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အသီးသီး ရင်းနှီးမြှုပ်နှံခဲ့ကြကာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော်သည့် ပမာဏဖြစ်ကြောင်း Colliers က ဖော်ပြသည်။

မြန်မာ့ အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုများ ကြီးမားစွာပြုလုပ်လာကြမှုနှင့်အတူ မြေဈေးနှင့် အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုများလည်း ဖြစ်ပေါ်လာစေကြောင်း Colliers ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

အာရှတစ်လွှား အိမ်ခြံမြေကဏ္ဍတွင် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာလျက်ရှိရာတွင် ဟောင်ကောင်တွင် ၄၁ ရာခိုင်နှုန်း (ကန်ဒေါ်လာ ၂၀ ဒသမ ၅ ဘီလီယံ)၊ စင်္ကာပူတွင် ၃၅ ရာခိုင်နှုန်း (ကန်ဒေါ်လာ ၁၉ ဒသမ ၉ ဘီလီယံ) ၊ တောင်ကိုရီးယားတွင် ကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံ ၊ ဂျပန်တွင် ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ၊ သြစတေးလျတွင် ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ၊ ထိုင်ဝမ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ၊ ထိုင်းနိုင်ငံတွင် ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ၊ မလေးရှားတွင် ကန်ဒေါ်လာ သန်း ၅၀၀ နှင့် အိန္ဒိယတွင် ကန်ဒေါ်လာ သန်း ၃၀၀ ဖိုးခန့် အသီးသီးမြင့်တက်ခဲ့ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service