ကာရစ်ဘီယံဒေသတွင် ကမ္ဘာကျော်အဆိုတော် ပရင့်စ်ပိုင်ဆိုင်ခဲ့သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့် ရောင်းချ

ကာရစ်ဘီယံဒေသတွင် ကမ္ဘာကျော်အဆိုတော် ပရင့်စ်ပိုင်ဆိုင်ခဲ့သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
28 Jun 2019 11:48 am တွင် တင်ခဲ့သည်
1114 ကြိမ် ကြည့်ရှု့ပြီး

ကာရစ်ဘီယံဒေသတွင် မော်တော်ယာဉ်လမ်း၊ ပရင့်စ်၏ အထိမ်းအမှတ်ဖြစ်သော ခရမ်းရောင်တို့လွှမ်းမိုးသည့် ရုပ်ရှင်ပြခန်းတို့ပါဝင်ကာ ပရင့်စ်ပိုင်ဆိုင်ခဲ့သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၀ ဒသမ ၈ သန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။

တည်နေရာမှာ ဘဟားမားကျွန်း၏ အရှေ့ဘက် Turks and Caicos ကျွန်းစု၏ Providenciales ကျွန်းဆွယ်တွင် တည်ရှိပြီး အရောင်းဈေးကွက်တွင် ရှိနေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၏ အရှေ့တောင်ဘက်၊ ကျူးဘားနိုင်ငံ၏ အရှေ့ဘက် အတ္တလန္တိတ်သမုဒ္ဒရာအတွင်းတည်ရှိသော ကျွန်းတစ်ကျွန်းဖြစ်သည်။ ပြီးခဲ့သောနှစ်အတွင်းကလည်း လေလံတင်ရောင်းချရန် စီစဉ်ခဲ့သေးသော်လည်း ရောင်းမထွက်ခဲ့ချေ။

နောက်ဆုံးဈေးကွက်တင်ခဲ့သည်မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင်ဖြစ်ပြီး ထိုစဉ်ကခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၁ ဒသမ ၈ သန်း ဖြစ်သည်။

ခြံဝန်းအကျယ်မှာ ၆ ဧကနီးပါးရှိကာ ကမ်းခြေတွင် တည်ရှိပြီး ပင်မနေအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၀၀၀၀ ခန့်အထိ ကျယ်ဝန်းသည်။

နေအိမ်အတွင်း အိပ်ခန်း ၆ ခန်းပါဝင်ပြီး ကမ်းခြေတွင် အလျား ပေ ၂၀၀ ရှိသည့် ဆိပ်ခံတစ်ခု ပိုင်ဆိုင်ထားသည်။

ခြံဝန်းအတွင်း တင်းနစ်ကွင်း၊ ဝန်ထမ်းနေအိမ်နှင့် သစ်လုံးတဲအိမ်များစွာ ပါဝင်သည်။

မော်တော်ယာဉ်လမ်းမှာ ခရမ်းရောင် ကွန်ကရစ်လမ်းဖြစ်ပြီး နေအိမ်အတွင်းရှိ ရုပ်ရှင်ပြခန်းမှာလည်း ခရမ်းရောင်တို့ လွှမ်းမိုးထားသည်။

ပရင့်စ်က အဆိုပါစံအိမ်ကို ၂၀၁၁ ခုနှစ်အတွင်း ဝယ်ယူခဲ့ပြီး တစ်နှစ်ခန့်အတွင်း ကပ်လျက်မြေကွက် ၂ ခုကို ဝယ်ယူကာ ပေါင်းစည်းပေးခဲ့ကြောင်း Sotheby’s International Realty မှ အကျိုးဆောင် နီနာ ဆီဂျန်သာလာက ပြောကြားသည်။

မစ္စ ဆီဂျန်သာလာ၏ ပြောကြားချက်အရ ပရင့်စ်သည် ဝယ်ယူပြီးနောက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရာ အိမ်တွင်းနေရာ ပိုမိုကျယ်ဝန်းစေရန်အတွက် နံရံများကို ဖြိုချပစ်ခဲ့သည်ဟု ဆိုသည်။

ယခု ဝယ်လက်မှာ မြောက်ကယ်ရိုလိုင်းနားအခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သော 319 Capital Partners မှ အမှုဆောင်ချုပ် တွမ်ဘန်းစ် ဖြစ်သည်။ ပရင့်စ်ရဲ့  နေအိမ်ကို ဝယ်ယူလိုက်ရတာ ဆုလာဘ်တစ်ခုပါဟု တွမ်ဘန်းစ်က ပြောသည်။

“အထက်တန်းကျောင်းသားဘဝတုန်းက 1999 ကို ကျွန်တော် နားထောင်ခဲ့တာ မှတ်မိနေပါတယ်” ဟု မစ္စတာ ဘန်းစ်က ဆိုသည်။

မစ္စတာ ရည်ညွန်းသည်မှာ ပရင့်စ်၏ တေးအယ်လ်ဘမ်တစ်ခုကို ရည်ညွှန်းခြင်းဖြစ်သည်။

မစ္စတာဘန်းစ်က ပြောကြားရာတွင် သူနှင့် မိသားစုသည် Turks and Caicos တွင် လာရောက် အပန်းဖြေလေ့ရှိသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်ကြောင်း၊ လူအမြောက်အမြား ဧည့်ခံနိုင်မည့် ကျယ်ဝန်းသော နေအိမ်တစ်ခုကို လိုချင်နေခဲ့ကြောင်း ပြောကြားသည်။

ယခုနေအိမ်တွင် မနေထိုင်ဖြစ်သည့်အချိန်များ၌ ပြန်လည်အငှားချထားလိုကြောင်းလည်း ၎င်းက ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service