“စက်မှုဥယျာဉ်စီမံကိန်းများဖော်ဆောင်ရန်”အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လွှတ်တော်ကိုယ်စားလှယ်များထံ လာရောက်ရှင်းလင်း

“စက်မှုဥယျာဉ်စီမံကိန်းများဖော်ဆောင်ရန်”အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လွှတ်တော်ကိုယ်စားလှယ်များထံ လာရောက်ရှင်းလင်း - Property News in Myanmar from iMyanmarHouse.com
28 Jun 2019 10:58 am တွင် တင်ခဲ့သည်
905 ကြိမ် ကြည့်ရှု့ပြီး

ဇွန်လ ၂၅ ရက်နေ့တွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက လှည်းကူး နှင့် ထန်းတပင်မြို့နယ် တို့တွင် အကောင်အထည်ဖော်မည့် ရေပေါ်ဈေးများ၊ နိုင်ငံတကာထုတ်ကုန်များပါဝင်မည့် စက်မှုဥယျာဉ်စီမံကိန်းနှင့်ပတ်သက်ပြီးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်းခဲ့ကြောင်း သိရသည်။

စက်မှုဥယျာဉ်စီမံကိန်းများအား လှည်းကူးမြို့နယ် အတွင်းတွင် မြေအကျယ် ၁၃၄၆ ဒဿမ ၅၇ ဧကတွင် ဖော်ဆောင်မည်ဖြစ်ကြောင်း၊အကျိုးခံစားခွင့်ပြန်လည်ပေးအပ်ရမည့် ၂၆၄ ဒသမ ၇၀ ဧကရှိကြောင်း၊လမ်းမြေ သည် ၅၃ ဒဿမ ၅၆ ဧကရှိမည်ဖြစ်ကြောင်း၊ထန်းတပင်မြို့နယ်တွင် ၂၂၂၀ ဒသမ ၈၂ ဧကရှိကြောင်းသိရသည်။

ရေပေါ်ဈေးနှင့်ရေပေါ်အပန်းဖြေစခန်းများပါဝင်မည့် ထန်တပင်မြို့နယ် စက်မှုဥယျာဉ်စီမံကိန်းတွင် စက်မှုလုပ်ငန်းစက်ရုံများ၊လူနေအိမ်များ၊အသေးစား အလတ်စားနှင့်ပတ်သက်သည့်လုပ်ငန်းများနှင့်နည်းပညာ စက်ရုံများပါဝင်မည်ဖြစ်ကာ Phase.1,Phase.2, Phase.3 တို့ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးကပြောထားရာတွင် နာမည်ကြီးစက်ရုံများ၊ဟောင်ကောင်တို့ထိုင်ဝမ်တို့က နာမည်ကြီးကုမ္ပဏီ ကြီးများ၊အထည်ချုပ်လုပ်ငန်းများနှင့်တစ်ကမ္ဘာလုံးဖြန့်နေသည့် သတို့သမီးဝတ်စုံချုပ်သည့် လုပ်ငန်းများပါဝင် မည်ဖြစ်ကြောင်း၊ Branded စက်ရုံတွေလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းလုပ်ငန်းရှင်များနှင့်စင်ကာပူမှကုမ္ပဏီတစ်ခုတို့ပူးပေါင်းပြီး လှည်းကူးမြို့နယ်စက်မှုဥယျာဉ်စီ မံကိန်းကို ဖော်ဆောင်မည်ဖြစ်ကြောင်းသိရသည်။

လှည်းကူအတွက်ပဲ ကိုးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၂၅ ဒသမ ၂ သန်းလောက်ရှိမည် ဟုခန့်မှန်းထားကြောင်း၊အလုပ်အကိုင်ရှာဖွေမှုကလည်း လူဦးရေခုနှစ်သောင်းခွဲလောက် အတွက် ရှာဖွေပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

အခြေခံအဆောက်အအုံများနှင့်စီမံကိန်းအကောင်အထည်ပေါ်လာသည်အခါတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရှိလာနိုင်ကြောင်းသိရသည်။အဲဒီကနေ ထုတ်ကုန် တန်ဖိုးတွေကလည်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံလောက်ဖြစ်နိုင်တယ်လို့ မျှော်မှန်းထားကြောင်း သိရသည်။

ယခုဖော်ဆောင်မည့်စီမံကိန်းကို လွှတ်တော်သို့ မတင်ပြမီ လုပ်ဆောင်နေသည့်ကိစ္စများကို ရှင်းလင်း ခြင်းဖြစ်ကြောင်း၊လယ်သမားတွေအနေနှင့်လည်း သဘောတူပြီးဖြစ်ကြောင်း၊လွှတ်တော်အစည်းအဝေးတင်ပြီး ဆုံးဖြတ်ချက်ရယူပြီးလျှင် Centre ကိုတဆင့်ထပ်တင်ပြီးတော့မှ ပြည်ထောင်စုလွှတ်တော်ကို ဖြတ်သန်းမည် ဖြစ်ကြောင်း ယခု လွှတ်တော်မဖြတ်သန်းခင် ကိုယ်စားလှယ်များကိုဆွေးနွေးတင်ပြခြင်းဖြစ်ကြောင်းသိရသည်။

ကိုမေတ္တာ (တောင်ပေါ်သား) မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service