ဒေါ်နယ်ထရမ့် ပိုင်ဆိုင်ထားသော၊ ပိုင်ဆိုင်ခဲ့သော စံအိမ်များ

ဒေါ်နယ်ထရမ့် ပိုင်ဆိုင်ထားသော၊ ပိုင်ဆိုင်ခဲ့သော စံအိမ်များ - Property News in Myanmar from iMyanmarHouse.com
26 Jun 2019 11:30 am တွင် တင်ခဲ့သည်
654 ကြိမ် ကြည့်ရှု့ပြီး

(၁) ကွန်နက်တီကပ်ပြည်နယ်၊ ဂရင်းဝစ်ခ်ျမြို့ရှိ စံအိမ်

Trump Only Paid $4 Million -Greenwich, Connecticut

၁၉၈၀ ပြည့်လွန် အစောပိုင်းကာလများတွင် ဒေါ်နယ်ထရမ့်နှင့် ဇနီး (ဟောင်း) အိုင်ဗန်ကာတို့သည် ကွန်နက်တီကပ်ပြည်နယ်၊ ဂရင်းဝစ်ခ်ျမြို့တွင် နေအိမ်တစ်လုံး ဝယ်ယူခဲ့သည်။

(၁၉၉၂ ခုနှစ်တွင် ပြန်လည်ရောင်းချခဲ့သည်)

ထရမ့်တို့ ဇနီးမောင်နှံ ဝယ်ယူစဉ်က ကန်ဒေါ်လာ ၄ သန်းသာ ပေးခဲ့ရသည်။

၂၀၁၈ ခုနှစ်တွင် အရောင်းဈေးကွက်သို့ ပြန်ဝင်လာခဲ့၏။

လက်ရှိခေါ်ဈေးမှာ ကန်ဒေါ်လာ ၄၅ သန်း ဖြစ်သည်။

စံအိမ်အတွင်း အိမ်တွင်း၊ အိမ်ပြင် ရေကူးကန်များ၊ ဂေါက်ရိုက်ရန်နေရာ၊ တင်းနစ်ကွင်းများ ပါဝင်ပြီး လောင်းအိုင်းလန်းမြစ်ဝ၏ လှပသော ရေပြင်မြင်ကွင်းများကို တွေ့မြင်နိုင်သည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၂၀၀၀၀ နီးပါးရှိပြီး အိပ်ခန်း ၁၀ ခန်း၊ အိမ်တွင်းရုပ်ရှင်ရုံတို့လည်း ပါဝင်သည်။

(၂) ထရမ့်သည် စကော့တလန်ကို ချစ်မြတ်နိုးသည်မှာ လျှို့ဝှက်ချက်မဟုတ်

ဒေါ်နယ်ထရမ့်သည် စကော့တလန်မြေကို အကြွင်းမဲ့ချစ်မြတ်နိုးသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ ဗြိတိန်၏ မြောက်ဖျားစွန်း စကော့မြေတွင် ထရမ့်ပိုင်ဆိုင်ထားသော ဂေါက်ကွင်း အပန်းဖြေစခန်း ၂ ခုရှိနေသည်။

Trump Organization မှ နောက်ဆုံးဝယ်ယူခဲ့သည်မှာ အဘာဒင်းရှိုင်းယား ကောင်စီနယ်မြေတွင် တည်ရှိပြီး တန်ကြေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ တန်ကြေးရှိသည်ဟု ဆိုသည်။

ကလပ်အဖွဲ့ဝင်များသည် ရဟတ်ယာဉ်ကွင်း၊ ဂေါက်ရိုက်သင်ခန်းစာများ၊ ကြယ်ငါးပွင့်အဆင့် စားသောက်ဆိုင်များ၊ ရဲတိုက်များ လေ့လာရေးခရီးနှင့် နှင်းလျှောစီးခြင်း အခွင့်အရေးများ ရရှိမည် ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း Trump Organization က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာတွင် အပန်းဖြေစခန်းနှင့် ဂေါက်ကွင်းများကို ကန်ဒေါ်လာ သန်း ၂၀၀ သုံးစွဲပြီး ချဲ့ထွင်မှုများ ပြုလုပ်သွားမည်ဟု ကြေညာထားသည်။

(၃) လေထဲတွင်လည်း အိမ်ရှိသည်

ထရမ့်၏ နေအိမ်ပေါများမှုမှာ လေယာဉ်ပေါ်အထိ ရောက်သည်။

အမေရိကန်သမ္မတတို့သာ စီးနင်းခွင့်ရှိသော Air Force One နှင့် Marine One လေယာဉ်ကြီးများအပြင် ထရမ့်၏ ကိုယ်ပိုင် ဂျက်လေယာဉ် တစ်စင်းလည်း ရှိသေးသည်။

Trump Force One ဟု အမည်ပေးထားသည့် ကိုယ်ပိုင်ဂျက်လေယာဉ်မှာ သာမန်လေယာဉ်တစ်စင်း မဟုတ်။

Trump Force One အဖြစ် လက်ရှိအသုံးပြုထားသည်မှာ ဘိုးအင်း 757 လေယာဉ်ကြီးဖြစ်ပြီး မူလက သုံးခဲ့သည်မှာ ဘိုးအင်း 727 ဖြစ်ကာ ၂၀၁၁ ခုနှစ်တွင် ပြောင်းလဲအစားထိုးခဲ့ခြင်း ဖြစ်သည်။

ကိုယ်ပိုင်ဂျက်လေယာဉ်၏ တန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၁၀၀ ခန့် တန်ကြေှးရှိပြီး ဇိမ်ခံလေယာဉ်ကြီးဖြစ်သည်။

လေယာဉ်ပေါ်တွင် အိပ်ခန်း ၂ ခန်း ပါဝင်ပြီး master bedroom မှာ ပိုးသားများဖြင့် လိုင်နင်အုပ်ထားသည်။

လေယာဉ်အတွင်း တပ်ဆင်ထားသည့် ဘေစင်၊ ရေပိုက်ခေါင်း အစရှိသည်တို့ အပါအဝင် အရာအားလုံးနီးပါးကို ၂၄ ကာရက်ရွှေအစစ်ဖြင့် ပြုလုပ်ထားသည်။ ခရီးသည် ၄၂ ဦးစာ ထိုင်ခုံများ ပါဝင်ပြီး လူတစ်ဦးချင်းစီအတွက် ဖျော်ဖြေရေးစနစ်တစ်ခုစီ သီးသန့်ပါဝင်ပြီး အိပ်ယာတစ်ခုအသွင်လည်း ပြောင်းလဲ၍ ရသည်ဟု ဆိုသည်။

(၄) ထရမ့်ကလေးဘဝကနေထိုင်ခဲ့သည့်နေအိမ်တွင် တစ်ညလျှင် ၇၂၅ ဒေါ်လာဖြင့် တည်းခိုနိုင်

နယူးယောက်မြို့၏ ရပ်ကွက်ကြီး ၅ ခုအနက် အရှေ့ဖျားစွန်း ကွင်းစ်ရပ်ကွက်တွင် တည်ရှိသော စတုရန်းပေ ၂၅၀၀ ရှိ နေအိမ်ကလေးတစ်လုံးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လူငယ်ဘဝကို ဖြတ်သန်းခဲ့သည်။

သူ၏ ဖခင် ဖရက်ဒရစ် ထရမ့်က အိပ်ခန်း ၅ ခန်းပါ နေအိမ်ကို ၁၉၄၀ ပြည့်နှစ်တွင် တူးဒေါ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ပြီး ယနေ့တိုင် တည်ရှိနေခြင်း ဖြစ်သည်။

ယနေ့ကာလတွင် ထိုနေအိမ်ကို ထရမ့်မိသားစုက မပိုင်ဆိုင်တော့သော်လည်း နေအိမ်အတွင်း ၎င်းတို့မိသားစု၏ သမိုင်းကြောင်း အရိပ်အငွေ့များစွာ ကျန်ရှိနေဆဲ ဖြစ်သည်။

နေအိမ်ပိုင်ရှင်သစ်များက အဆိုပါသမိုင်းကြောင်းတန်ဖိုးကို သိနားလည်သူများ ဖြစ်ကြသည်။

ထရမ့်ရေးသားထားသည့် Trump: The Art of the Deal စာအုပ်၊ ဒေါ်နယ်ထရမ့်၏ အမှတ်ရဖွယ် ဓာတ်ပုံများ၊ နေအိမ်ဧည့်ခန်းတွင် ထရမ့်၏ ကိုယ်လုံးပြည့်ပုံစံ ဖြတ်ပိုင်းရုပ်ပုံတို့ ယနေ့တိုင်ပြသထားသည်။

(၅) အင်ပိုင်ယာစတိတ် အဆောက်အအုံ

အင်ပိုင်ယာစတိတ် အဆောက်အအုံကြီးကို ဒေါ်နယ်ထရမ့်ပိုင်သည်ကို အံ့အားသင့်ဖွယ်ရှိသည်။ အမှန်ပင် ဖြစ်ပါသည်။

နယူးယောက်ဇာတိသား ထရမ့်သည် နယူးယောက်၏ အထင်ကရ အင်ပိုင်ယာစတိတ် အဆောက်အအုံကြီးကို တချိန်က ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ဖူးသည်။ ထရမ့်နှင့် စီးပွားဖက်တစ်ဦးတို့က အဆောက်အအုံကြီး၏ တစိတ်တဒေသကို ၁၉၉၄ ခုနှစ်တွင် ဝယ်ယူခဲ့ကြသည်။

၎င်းတို့က အဆောက်အအုံကြီးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့ကြပြီး master leaseholder ကို နှင်ထုတ်ရန် ကြိုးပမ်းခဲ့ကြသည်။

ထရမ့်က အိမ်ခြံမြေလောကတွင် သူ၏ပါဝါကို ပြသရန် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။

Colliers International ၏ ဥက္ကဌ မိုက်ကယ် ကိုဟင်က ပြောကြားရာတွင် “ကျွန်တော် အဲ့လိုအဖြစ်အပျက်မျိုး အရင်က မတွေ့ခဲ့ဖူးသလို အဲဒီနောက်ပိုင်းမှာလည်း မတွေ့ခဲ့ဖူးပါဘူး”ဟု ဆိုသည်။

မိုက်ကယ်ကိုဟင်က လက်လျှော့လိုက်ပြီး ရောင်းထုတ်လိုက်သည်ဟု ဆိုသည်။

ရှေရီ မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
Central Shop House
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service