တရုတ်ပြည်တွင် နိုင်ငံပိုင်ကုမ္ပဏီများက အိမ်ခြံမြေကဏ္ဍတွင် ပိုင်ဆိုင်ထားသော ရှယ်ယာများကို အဆောတလျင် ထုတ်ရောင်းလာလျက်ရှိ

တရုတ်ပြည်တွင် နိုင်ငံပိုင်ကုမ္ပဏီများက အိမ်ခြံမြေကဏ္ဍတွင် ပိုင်ဆိုင်ထားသော ရှယ်ယာများကို အဆောတလျင် ထုတ်ရောင်းလာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
25 Jun 2019 12:08 pm တွင် တင်ခဲ့သည်
907 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် နိုင်ငံပိုင်ကုမ္ပဏီအများအပြားသည် အိမ်ခြံမြေစီမံကိန်းများတွင် ပိုင်ဆိုင်ထားသည့် ရှယ်ယာများကို မကြာသေးမီက ရောင်းထုတ်လာလျက်ရှိနေသည်။

အိမ်ခြံမြေကဏ္ဍသည် တရုတ်ပြည်ဂျီဒီပီ တိုးတက်မှုတွင် အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်သည့်အပြင် နိုင်ငံပိုင်ကုမ္ပဏီများအတွက်လည်း အဓိကငွေဝင်လမ်းကြောင်းတစ်ခုဖြစ်ရာ ယခုကဲ့သို့ ရောင်းထုတ်လာမှုအပေါ် များစွာအာရုံစိုက်လာကြသည်။

တရုတ်အခြေစိုက် ဘဏ္ဍာရေးသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Securities Times မှ ဖော်ပြချက်အရ မေလ ၁ ရက်မှ ဇွန်လ ၁၄ ရက်အတွင်း ပေကျင်းရှိ အိမ်ခြံမြေစီမံကိန်းပေါင်း ၂၀ ခန့်မှာ ရှယ်ယာလွှဲပြောင်းရောင်းချမှုများ ပေါ်ပေါက်ခဲ့ကြောင်း ဖော်ပြထားသည်။

နှိုင်းယှဉ်ချက်အနေဖြင့် ကြည့်မည်ဆိုလျှင် ယခုနှစ် ပထမ ၄ လတာကာလအတွင်း ရှယ်ယာလွှဲပြောင်းရောင်းချမှု ၂ ကြိမ်သာ ဖြစ်ပေါ်ခဲ့မှုနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

ထိုသို့ ရှယ်ယာရောင်းချခဲ့သည့် အိမ်ခြံမြေစီမံကိန်း ၂၀ အနက် ၁၅ ခုမှာ နိုင်ငံပိုင်ကုမ္ပဏီများမှ ဖြစ်ကြပြီး China Poly Group, Sinochem Group, Overseas Chinese Town Enterprises Co, OCT Group, Aviation Industry Corporation of China, Power Construction Corporation of China, China General Technology Group, China Electronics Corporation, China National Machinery Industry Corporation နှင့် China Nonferrous Metal Mining Group တို့ ပါဝင်သည်။

Securities Times ၏ ဖော်ပြချက်တွင် ရောင်းချမှုအသေးစိတ်အချက်အလက်အချို့ကိုလည်း ဖော်ပြထားသေးသည်။

ဇွန်လ ၁၂ ရက်တွင် Sinochem Group ၏ ကုမ္ပဏီခွဲဖြစ်သော China Jinmao သည် ရှယ်ယာ ၂၈ ဒသမ ၅၆ ရာခိုင်နှုန်းကိုလည်းကောင်း၊ China Poly Group ၏ ကုမ္ပဏီခွဲဖြစ်သော Poly Real Estate သည် ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို လည်းကောင်း ရောင်းချခဲ့ကြသည်ဟု ဖော်ပြထားသည်။

ဇွန်လ ၁၇ ရက်တွင်မူ OCT Group ၏ ကုမ္ပဏီခွဲက Jade City Co Ltd တွင် ရင်းနှီးမြှုပ်နှံထားသော ရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို ရောင်းချရန် ဈေးကွက်တင်လာသည်ဟု ဆိုသည်။

တရုတ်ဘဏ္ဍာရေးပညာရှင် ဟီကျန်းဘင်က RFA သတင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ရာ၌ နိုင်ငံပိုင်ကုမ္ပဏီတို့သည် တရုတ် အိမ်ခြံမြေဈေးကွက်၏ အလားအလာနှင့် စပ်လျဉ်းပြီး အဆိုးမြင်ထားသည့်သဘောရှိနေကြောင်း ယခုလှုပ်ရှားမှုများက ပြသနေသည်ဟု ပြောကြားသည်။

“သူတို့ဟာ ထိပ်တန်းခေါင်းဆောင်ပိုင်းတွေရဲ့ အစီအစဉ်တွေကို ပြည်သူတွေမသိခင် ကြားသိထားမှုတွေရှိတယ်ဆိုတာ ဒါက ပြသနေပါတယ်” ဇွန်လ ၁၃ ရက်တွင်လည်း တရုတ်ဗဟိုဘဏ်နှင့် တရုတ် အာမခံလုပ်ထုံးလုပ်နည်းကော်မရှင်တို့၏ အကြီးအကဲ ကောက်ရှုချင်က ရှန်ဟိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ အိမ်ခြံမြေများသည် ဈေးကစားရန်အတွက်မဟုတ်ကြောင်း ထည့်သွင်းပြောကြားထားသည်။

ထို့အပြင် အိမ်ခြံမြေကဏ္ဍတွင် လူမနေသည့်အခန်းလွတ်ပမာဏနှုန်း အလွန်မြင့်မားနေပြီး ရောင်းလိုအား အလွန်မြင့်တက်နေကြောင်း၊ အဆိုပါအခြေအနေမှာ အလွန်အန္တရာယ်များပြားကြောင်း ကောက်ရှုချင်က သတိပေးခဲ့သည်။

ကောက်ရှုချင်၏ မိန့်ခွန်းအရ ကာလတာရှည်အငြင်းပွားနေခဲ့သော အိမ်ခြံမြေအကောက်ခွန်ကောက်ယူရေးသည် မကြာတော့မည့် အနာဂတ်တွင် အမှန်တကယ်ဖြစ်ပေါ်လာဖွယ်ရာရှိနေသည်။

နိုင်ငံပိုင်ကုမ္ပဏီတို့သည် တရုတ်အိမ်ခြံမြေဈေးကွက်အတွက် လေဖိအားတိုင်းကိရိယာသဖွယ်ဖြစ်နေပြီး ၎င်းတို့၏ အရောင်းအဝယ်လှုပ်ရှားမှုများသည် ပြည်သူများအတွက် ကြီးမားသည့် ကိုးကားဖွယ်တစ်ခုလည်း ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service