ကမောက်ကမဂလိုဘယ် အိမ်ခြံမြေလောက

ကမောက်ကမဂလိုဘယ် အိမ်ခြံမြေလောက - Property News in Myanmar from iMyanmarHouse.com
25 Jun 2019 11:14 am တွင် တင်ခဲ့သည်
846 ကြိမ် ကြည့်ရှု့ပြီး

နေရာမှာ လန်ဒန်မြို့၏ အလယ်ကောင် Tha-mes မြစ်၏ တောင်ဘက်မြစ်ကမ်းဘေး။ အထပ် ၅၀ရှိသော မိုးမျှော်တိုက်သစ်မှာ ၀င့်ဝင့်ကြွားကြွား မိုးပေါ်သို့ ပျံတက်နေ ပါ၏။ မိုးမျှော်တိုက်သစ်တွင် ဇိမ်ကျကျ နေနိုင်သော အခန်းပေါင်း ၂၇၄ ခန်းပါ ရှိသည်။ တန်ဖိုးကလည်း ကြီးမှကြီး။ အခန်းတစ်ခန်း၏ အနိမ့်ဆုံးဈေးနှုန်း သည်ပင်လျှင် ပေါင်စတာလင် တစ်သန်း ရှိသည်။ တန်ဖိုးအကြီးဆုံးအခန်းမှာ ပေါင် စတာလင် ၁၅ သန်းရှိပါ၏။ မတွေးဝံ့ လောက်အောင်ပင် ဖြစ်သည်။ မိုးမျှော် တိုက်ကြီး၏ ၀မ်းဗိုက်နေရာလောက်တွင် ထူးထူးခြားခြား ဖောင်းကြွနေသဖြင့် မိုးမျှော်တိုက်ကြီးကို 'The Tummy' ဟု Robert Shiller က အမည်ပေးထားသည်။Shiller မှာ နာမည်ကြီး နိုဘယ်ဆုရ ဘောဂဗေဒပညာရှင်တစ်ဦး ဖြစ်ပါ၏။

'Tummy' ဆိုသော ဝေါဟာရ မှာ ဖောင်းကားနေသော ၀မ်းဗိုက်ကို ဖော်ညွှန်းသည်။ ထိုအမည်နှင့် လိုက်ဖက်အောင်ပင် လန်ဒန်ရွှေမြို့တော်၏ အိမ် ခြံမြေဈေးကွက်မှာလည်း ဖောင်းပွနေပါ ၏။ ဈေးနှုန်းများမှာ ၂၀၀၉ ခုနှစ်မှ စတင် ၍ နှစ်ဆခန့် မြင့်တက်လျက်ရှိသည်။ တကယ်တော့ အိမ်ခြံမြေဈေးနှုန်းများ မြင့်မားနေမှုမှာ လန်ဒန်မြို့တစ်မြို့တည်း သာမဟုတ်။ ကမ်္ဘာတစ်လွှားက အခြား အခြားသော မြို့ကြီးများတွင်လည်း ဤ နည်းနှင်နှင်ပင် ဖြစ်၏။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုလောက်က ဂလိုဘယ် အိမ်ခြံမြေဈေးကွက်သည် ၀က်ဝက်ကွဲ ပြိုလဲသွားခဲ့ပြီး ကမ္ဘာ့ဘဏ္ဍာရေးစနစ် ကိုပင်လျှင် ဆွဲချသွားတော့မလို ဖြစ်ခဲ့ ဖူးသည်။ ထိုဖြစ်ရပ်နောက်ပိုင်းတွင် အိမ်ဈေးနှုန်းသည် တစ်စတစ်စ တိုးမြင့်လာခဲ့သည်။ အထူးသဖြင့် ဟောင်ကောင်၊ လန်ဒန်၊ နယူးယောက်၊ ဆစ်ဒနီနှင့် ဗင် ကူဗာမြို့ကြီး ငါးမြို့တွင် အိမ်ခြံမြေဈေးနှုန်းများမှာ ခေါင်ခိုက်အောင် မြင့်တက် သွားခဲ့ပါ၏။

သို့သော် ယခုအခါ ထိုသို့သော မြို့ကြီးများရှိ၊ လူကြိုက်များသည့် အဓိက ရပ်ကွက်ဧရိယာများမှ အိမ်ဈေးနှုန်းများ မှာ တစ်ဖြုတ်ဖြုတ် ပြုတ်ကျလျက်ရှိသည်။ ၂၀၁၈ ခုနှစ်က ဗင်ကူဗာမြို့မှ ထိပ်တန်း အိမ်ရာဈေးနှုန်းသည် ၁၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ဟိတ်တစ်လုံး ဟန် တစ်လုံးဖြင့် ၀င့်ကြွားနေခဲ့ကြသည့် အိမ် ရာအဆောက်အအုံများကို လျှော့ဈေး ဖြင့် ရောင်းချနေရသဖြင့် အိမ်ပွဲစားများ မှာ မျက်စိမျက်နှာ ပျက်နေကြပါ၏။

ဟောင်ကောင်တွင် သြဂုတ်လ မှစတင်၍ အိမ်ဈေးနှုန်းများ ပြိုလဲလျက် ရှိသည်။ ယနေ့အထိ ကိုးရာခိုင်နှုန်းပြုတ် ကျခဲ့ပြီး ဖြစ်၏။ အိမ်ရာမြေဖော်ဆောင် သူများအနေဖြင့် အစိုးရက လေလံပစ် သည့် ဈေးကြီးသည့် မြေကွက်လပ်များ ကို ၀ယ်ယူရန်ပင် ကြောက်လန့်နေကြသည်။ မနှစ်က Manhattan တွင် အိမ် ဈေးနှုန်းမှာ ၄.၃ ရာခိုင်နှုန်း ပြုတ်ကျ သွားခဲ့သည်။ ၂၀၁၈ ခုနှစ်က အမေရိကန် ဒေါ်လာ တစ်သန်းနှင့် အထက်တန်ဖိုး ရှိ အိမ်များအနက် ၆၀ ရာခိုင်နှုန်းမှာ ရောင်းမထွက်ဖြစ်ခဲ့ကြောင်း StreetEasy အွန်လိုင်းအိမ်ဈေးနှုန်းစာရင်း ထုတ်ဝေ သည့် ကုမ္ပဏီက ဆိုသည်။ အလားတူပင် ဆစ်ဒနီမြို့၌လည်း အိမ်ရာမြေဈေးနှုန်း များမှာ ၂၀၁၇ ခုနှစ်မှ စတင်၍ ၁၆ ရာခိုင်နှုန်း ပြုတ်ကျသွားခဲ့ပြီး ဖြစ်ပါ၏။

အိမ်ရာမြေအတိုင်ပင်ခံလုပ်ငန်း ဖြစ်သည့် London Savills က ထိပ်တန်း အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၁၄ ခုနှစ် တွင် အထွတ်အထိပ်ရောက်ခဲ့ပြီး နောက် ပိုင်းမှ စတင်ကာ ၂၀ ရာခိုင်နှုန်းကျဆင်း ခဲ့ပြီးဖြစ်ကြောင်း ခန့်မှန်းတင်ပြခဲ့သည်။ ယင်းသို့သော ဖြစ်ရပ်ထဲတွင် ဥရောပ သမဂ္ဂမှ ဗြိတိန်ခွဲထွက်မှု (Brexit) က လည်း အထောက်အကူမဖြစ်။ သို့သော် အိမ်ဈေးနှုန်းများ ကျဆင်းနေရခြင်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်အကြောင်း ပြချက်များရှိကြောင်း Savills သုတေသန ဌာနအကြီးအကဲ Lucian Cook က ဆိုသည်။ သူတင်ပြသည့် အကြောင်းအရာများတွင် နယ်စပ်ဖြတ်ကျော်အရင်းစီးဆင်း မှု လျော့နည်းသွားမှု၊ အစိုးရမူဝါဒအပြောင်းအလဲ၊ ငွေတန်ဖိုးတက်လာခြင်းနှင့် ရောင်းလိုအား မြင့်တက်လာခြင်းတို့ပါဝင်ပါသည်။

ဘာ့ကြောင့် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းနေရပါသလဲ

ကမ္ဘာတစ်လွှား အိမ်ဈေးနှုန်း ရွေ့လျားမှုများသည် နိုင်ငံများအကြား အညမညဖြစ်ခြင်းထက် မြို့ကြီးများအကြား အပြန်အလှန် ဆက်စပ်နှီးနွယ်မှုက ပိုရှိ လာသည့်အတွက်ဖြစ်ကြောင်း အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ထောက်ပြခဲ့ပါ၏။ အဘယ်ကြောင့်ဆိုသော် အိမ်ရာမြေသည် ဒေသန္တရဆိုင် ရာ အက်ဆက် (asset) တစ်ခုသာ မဟုတ် တော့ဘဲ၊ ဂလိုဘယ်အက်ဆက် အတန်း အစားတစ်ရပ်ဖြစ်လာသောကြောင့် ဖြစ် ၏။ အပြည်ပြည်ဆိုင်ရာဈေးကွက်၏ တိုက်ခတ်နေကျလေသည် အစုရှယ်ယာ ဈေးကွက်နှင့် ဘွန်း (bond) ဈေးကွက်များ ကိုသာ လှုပ်လှုပ်ရွရွ ဖြစ်စေသည်မဟုတ်၊ ထိပ်တန်းအိမ်ခြံမြေဈေးကွက်ကိုလည်း ခပ်ပြင်းပြင်း လှုပ်ခတ်စေပါသည်။

အပြည် ပြည်ဆိုင်ရာ ဆက်စပ်နှီးနွယ်မှုသည် ဂလို ဘယ် စီးပွားရေးဆိုးဆိုးရွားရွားကျဆင်း နေချိန်တွင် ပို၍ ထဲထဲဝင်ဝင် ဆက်စပ်မှု တိုးမြင့်လာပြီး စီးပွားရေးကျဆင်းမှု၏ အန္တရာယ်ကို ပံ့ပိုးထောက်ကူဟောကိန်း ထုတ်နိုင်ကြောင်း IMF ဆိုပါ၏။

အပြန်အလှန် ဆက်စပ်နှီးနွယ် မှု၏ အကြောင်းခံအချက်တစ်ချက်မှာ ဓနဥစ်္စာချမ်းသာကြွယ်ဝမှုကို ဖန်တီး ဖော်ဆောင်နိုင်ခြင်းပင်ဖြစ်သည်။ တက်က နိုလိုဂျီ တိုးတက်ထွန်းကားလာမှုနှင့်အတူ တရုတ်ပြည်ကြီး အလျင်အမြန် ဖွံ့ဖြိုးတိုး တက်လာမှုတို့ကြောင့် လွန်ခဲ့သော ရှစ် နှစ်ကာလအတွင်း ကမ္ဘာကြီးသည် တစ် နာရီလျှင် သန်းကြွယ်သူဌေး ၂၅၀ နှုန်း ဖြင့် ထုတ်လုပ်နိုင်ခဲ့သည်။ Credit Suisse ၏ အဆိုအရ ၂၀၁၈ ခုနှစ်တွင် သန်းကြွယ် သူဌေးကြီးများသည် ကမ္ဘာ့အိမ်ထောင်စု ဓနဥစ္စာ၏ ၄၅ ရာခိုင်နှုန်းကို ပိုင်ဆိုင် ထားခဲ့ကြကြောင်း ဆိုသည်။ ၎င်းတို့ပိုင် ဆိုင်သည့် ဓနဥစ်္စာ၏ တစ်စိတ်တစ်ပိုင်း သည် ပြည်တွင်း ပြည်ပထိပ်တန်း အိမ် ခြံမြေဈေးကွက်များသို့ ပိုင်စိုးပိုင်နင်း ထိုး ဖောက်ဝင်ရောက် နေရာယူလာခဲ့ကြ သည်။ သို့သော် နောက်ပိုင်းတွင် သန်း ကြွယ်သူဌေးကြီးများ အရေအတွက် တိုး တက်မှုနှုန်းသည် တစ်စတစ်စ နှေးကွေး ကျဆင်းသွားနိုင်ကြောင်း ဆွစ်ဇာလန် ဘက်က ခန့်မှန်းထားပါ၏။

ကမ္ဘာ့သန်းကြွယ်သူဌေးသစ်များ ၏ ခြောက်ပုံတစ်ပုံသည် တရုတ်ပြည်တွင် ရှိသည်။ သို့သော် ယခုအခါ တရုတ်အာဏာ ပိုင်များက ပြည်ပသို့ ငွေခိုးထုတ်မှုကို ယခင်ကထက်ပို၍ တင်းကျပ်လျက်ရှိ သည်။ ၂၀၁၅-၂၀၁၆ နှစ်များက အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံခန့် တရုတ်ပြည်တွင်းမှ ပြည်ပသို့ စီးထွက် သွားခဲ့သည်။ သို့ဖြစ်၍ တရုတ်အစိုးရက အရာရှိကြီး၏အကျင့်ပျက် ခြစားမှုများ ကို ဖော်ထုတ်ဖမ်းဆီးနှိမ်နင်းလျက်ရှိပါ ၏။ ဤသို့သောလုပ်ရပ်က တရုတ် ပြည်တွင်း ပြည်ပ အိမ်ခြံမြေဈေးကွက် များ၌ သက်ရောက်မှုရှိသည်။ တရုတ် သူဌေးကြီးများသည် ၂၀၁၈ မတ်လထိ စာရင်းအရ အမေရိကန်နိုင်ငံတွင် ဒေါ်လာ ၃၀ ဘီလီယံခန့် သုံးဖြုန်းကာ အိုးအိမ် များ ၀ယ်ယူခဲ့ကြသည်။ သို့သော် ယင်း မှာ ၂၀၁၇ ခုနှစ်ထက် လေးရာခိုင်နှုန်း လျော့နည်းသွားခြင်းဖြစ်သည်ဟု ဆိုကြ ပါ၏။ သို့ပင် ဖြစ်ငြားသော်လည်း အပြည် ပြည်ဆိုင်ရာ အိမ်ခြံမြေဈေးကွက်တွင် တရုတ်တို့၏ အိမ်ရာမြေ ၀ယ်ယူမှုသည် စုစုပေါင်း၏ လေးပုံတစ်ပုံရှိနေသေး ကြောင်း ထောက်ပြခဲ့ကြသည်။

နိုင်ငံရေးသမားများကလည်း အိမ်ခြံမြေဈေးကွက်ထဲတွင် ပါဝင်လာခဲ့ ကြသည်။ ဈေးနှုန်းကြီးမြင့်သော မြို့ပြအိမ်ခြံမြေ ဈေးကွက်များမှ ပထုတ်ဖယ် ရှားခံနေကြရသည့် ပြည်သူပြည်သားများ ၏ မကျေမချမ်းဖြစ်မှုများကြောင့် ၊ မြို့ပြ စီမံခန့်ခွဲသူများနှင့် အမျိုးသားအစိုးရများ သည် အိမ်ခြံမြေဈေးကွက်များ၏ လွန်ကဲမှုကို ထိန်းချုပ်ရန် ကြိုးပမ်းလာခဲ့ကြသည်။ ဗင်ကူဗာမြို့တွင် ၂၀၁၈ ခုနှစ်က နိုင်ငံ သားမဟုတ်သူများ၏ အိမ်ရာဝယ်ယူမှု၌ အိမ်ရာမြေ ရောင်းဝယ်ခွန် Transaction Tax ကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း သို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။ လန်ဒန် မြို့တွင်လည်း အိမ်ရာမြေရောင်းဝယ်ခွန် ကို တိုးမြှင့်ခဲ့ပါ၏။ ပေါင်စတာလင် ၂ ဒသမ ၅ သန်းတန် အိမ်ဝယ်ယူလျှင် အခွန် ပေါင်စတာလင် ၂၈၈၀၀၀ စည်း ကြပ်သည်။ ၂၀၁၀ ပြည့်နှစ်က ၁၀၀၀၀၀ သာ အခွန်ငွေ ပေးခဲ့ကြရ၏။ နိုင်ငံသား မဟုတ်သူများက အိမ်ဝယ်လျှင် ထို့ထက် မက အခွန်ဆောင်ကြရပါ၏။ နယူးဇီလန် နိုင်ငံတွင်ကား နိုင်ငံခြားသားများ၏ လက်ရှိအိမ်ရာများ ၀ယ်ယူမှုကို လွန်ခဲ့ သော အောက်တိုဘာလမှ စတင်ကာ လုံးဝ ပိတ်ပင်ထားသည်။

ငွေဈေးနှုန်းကြီးမြင့်လာမှုက လည်း အိမ်ခြံမြေ ၀ယ်လိုအားကို လျော့ပါးစေသည်။ ငွေကြေးမူဝါဒကို ကာလ ကြာရှည်စွာ လျော့ရဲရဲ ကိုင်တွယ်လာခဲ့ပြီးနောက် ယခုအခါ တင်းကျပ်လာကြ သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံတွင် ဒေါ်လာ တစ်သန်းတန် အိမ်ရာပေါင်နှံမှုနှင့် စပ်လျဉ်း၍ ၀န်ဆောင်မှုစရိတ်မှာ လွန်ခဲ့သော သုံးနှစ်ကထက် ၆၅ ရာခိုင် နှုန်း ပိုမိုကုန်ကျခံလာကြရသည်။ ဇိမ်ခံ အိမ်ရာအဆောက်အအုံ ၀ယ်ယူရင်းနှီး မြှုပ်နှံကြသူများသည်များသောအားဖြင့် ငွေသားဖြင့် ပေးချေတတ်ကြသည်။ သို့ သော် ၎င်းင်းတို့၏ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ပေါ်နှုန်း returns မှာ လျော့နည်းကျ ဆင်းလာသည်။ သို့ဖြစ်၍ အိမ်ရာမြေ ၀ယ်ယူရင်းနှီးမြှုပ်နှံကြသူများ၏ ခံတွင်း တွေ့မှုမှာ လျော့ပါးသွားခဲ့သည်။ ထိပ်တန်းအိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ပေါ်နှုန်းသည် ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ငါးရာခိုင်နှုန်း အောက်သို့ ကျဆင်းသွားခဲ့ကြောင်း MSCI-IPD သုတေသနလုပ်ငန်းက ဆို ပါ၏။

ပြန်ပေါ်နှုန်း ကျဆင်းသွားရခြင်း မှာ ရောင်းလိုအား တိုးပွားလာခြင်းကြောင့် လည်း ဖြစ်သည်။ ၂၀၁၆ မတိုင်မီ သုံး နှစ်အလိုက ရင်းနှီးမြှုပ်နှံလိုကြသော ငွေ ရှင် ကြေးရှင်များသည် လန်ဒန်မြို့တွင် ဇိမ်ခံ အဆောက်အအုံသစ်များ နင်းကန် ဆောက်လုပ်ခဲ့ကြသည်။ အလားတူပင် Manhattan ၌လည်း ဇိမ်ခံအိမ်ရာသစ် များစွာ ဆောက်လုပ်ခဲ့ကြပါ၏။ ယခု အခါ ဇိမ်ခံအိမ်ရာ ယူနစ် ၈၆၀၀ ခန့်ကို “ရောင်းရန်ရှိသည်” ဆိုင်းဘုတ်ချိန်ထား ကြရသည်။

အိမ်ခြံမြေ၏ အနာဂတ် ဤအကြောင်းအရာများကို ခြုံ ငုံသုံးသပ်လျှင် ကမ္ဘာ့အိမ်ခြံမြေဈေးကွက် ကို “ဆလိုဘယ်လိုက်ဇေးရှင်း” Slowba-lisation က ဖမ်းချုပ်ဆုပ်ကိုင်လာနေ ကြောင်း ဖော်ပြလျက်ရှိပါသည်။ ယင်း မှာ တခြားမဟုတ်။ ဆယ်စုနှစ် နှစ်ခု လောက် တိုးတက်လာခဲ့သော ဂလိုဘယ် စီးပွားရေးပေါင်းစည်းမှု ဖြေလျော့ထား ခြင်း ဖြစ်ပါ၏။ မြို့ပြနေသူများအနေဖြင့် အပျံစားအိမ်ရာမြေဈေးနှုန်းများ ကျဆင်း လာသည့်အတွက် ၀မ်းပန်းတသာဖြစ် နိုင်ကြပါ၏။ သို့သော် အိမ်ခြံမြေအပေါ် နိုင်ငံခြားသားများ၏ စိတ်ဝင်စားမှု အေး စက်သွားခြင်းကိုကား ကျယ်ပြန့်သော အိမ်ခြံမြေဈေးကွက်သမားများက ကြိုဆို ကြမည်မဟုတ်ပေ။ ၂၀၁၇ ခုနှစ်က လန်ဒန်မြို့တော်ဝန်က London School of Economics ကို အိမ်ခြံမြေနှင့်ပတ် သက်၍ အစီရင်ခံစာတစ်စောင်ရေးသား ပြုစုပေးပါရန် လုပ်ငန်းအပ်နှံခဲ့သည်။ ထိုအစီရင်ခံစာတွင် လန်ဒန်မြို့တော်၏ အိမ်ခြံမြေဈေးကွက်၌ အပြည်ပြည်ဆိုင်ရာ က ရင်းနှီးမြှုပ်နှံမှုသည် မြို့တော်၏အိမ် ခြံမြေဈေးကွက်ကို ကြွရွတိုးတက်စေ ကြောင်း ရေးသားတင်ပြခဲ့ပါ၏။

အိမ်ရာမြေအကျိုးဆောင်များ (estate agents) သည် အိမ်ရာမြေဈေးကွက်နှင့် ပတ်သက်လျှင် အမြဲလိုလို အကောင်းမြင်တတ်ကြသည်။ ယင်းမှာ သူတို့၏တာဝန်တစ်ရပ်အလား သဘောထားကြသည်။ အိမ်ရာမြေဈေးကွက်များ သည် ကြာရှည်ကြာမြင့် မကျဆင်းနိုင် ကြောင်း သူတို့ကဆိုသည်။ နိုင်ငံတစ်နိုင်ငံ တွင် မြို့ကြီးပြကြီးများမှာ မရှိမဖြစ် လိုအပ်သည်။ သို့သော် မြေမှာ အကန့်အသတ် ရှိသည်။ သို့ဖြစ်၍ ဈေးနှုန်းများ ပြန်မတ်လာမည်မှာ သေချာသည်ဟု သူတို့ကဆိုသည်။

သူတို့၏ အဆိုတွင် အမှန်တရား ပါရှိနိုင်ပါ၏။ ဟောင်ကောင်တွင် ၀ယ်လိုအားသည် ရောင်းလိုအားကို အမြဲလိုလို ဖြတ်ကျော်တက်လေ့ရှိသည်။ တရုတ်ပြည်မ မှ ရင်းနှီးမြှုပ်နှံမှုမှာ စိတ်ချရသည်ဟု ဆိုကာ အမြဲမပြတ် လာရောက်ရင်းနှီးတတ်ကြသည်။ သို့ဖြစ်၍ ဟောင်ကောင် ၏ အိမ်ခြံမြေဈေးနှုန်း ကျလျှင်ခဏသာ ဖြစ်သည်။ အတက်က ထာဝရဖြစ်၏။

အိမ်ခြံမြေအကျိုးဆောင်များ အတွက် ကံကောင်းသည့်အချက်တစ်ချက်မှာ အခြားသော ပုဂ်္ဂိုလ်များ၏ ထင်မြင်ချက်များကို အလေးဂရုမစိုက်တတ်သော သူဌေးကြီးများရှိနေခြင်းပင် ဖြစ် ၏။ မကြာသေးမီက အကျိုးတူအစုစပ် ရန်ပုံငွေအဖွဲ့ (Hedge-Fund) တစ်ခု၏ သူဌေးကြီး Ken Griffin သည် လန်ဒန် မြို့ Pall Mall အနီးက Carlton Garden အိမ်ရာသုံးခုကို ပေါင်စတာလင် သန်း ၁၀၀ နီးနီးပေးကာ ၀ယ်ယူခဲ့ပါ၏။ ဆယ် စုနှစ်တစ်ခုအတွင်း လန်ဒန်မြို့က အိမ် တစ်အိမ်ကို ဈေးအများဆုံးပေးကာ ၀ယ် ယူခဲ့ခြင်းဖြစ်၏။

ထို့နောက် သူက Manhattan က အခန်းတစ်ခန်းကိုလည်း စံတင်လောက် အောင် အမေရိကန်ဒေါ်လာ ၂၃၈ သန်း ဖြင့် ၀ယ်ယူခဲ့ပါသေးသည်။ ဓနအရှိန် အ၀ါကြီးမားသူတစ်ဦးက အိမ်ဝယ်ယူရန် ယတိပြတ်ဆုံးဖြတ်ချက်ချလိုက်ပြီဆိုလျှင် သူ့ကိုဘယ်သူက ဟန့်တားနိုင်မှာလဲ။ ဟုတ်ဘူးလား။

မင်းရွှေမောင် မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
42 Mini Condo
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service