ရန်ကုန်မြို့၏စံပြအဖြစ် တည်ဆောက်သွားမည့် ဂုဏ်ရည် Gonyi Shop House စီမံကိန်း

ရန်ကုန်မြို့၏စံပြအဖြစ် တည်ဆောက်သွားမည့် ဂုဏ်ရည် Gonyi Shop House စီမံကိန်း - Property News in Myanmar from iMyanmarHouse.com
25 Jun 2019 11:04 am တွင် တင်ခဲ့သည်
6258 ကြိမ် ကြည့်ရှု့ပြီး

စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးမောင်ဝိတ်က ရန်ကုန်မြို့ ၏စံပြအဖြစ်တည်ဆောက်သွားမည့် Gonyi Shop House အကြောင်းကို ဇွန် ၂၂ ရက်နေ့၊ ရန်ကုန်မြို့ အထက် ပန်းဆိုးတန်းလမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်း ထောင့်ရှိ Gonyi Shop House စီမံကိန်း ရတနာပိုင်တိုင်စိုက်ထူခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

၎င်းက”စံပြ Shop House မျိုး ရန်ကုန်မြို့ မှာပေါ်လာစေလိုတဲ့ ဆန္ဒနဲ့ ဒီဂုဏ်ရည်Shop house ကိုဖန်တီးတာပါ။ ဒီလို Shop House မျိုး ဒီဝန်းကျင်မှာ နောက်ထပ်ပေါ် လာဖို့တော့လတ်တလော နည်းနည်းလေး ခက်ပါဦးမယ်။ အဓိကတော့ မြေဧရိယာအလွတ်တွေ အများကြီးထားရှိရတာ ဖြစ်တဲ့အတွက် ဒီလိုမျိုးလုပ်ဆောင်ဖို့ဆို တာမလွယ် ပါဘူး''ဟုပြောသည်။

စီးပွားရေး လုပ်ငန်းများတွင် ယာဉ်အသွား အလာပိတ်ဆို့မှု ( Business Traffic) မဖြစ်ပေါ်စေရန် စီမံကိန်းရှိ Shop House နှစ်တန်းကြား၌ အတွင်း ကားပတ်လမ်း ထည့်သွင်းစီစဉ်ပေးထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကလည်း ယင်းအခမ်းအနားတွင် “အဆောက်အအုံများ တည်ဆောက်ရာတွင် အများပြည်သူ ဝင်ထွက်သွားလာမှု လွယ်ကူရေးအတွက် ဆောင်ရွက်ပေးခြင်းသည် နှစ်ဦးနှစ်ဖက်အကျိုးရှိကြောင်း၊အရင်က အဆောက်အအုံများတည်ဆောက်ရာမှာ အဆောက်အအုံတွေဟာ ပလက်ဖောင်းနဲ့ကပ် ပြီး အမြင့်ကြီးတွေ ဆောက်တယ်။ အခုနောက်ပိုင်းတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင် Developer တွေဘက်က ကိုယ့်အဆောက်အအုံ ကို ပြည်သူလူထုတွေ ပိုပြီးဝင်ထွက်သွားလာနိုင်ပြီး အခွင့်အ လမ်းပိုရှိအောင် ကြိုးစားလာပြီး ဒီကြိုးစားမှုဟာ နှစ်ဖက်စလုံးအတွက် အကျိုးရှိပါတယ်။ ပြည်သူတွေအတွက် အကျိုးရှိသလိုလုပ်ငန်းရှင်တွေအတွက်လည်း အကျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လူထုနဲ့နီးတဲ့လုပ်ငန်း တွေဟာ လုပ်ငန်းရှင်တွေအတွက်လည်း နှစ်သက်စရာ ဖြစ်ပါကြောင်း ရန်ကုန်အိမ်ခြံဈေး ကွက်တည်ငြိမ်ဖွံ့ဖြိုးရေး အတွက်လည်း တိုင်းအစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း”၎င်းက ပြောထားပါသေးသည်။

Shop House များမှာ လူနေဆိုင်ခန်းအမျိုးအစားဖြစ်ပြီး စုစုပေါင်း (၁၇) လုံးတည်ဆောက်ကာ Ground Floor အပါအဝင် (၅) ထပ်ပါရှိမည်ဖြစ်ပြီး Basement ကားပါကင်များလည်း ပါဝင်မှာဖြစ်သည်။၂၄ လ အရစ်ကျ ငွေပေးချေမှုနဲ့ ဝယ်နိုင်မှာဖြစ်သည်။၂ဝ၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးပါက ဝယ်ယူသူများထံလွှဲပြောင်း ပေးရန်လျာထားကြောင်း သိရသည်။အချို့သော Shop House များသည် မြေယာ ပိုင်ဆိုင်မှုပင်ရှိကြောင်း သိရပါသည်။

မိုးယံလင်းထင် မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service