ဟောင်ကောင်မှ အိမ်ခြံမြေဝယ်လက်များသည် မလေးရှားတွင် အငြိမ်းစားကာလနေထိုင်ရန်အတွက် ရည်ရွယ်ကာ တန်ဖိုးသင့် အိမ်ခြံမြေများ ဝယ်ယူလာလျက်ရှိ

ဟောင်ကောင်မှ အိမ်ခြံမြေဝယ်လက်များသည် မလေးရှားတွင် အငြိမ်းစားကာလနေထိုင်ရန်အတွက် ရည်ရွယ်ကာ တန်ဖိုးသင့် အိမ်ခြံမြေများ ဝယ်ယူလာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
24 Jun 2019 11:59 am တွင် တင်ခဲ့သည်
848 ကြိမ် ကြည့်ရှု့ပြီး

ဟောင်ကောင်မှ အိမ်ခြံမြေဝယ်လက်များသည် မလေးရှားတွင် အငြိမ်းစားကာလနေထိုင်ရန်အတွက် ရည်ရွယ်ကာ တန်ဖိုးသင့် အိမ်ခြံမြေများ ဝယ်ယူလာလျက်ရှိကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မလေးရှားနိုင်ငံ၊ ဂျိုဟာ ဘာရူးရှိ အိမ်ခြံမြေဈေးနှုန်းများမှာ အရှေ့ တောင်အာရှနိုင်ငံများရှိ မြို့ ကြီးအများစုနှင့် နှိုင်းယှဉ်လျှင် များစွာသက်သာသည့် ဈေးနှုန်းများဖြစ်သည်။ ဂျိုဟာ ဘာရူး၏ လူနေမှုစရိတ်သည် ကမ္ဘာပေါ်ရှိ လူနေစရိတ် အနည်းပါးဆုံးဒေသများတွင် တစ်ခုအပါအဝင်လည်း ဖြစ်သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ၊ ပီနန်နှင့် ဂျိုဟာဘာရူးတို့တွင် ရောင်းလိုအားမြင့်တက်မှုကြောင့် အိမ်ခြံမြေဈေးနှုန်းများ အလွန်သက်သာလျက်ရှိရာ ဟောင်ကောင်မှ အိမ်ခြံမြေဝယ်လက်များသည် မလေးရှားနိုင်ငံတွင် ဒုတိယနေအိမ်အဖြစ်လည်းကောင်း၊ အနားယူချိန်နေထိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်ကာ ဝယ်ယူလိုခြင်းများ များပြားလာနေသည်။

Centaline အိမ်ခြံမြေအေဂျင်စီမှ စီမံကိန်းဒါရိုက်တာတစ်ဦးဖြစ်သူ တဲရန့်စ်လော၏ ပြောကြားချက်အရ ဂျိုဟာဘာရူးတွင်ရှိသော ကွန်ဒိုမီနီယံ စီမံကိန်းမှ အခန်းပေါင်း ၂၁ ခန်းကို ပြီးခဲ့သော ဇွန်လ ၇ ရက်က အရောင်းဈေးကွက်တင်ခဲ့ရာ ထက်ဝက်ကျော်ကို ဟောင်ကောင် ဝယ်လက်များက ဝယ်ယူသွားခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါအခန်းများသည် ဟောင်ကောင်ဒေါ်လာ ၇၈၇၃၃၁ (ကန်ဒေါ်လာ ၁၀၀၀၀၀) မှ ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၂၇ သန်းကြား ပေါက်ဈေးရှိသည်။

ဝယ်ယူသူများအနက် ၃၅ ရာခိုင်နှုန်းခန့်မှာ ဒုတိယနေအိမ် (သို့မဟုတ်) အနားယူချိန် နေထိုင်ရန်အတွက် ရည်ရွယ်ကာ ဝယ်ယူခြင်းဖြစ်ကြောင်းလည်း တဲရန့်စ်လောက ဆက်လက်ပြောကြားသည်။

မလေးရှားအမျိုးသားအိမ်ခြံမြေသတင်းအချက်အလက်စင်တာ (Napic) မှ အချက်အလက်များအရ ဂျိုဟာပြည်နယ်တွင် အလယ်အလတ်တန်း နေအိမ်တစ်လုံး၏ ဈေးနှုန်းမှာ ရင်းဂစ် ၃၅၀၀၀၀ (ကန်ဒေါ်လာ ၈၄၀၀၀) ဝန်းကျင်ဖြစ်သည်ဟု ဆိုသည်။

ဟောင်ကောင်တွင် စတုရန်းပေ ၃၀၀ (မလေးရှားတွင် နေအိမ်ခန်းများ၏ ပျှမ်းမျှရှိသော အကျယ်အဝန်းအောက် များစွာ ကျဉ်းမြောင်းသည့် အတိုင်းအတာဖြစ်သည်) ရှိသော အခန်းတစ်ခန်း၏ တန်ဖိုးမှာ မလေးရှားထက် ၆ ဆခန့် ပိုမိုများပြားသည်။

အခြား အရှေ့ တောင်အာရှ မြို့ ကြီးများနှင့် နှိုင်းယှဉ်လျှင်လည်း ဂျိုဟာဘာရူးရှိ အိမ်ခြံမြေဈေးနှုန်းများမှာ များစွာသက်သာကြောင်း တဲရန့်စ်လောက ပြောကြားသည်။

တဲရန့်စ်လောက ခန့်မှန်းရာတွင် ဘန်ကောက်ရှိ ပျှမ်းမျှနေအိမ်ဈေးနှုန်းအောက် ထက်ဝက်ခန့် သက်သာသည့်အပြင် စင်္ကာပူအောက်လည်း အဆ ၂၀ ခန့် ဈေးနှုန်းသက်သာသည်ဟု ခန့်မှန်းသည်။

Colliers International မှ တန်ဖိုးဖြတ်မှုနှင့် အကြံပေးဌာန တွဲဖက်ဒါရိုက်တာ မီလစ်ဆာ လီက ပြောကြားရာတွင် ဂျိုဟာ၏ လူနေမှုစရိတ်မှာ ကမ္ဘာပေါ်တွင် အနည်းပါးဆုံးအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း ပြောကြားသည်။

“Malaysia My Second Home (MM2H) အစီအစဉ်ဟာလည်း မလေးရှားမှာ အနားယူချိန် နေထိုင်မယ့်သူတွေကို ရည်ရွယ်ထားတာ ဖြစ်ပါတယ်”ဟု သူမက ဆက်လက်ပြောကြားသည်။

MM2H သည် မလေးရှားအစိုးရက ဖော်ဆောင်နေသည့် အစီအစဉ်တစ်ခုဖြစ်ပြီး မလေးရှားတွင် လာရောက်အခြေချနေထိုင်မည့် နိုင်ငံခြားသားတို့ကို သက်တမ်းတိုးနိုင်သည့် ၁၀ နှစ်သက်တမ်း ဗီဇာများ ပေးအပ်သည့် အစီအစဉ် ဖြစ်သည်။

အဆိုပါဗီဇာ ကိုင်ဆောင်ထားသူများသည် ရင်းဂစ် ၁ သန်းအထက် တန်ကြေးရှိသော အိမ်ခြံမြေများ ဝယ်ယူခွင့် ရရှိမည်ဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service