ပြည်ပပို့ကုန်ဈေးကွက် အေးနေသောကြောင့် တရုတ်အစိုးရက အိမ်ခြံမြေဈေးကွက်အပေါ် ဖြေလျော့မှုများ ပြုလုပ်ပေးဖွယ်ရှိ

ပြည်ပပို့ကုန်ဈေးကွက် အေးနေသောကြောင့် တရုတ်အစိုးရက အိမ်ခြံမြေဈေးကွက်အပေါ် ဖြေလျော့မှုများ ပြုလုပ်ပေးဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
21 Jun 2019 11:48 am တွင် တင်ခဲ့သည်
949 ကြိမ် ကြည့်ရှု့ပြီး

ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာနေမှုနှင့်အတူ ပြည်ပပို့ကုန်ဈေးကွက် အေးနေသောကြောင့် တရုတ်အစိုးရက အိမ်ခြံမြေဈေးနှုန်း ထိန်းနိုင်ရန် တင်းကြပ်မှုများ ပြုလုပ်ထားခဲ့သည့်အပေါ် ပြန်လည်ဖြေလျော့မှုများ ပြုလုပ်ပေးဖွယ်ရှိကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းသည်ဟု ဟောင်ကောင်သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အိမ်ခြံမြေနှင့် ဆက်နွှယ်သော လုပ်ငန်းကဏ္ဍများသည် တရုတ်ပြည် ဂျီဒီပီ၏ ၂၅ ရာခိုင်နှုန်းကျော်ရှိကြောင်း ဟောင်ကောင်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ CLSA Ltd. ၏ အချက်အလက်များတွင် ဖော်ပြသည်။

သို့ဖြစ်ရာ အိမ်ခြံမြေကဏ္ဍ ပြန်လည်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်မည်ဆိုပါက ယိုယွင်းနေသော ကုန်သွယ်ရေး အခြေအနေကို ပြန်လည်ခုနှိမ်နိုင်မည်ဖြစ်သည်။

ဧပြီလအတွင်း ပြည်ပပို့ကုန်မှာ ၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းသွားကြောင်း အချက်အလက်များတွင် ပြသနေရာ ယခု မူဝါဒဖြင့် ချဉ်းကပ်ပါက လူတို့၏ ထောက်ခံမှုကို ရရှိနိုင်မည် ဖြစ်သည်။

“မြင်း ၃ ကောင်ကတဲ့ စီးပွားရေး ရထားလုံးမှာ တစ်ကောင်က ကောင်းကောင်း အလုပ်မလုပ်တော့ဘူးဆိုရင် ကျန်တဲ့နှစ်ကောင်က နေရာ ပိုရလာလိမ့်မှာပါ”ဟု Kaisa Group ၏ အမှုဆောင်အရာရှိချုပ် မိုင်းဖန်က ပြောကြားသည်။

တရုတ်ပြည်စီးပွားရေး၏ ပင်မဒေါက်တိုင်ကြီးသုံးခုအဖြစ် ပို့ကုန်၊ စားသုံးသူကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ရည်ညွှန်းလေ့ရှိသည်။

အိမ်ခြံမြေကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပြီး ၂၀၁၇ ခုနှစ်အတွင်း အိမ်ခြံမြေရောင်းချရမှု စုစုပေါင်းမှာ ယွမ်ငွေ ၁၃ ဒသမ ၃၇ ထရီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၉၃ ထရီလီယံ) ဖိုးခန့် ရှိခဲ့ရာ ဂျီဒီပီ၏ ၁၆ ဒသမ ၄ ရာခိုင်နှုန်းအထိရှိကြောင်း The Handbook of China’s Financial System တွင် ဖော်ပြသည်။

အမေရိကန်ပြည်၊ မြောက်ကယ်ရိုလိုင်းနား အခြေစိုက် ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီး Bank of America Merrill Lynch (BofA Securities) မှ သုတေသီတို့၏ သုံးသပ်ချက်အရ တရုတ်ဗဟိုဘဏ်သည် လာမည့် စက်တင်ဘာနှင့် ဒီဇင်ဘာလများတွင် အတိုးနှုန်းများ လျှော့ချပေးနိုင်ပြီး ၂၀၂၀ တွင်လည်း ဆက်လက်၍ အခြားသောနှုန်းထားလျှော့ချမှုများ ဆက်လက်ပြုလုပ်သွားဖွယ်ရာရှိကြောင်း သုံးသပ်ထားကြသည်။

“တရုတ်ပြည်ဟာ စားသုံးသူ လှုံ့ဆော်မှုတွေ ပိုမိုပြုလုပ်လာဖွယ်ရှိပြီး အခြေခံအဆောက်အအုံနဲ့ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် အားပေးမှုတွေ ပြုလုပ်သွားဖွယ်ရှိပါတယ်”ဟု BofA Securities မှ သုတေသီများဖြစ်သော ဟယ်လင်ချောင်နှင့် ရှောင်ကျား ကျီတုန်းတို့၏ သုတေသနစာတမ်းတွင် ဖော်ပြသည်။

ထရမ့်အစိုးရသည် ကန်ဒေါ်လာ ၃၀၀ ဘီလီယံဖိုးရှိသော တရုတ်ပြည်မှ ပို့ကုန်များအပေါ် ပြီးခဲ့သောနွေက အကောက်ခွန် ၂၅ ရာခိုင်နှုန်းအထိ ကောက်ခံခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service