နော်ဝေကျွန်းတစ်ကျွန်းက ကမ္ဘာ့ပထမဆုံးအချိန်ကင်းမဲ့ဇုံ ဖြစ်လာလို

နော်ဝေကျွန်းတစ်ကျွန်းက ကမ္ဘာ့ပထမဆုံးအချိန်ကင်းမဲ့ဇုံ ဖြစ်လာလို - Property News in Myanmar from iMyanmarHouse.com
21 Jun 2019 10:33 am တွင် တင်ခဲ့သည်
1271 ကြိမ် ကြည့်ရှု့ပြီး

နွေရာသီဆို ၆၉ ရက်တိတိ နေလုံးဝမဝင်တဲ့ နော်ဝေနိုင်ငံရှိ Sommaroy (ဆမ်မေးရွေး) ကျွန်းက ဒေသခံတွေဟာ သူတို့ရဲ့ကျွန်းကို ကမ္ဘာ့ပထမဆုံးအချိန်ကင်းမဲ့ဇုံ ဖြစ်လာစေချင်နေကြပါတယ်။

Sommaroy ကျွန်းသူကျွန်းသားတွေဟာ နိုဝင်ဘာကနေ ဇန်နဝါရီအထိကို နေလုံးဝမထွက်ဘဲ ရှည်လျားတဲ့ညတာတွေ ဖြတ်သန်းကြရပြီးတဲ့နောက်မှာ မေ ၁၈ ကနေ ဇူလိုင် ၂၆ အထိ နေလုံးဝမဝင်သွားတဲ့ နွေရာသီကို အံတုကြရပြန်ပါတယ်။ နွေရာသီရောက်ပြီဆိုရင်တော့ အဲ့ဒီမှာ သမားရိုးကျအချိတ်သတ်မှတ်မှုတွေကို လျစ်လျူရှုကြပါတော့တယ်။

ညဥ့်နက်သန်းခေါင်းကျော်အချိန်မတော်ဆိုတာတွေမရှိတော့ဘဲ နာရီတိုင်းအချိန်တိုင်းဟာ အတူတူပဲဖြစ်လို့နေပါတော့တယ်။ ညသန်းခေါင်မှာ အိမ်အလုပ်တွေလုပ်ချင်လုပ်နေမယ်၊ ခြံထဲမှာ ရေကူးတာ၊ ဘောလုံးကန်တာ စသဖြင့် စိတ်ကြိုက်ပြုမူလုပ်ဆောင်နေတာတွေကို တွေ့ရပါမယ်။ တစ်ချိန်လုံးနေ့ဘက်လိုပဲ ဖြစ်နေတော့ လူတိုင်းက အိပ်ချင်စိတ်ဖြစ်လာမှအိပ်ပါတော့တယ်။

အဲ့ဒီလိုဖြစ်လာတာဟာ မျိုးဆက်တော်တော်များလာပါပြီ။ ဒါပေမဲ့ အခုတော့ Sommaroy ကျွန်းသူကျွန်းသားတွေက သူတို့ကျွန်းကို အချိန်ကင်းမဲ့ဇုံအဖြစ် တရားဝင်ကြေညာချင်နေကြတာပဲဖြစ်ပါတယ်။

နော်ဝေပြည်မကြီးနဲ့ သူတို့ကျွန်းနဲ့ဆက်သွယ်ထားတဲ့တံတားကို ကမ္ဘာပေါ်ရှိ ဘယ်တံတားနဲ့မှ မတူဘဲ နာရီတွေနဲ့အလှဆင်ထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ ရှည်လျားလှတဲ့ နေ့တာတွေနဲ့ ညတာတွေကြောင့် Sommaroy ကို အချိန်မေ့နေတဲ့ကျွန်းလို့ လူသိများပါတယ်။

လူဦးရေ ၃၀၀ ကျော်ရှိတဲ့ အဲ့ဒီကျွန်းကို အချိန်ကင်းမဲ့ဇုံအဖြစ် သတ်မှတ်ပြီး သမားရိုးကျကျောင်းချိန်ရုံးချိန်တွေကို ဖျက်ပစ်ကာ လိုက်လျောညီထွေဖြစ်မယ့် ကျောင်းချိန်ရုံးချိန်တွေ ပြင်ဆင်ခွင့်ရဖို့အတွက် သူတို့တွေဟာ နော်ဝေပါလီမန်အမတ်တစ်ဦးနဲ့ တွေ့ဆုံတင်ပြပြီးပြီလို့တောင် သိရပါတယ်။

သူတို့ရဲ့အဲ့ဒီဆန္ဒကို ကြေညာလိုက်ပြီးတဲ့နောက်မှာ Sommaroy ကျွန်းကို ခရီးသွားဧည့်သည်တွေပိုလို့ လာရောက်လည်ပတ်ကြပါတော့တယ်။ သူတို့ရဲ့အစီအစဉ်အောင်မြင်သွားရင်တော့ ခရီးသွားဧည့်သည်တွေ ဝင်လာမဆဲတသဲသဲဖြစ်ကြတော့မှာ မြေကြီးလက်ခတ်မလွဲမဟုတ်ပါလားရှင်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service