မလေးရှားတွင် ဘိလပ်မြေဈေးနှုန်းများ မြင့်တက်လာမှုအပေါ် ရတက်မအေးဖြစ်မှုများ မြင့်တက်

မလေးရှားတွင် ဘိလပ်မြေဈေးနှုန်းများ မြင့်တက်လာမှုအပေါ် ရတက်မအေးဖြစ်မှုများ မြင့်တက် - Property News in Myanmar from iMyanmarHouse.com
20 Jun 2019 12:07 pm တွင် တင်ခဲ့သည်
1252 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားနိုင်ငံ၊ အနောက်မြောက်ပိုင်း ပီနန်ကျွန်းတွင် ဘိလပ်မြေဈေးနှုန်းများ မြင့်တက်လာမှုအပေါ် ရတက်မအေးဖြစ်မှုများ မြင့်တက်လာလျက်ရှိနေသည်။

ပီနန်ရှိ အိမ်ခြံမြေ DEVELOPER များအသင်း ဥက္ကဌ ဒါတပ်ခ် တို ချင် လီယောင်က ယခုကဲ့သို့ ဘိလပ်မြေ ဈေးနှုန်းများ မြင့်တက်လာနေမှု သည် အိမ်ခြံမြေဈေးနှုန်းများအပေါ် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း ပြောကြားသည်။

ဈေးနှုန်းမြင့်တက်ခြင်းသည် အချို့သော ကုမ္ပဏီများက အမြတ်အစွန်း ပိုမိုရရှိရေးအတွက် ဈေးကွက်လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားမှုများကြောင့် ဖြစ်နေမည်ကို ရတက်မအေးဖြစ်ကြခြင်းဖြစ်သည်ဟုလည်း မစ္စတာ လီယောင်က ဆက်လက်ပြောကြားသည်။

“ဒီအချက်ကလည်း ကျွန်တော်တို့ စိုးရိမ်နေတဲ့အချက်တွေထဲမှာပါပါတယ်။ ဈေးနှုန်းတွေဘာကြောင့် ဒီလောက်မြန်မြန်တက်လာလဲဆိုတာ ကျွန်တော်တို့ မသိရဘူးလေ” “ဘိလပ်မြေဈေးနှုန်းတွေ အရင်ကလည်း ဖြည်းဖြည်းချင်းတက်နေခဲ့ပေမယ့် ဘယ်တုန်းကမှ ၄၀ ရာခိုင်နှုန်းကျော်အထိ တက်သွားတာမျိုး မဖြစ်ဖူးပါဘူး” ဟု မစ္စတာ လီယောင်က ဂျော့ခ်ျတောင်းမြို့၊ ရန်ကုန်လမ်းရှိ Democratic Action ပါတီ (DAP) ၏ ရုံးဖြစ်သော Wisma DAP အဆောက်အအုံတွင် ဘဏ္ဍာရေးဝန်ကြီး လင်းမ် ကွမ် အန်းနှင့်အတူ ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အိမ်ဆောက်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့်ကုမ္ပဏီဖြစ်သော Hanson Building Materials Malaysia Sdn Bhd က ထုတ်ပြန်ချက်တစ်ရပ်အရ အသင့်ရောစပ်ပြီး ကွန်ကရစ်ဈေးနှုန်းများ မြင့်တက်ကြောင်း ကြေညာခဲ့သည်။

ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ မကြာသေးမီကာလများအတွင်း ဘိလပ်မြေနှင့် အခြားကုန်ပစ္စည်းများ ဈေးနှုန်း ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်မှုကြောင့် ကွာလာလမ်ပူနှင့် ဆလင်ဂေါရှိ ဖောက်သည်များသည် အသင့်ဖျော်စပ်ပြီး ကွန်ကရစ်ဈေးနှုန်း ၁ ကုဗမီတာလျှင် ရင်းဂစ် ၄၀ ခန့်အထိ ပေးရဖွယ်ရှိပြီး ဘိလပ်မြေရောစပ်ပုံ အချိုးအပေါ်မူတည်ကာ ဈေးနှုန်းကွာခြားမှုများရှိနိုင်ကြောင်း ထုတ်ပြန်သည်။

ပီနန်ရှိ မလေးရှားကုန်ထုတ်လုပ်သူများ အဖွဲ့ချုပ်မှ ဥက္ကဌ ဒါတပ်ခ် ဒေါက်တာ အွိုင်အန်ဟော့ခ်က ပြောကြားရာတွင် ဘိလပ်မြေဈေးများ ရုတ်ချည်းမြင့်တက်ခြင်းသည် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများ၏ ဈေးနှုန်းအပေါ် ရိုက်ခတ်လာနိုင်ကြောင်း ပြောကြားသည်။

“ဒါဟာ အိမ်ခြံမြေ ဆောက်လုပ်မှုနဲ့ စက်ရုံဆောက်လုပ်မှု ကုန်ကျစရိတ်တွေအပေါ် ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ သက်ရောက်မှုရှိလာမယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်”ဟု ဒေါက်တာ အွိုင်အန်ဟော့ခ်က ဆက်လက်ပြောကြားသည်။

ပီနန် ဆောက်လုပ်ရေးနှင့် အိမ်ဆောက်ပစ္စည်း ရောင်းချသူများအသင်းမှ အကြံပေးပုဂ္ဂိုလ် ဒါတပ်ခ် လင်းမ် ကိုင် ဆန်းက ယခုကဲ့သို့ ဘိလပ်မြေဈေးနှုန်းများ ရုတ်ချည်းမြင့်တက်ခြင်းမှာ မရိုးသားကြောင်း ပြောကြားသည်။

ဘိလပ်မြေ ကီလို ၅၀ လျှင် ရင်းဂစ် ၁၆ နှင့် အထက်မြင့်တက်နိုင်ကြောင်း၊ ယခင်က မြင့်တက်ခဲ့သည့် ဈေးနှုန်းများမှာ ၉ ရင်းဂစ်နှင့် ၁၂ ရင်းဂစ်သာရှိခဲ့ပုံများနှင့် နှိုင်းယှဉ်ကြည့်ရန်လည်း ၎င်းက ပြောကြားသည်။

“ဘိလပ်မြေထုတ်လုပ်ဖို့အတွက် ကုန်ကြမ်းတွေဟာ ပြည်တွင်းက ရတာပါ။ ဒီလို ဈေးတက်လာတာ တကယ် မရိုးသားပါဘူး။ ဒါဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ အထူးသဖြင့် ဈေးနှုန်းသတ်မှတ်ချက် သဘောတူပြီးသား ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အခက်ကြုံရနိုင်ပါတယ်” ဘဏ္ဍာရေးဝန်ကြီး လင်းမ် ကွမ် အန်းက ပြောကြားရာတွင် ယခုအကြောင်းရပ်ကို ပြည်တွင်း ကုန်သွယ်ရေး၊ စားသုံးသူရေးရာနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒါတပ်ခ် ဆရီ ဆိုင်ဖူဒင် အစ္စမေးနှင့် ယခုရက်သတ္တပတ်အတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“ဒီမှာရှိတဲ့ စီးပွားရေးနယ်က ပြောကြတာတွေက အခုလို ဈေးနှုန်းမြင့်တက်မှုဟာ ကွင်းဆက်အကျိုးသက်ရောက်မှုဖြစ်စဉ် ပေါ်ပေါက်စေ မှာဖြစ်ပြီး လမ်းတံတား၊ အိမ်ခြံမြေ၊ စက်ရုံ ဆောက်လုပ်ရေးစီမံကိန်းတွေမှာ ဈေးနှုန်းပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေနိုင် ပါတယ်။ ဘိလပ်မြေ သွင်းအားစု ၈၅ ရာခိုင်နှုန်းကျော်ဟာ ကုမ္ပဏီတစ်ခုတည်း အောက်ကနေ လာတာဖြစ်ပါ တယ်”ဟုလည်း ဝန်ကြီး အစ္စမေးက ပြောကြားသည်။

မလေးရှား ဘိလပ်မြေနှင့် ကွန်ကရစ်အသင်းက ထုတ်ပြန်ရာတွင်မူ ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း လျှပ်စစ်ဓာတ်အားခမြင့်တက်မှုကို ဘိလပ်မြေလုပ်ငန်းကဏ္ဍက ရင်ဆိုင်ခဲ့ရကြောင်း၊ ထို့အပြင် ထုတ်ပိုးကုန်ပစ္စည်းများ၊ ပြည်ပမှတင်သွင်းရသော လောင်စာ၊ ကုန်ကြမ်းပစ္စည်းများ၊ အင်ဂျင်နီယာစရိတ်များ၊ အသုံးအဆောင်ပစ္စည်းစရိတ်များ မြင့်တက်မှုများ ရင်ဆိုင်ခဲ့ရကြောင်း ထုတ်ပြန်သည်။

“ဒီလုပ်ငန်းကဏ္ဍကြီးဟာ အထွေထွေကုန်ကျစရိတ် မြင့်တက်မှုတွေ ရင်ဆိုင်ရချိန်မှာ မလေးရှားရဲ့ ဘိလပ်မြေဈေးနှုန်းဟာ ၂၀၁၆ ခုနှစ်ကတည်းက ကျဆင်းလျက်ရှိနေရာကနေ ဘယ်လိုမှ လုပ်ငန်းဆက်လက် ရပ်တည်ဖို့မလွယ်လောက်တဲ့အထိ ဈေးတွေ ထိုးကျခဲ့တယ်။ ဘိလပ်မြေလုပ်ငန်းကဏ္ဍကြီးဟာ အလုပ်အကိုင်ထောင်ပေါင်းများစွာကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပြီး ပေးအပ်ထားပါတယ်” “အရှုံးနဲ့သာ ဆက်လက်လည်ပတ်နေရမယ်ဆိုရင် ဒီလိုအလုပ်အကိုင်နေရာတွေအတွက် အန္တရာယ်ကြုံရနိုင်ပါတယ်”ဟု ဘိလပ်မြေအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဘိလပ်မြေလုပ်ငန်းနယ်ပယ်သည် ရင်းနှီးမြှုပ်နှံထားရမှုများအတွက် ထိုက်သင့်သည့် အမြတ်အစွန်း ရရှိရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service