အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တွင် နေအိမ်လေလံတင်ရောင်းချသည်ထင်မှတ်ပြီး ၁ ပေ အကျယ်သာရှိသည့် မြက်ခင်းနေရာကို ဒေါ်လာ ၉၁၀၀ ပေးကာ ဝယ်ယူခဲ့

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တွင် နေအိမ်လေလံတင်ရောင်းချသည်ထင်မှတ်ပြီး ၁ ပေ အကျယ်သာရှိသည့် မြက်ခင်းနေရာကို ဒေါ်လာ ၉၁၀၀ ပေးကာ ဝယ်ယူခဲ့ - Property News in Myanmar from iMyanmarHouse.com
19 Jun 2019 12:17 pm တွင် တင်ခဲ့သည်
829 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တွင် နေအိမ်ဝယ်ယူလိုသူတစ်ဦးသည် လေလံပွဲတစ်ခု၌ နေအိမ်လေလံတင် ရောင်းချသည်ထင်မှတ်ပြီး ၁ ပေ အကျယ်သာရှိသည့် မြက်ခင်းနေရာကို ဒေါ်လာ ၉၁၀၀ ပေးကာ ဝယ်ယူခဲ့မိသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကာဗီးလ် ဟိုးလ်နက်စ်ဆိုသူက လေလံအောင်ပြီးချိန်တွင် ယူဆခဲ့သည်မှာ ကန်ဒေါ်လာ ၁၇၀၀၀၀ ကျော် တန်ကြေးရှိသော ဘန်ဂလိုအိမ်ကို ဒေါ်လာ ၉၀၀၀ ကျော်မျှဖြင့် ဝယ်ယူနိုင်ခဲ့သည်ဟု မှတ်ထင်ခဲ့သည်။

သို့ရာတွင် သူအမှန်တကယ်ဝယ်ယူရရှိခဲ့သည်မှာ မြက်ခင်းတစ်လိုင်းသာဖြစ်နေသည်။

နေအိမ်ခန်း ၂ ခုအကြားရှိ ၁ ပေ× ပေ ၁၀၀ ရှည်လျားသည့် မြက်ခင်းကိုသာ ဝယ်ယူမိခဲ့ခြင်းဖြစ်ပြီး ကာဗီးလ်ဟိုးလ်နက်စ်က မှတ်ထင်ခဲ့သည်မှာ နေအိမ်ခန်းတစ်ခုခုကို ဝယ်ယူရရှိခဲ့သည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။

တည်နေရာမှာ ဖလော်ရီဒါပြည်နယ်၊ တာမာရက်ခ်မြို့တွင်ဖြစ်ပြီး ဝယ်ယူခဲ့သော မြက်ခင်းနေရာ၏တန်ဖိုးမှာ ကန်ဒေါ်လာ ၅၀ သာ တန်ကြေးရှိသည်ဟု ဆိုသည်။

မစ္စတာ ဟိုးလ်နက်စ်က အရောင်းအဝယ်ကို ဖျက်သိမ်းကာ ငွေပြန်ပေးပါရန် ဘရိုဝါ့ဒ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ကို တောင်းဆိုခဲ့သော်လည်း ပြည်နယ်ဥပဒေက ငွေပြန်အမ်းရန် ခွင့်ပြုမထားကြောင်း အရာရှိများက ပြောကြားခဲ့သည်။

မြက်ခင်းဝဲယာတွင် တည်ရှိသည့်နေအိမ်များမှာ အိမ်ခြံမြေအခွန်မဆောင်သောကြောင့် ပြည်နယ်အစိုးရက လေလံတင်ရောင်းချစေခဲ့ခြင်း ဖြစ်သည်။

“ဒါက လှည့်ဖျားခံရတာပါပဲ။ မြက်ခင်းကိုပဲ ရောင်းချတာဖြစ်တယ်လို့ ဘောင်ခတ်နယ်နိမိတ်ပြ ဖော်ပြတာမျိုးမရှိခဲ့ဘူး။”ဟု မစ္စတာ ဟိုးလ်နက်စ်က ပြောကြားသည်။

“ကျွန်တော်သာ လက်စားချေတတ်တဲ့သူတစ်ယောက်ဆိုရင်တော့ ဝယ်လိုက်တဲ့ ပိုင်နက်အပြည့်အဝရအောင် အဆောက်အအုံ နံရံတွေ ဖျက်ခိုင်းလို့ ရပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော့်အတွက် ဘာအသုံးဝင်လာမှာမို့လဲ”လေလံပွဲတွင် ရာဖြတ်က ဘန်ဂလိုအဆောက်အအုံကို လေလံပစ္စည်းသဖွယ်ပြသပြီး လေလံတင်ခဲ့သောကြောင့် ဝင်ရောက်လေလံဆွဲခဲ့ ခြင်းဖြစ်ကြောင်း မစ္စတာ ဟိုးလ်နက်စ်က ပြောကြားသည်။

သို့ရာတွင် ရာဖြတ်၏ ဝက်ဘ်ဆိုက်နှင့် ခရိုင်အကောက်ခွန်ဌာနတို့၏ ဝက်ဘ်ဆိုက်များတွင် ဖော်ပြချက်များအရမူ လေလံတင်မည့် မြေနေရာမှာ စတုရန်းပေ ၁၀၀ သာရှိပြီး အကျယ်အားဖြင့် ၁ ပေသာရှိကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။

နေအိမ်ဆောက်လုပ်ခဲ့သည့် developer က အဆိုပါမြက်ခင်းနေရာကို ကပ်လျက်အဆောက်အအုံများအား အဘယ်ကြောင့် ပိုင်ဆိုင်မှု မပေးခဲ့သည်ကိုမူ ပြည်နယ်အရာရှိများလည်း မသိကြချေ။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service