ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ကွန်ဒို (Condo) တိုက်ခန်းများမှာ တစ်ခြမ်းပေး တစ်ခြမ်းယူ ကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ် နေကြသည့် ရိုးရိုးတိုက်ခန်းများနှင့် မတူဘဲ တစ်မူထူးခြားပါသည်။ ယနေ့ခေတ်တွင် ရန်ကုန်မြို့တွင်း၌ တိုက်ဆောက်လျှင် အထပ်မြင့်ကွန်ဒို ဆောက်ကြသည်ကို တွေ့ရသည်။
ကွန်ဒိုတိုက်ဟု ဆိုလိုက်သည်နှင့် ဓာတ်လှေကား မပါမဖြစ်ပါ။ အထပ်မြင့်လေဓာတ်လှေကားပါဖို့ လိုအပ်လေ ဖြစ်ပါသည်။ ကွန်ဒိုတိုက်ဆောက်လုပ်ပြီဆိုကတည်းက ကုန်ကျစရိတ်များပြားသည်ကို တွေ့ရသည်။ ကွန်ဒိုတိုက်ဆိုလျှင် ဖွဲ့စည်းပုံပါ ပြောင်းလဲသွားသည်ကို တွေ့ရသည်။
ကွန်ဒို တိုက်တွင် နေထိုင်သူများသည် အသိုက်အမြုံတစ်ခုအတွင်း စုပေါင်းအတူနေထိုင်သူများပင် ဖြစ်သည်။ ကွန်ဒိုတိုက်ခန်း ၀ယ်ယူနေထိုင်ပြီဆိုလျှင် လိုက်နာကျင့်သုံးရ မည့်အချက်များရှိသကဲ့သို့ မိမိဝယ်ယူသည့် တိုက်ခန်း၏အကျိုး ခံစားခွင့်များ ပြည့်ပြည့်၀၀ ရရှိနိုင်ရန် စရန်ငွေသားပေးစာချုပ်စဉ်ကတည်း ကြိုတင်လေ့လာထားသင့်သည်။ ထို့ကြောင့် ကွန်ဒိုတိုက်ခန်းတစ်ခန်းတွင် ပါရှိရမည့် အချက်များနှင့် လိုက်နာဆောင်ရွက်ပေးရမည့်အချက်များကို သိရှိနိုင်ရန် လေ့လာတင်ပြလိုက်ပါသည်။
ကွန်ဒိုဝယ်ယူသူများ သိထားရမည့်အချက်များ........
A. မိမိဝယ်ယူသည့်အခန်းသည် Ready Mixed Concrete များအသုံးပြုထားခြင်းရှိမရှိ သိထားရမည်။
B. တိုက်ခန်း၏ အကျယ်အ၀န်းမှာ သတ်မှတ်ချက် စံချိန်စံညွှန်းပါအတိုင်း ( )စတုရန်းပေ ပြည့်မပြည့် တိုင်းထွာကြည့်ရမည်။ အခန်းအနေအထားမှာ Room Type ပုံစံ ဟုတ်မဟုတ် အသေအချာ စိစစ်ရမည်။
C. အခန်းဖွဲ့စည်းပါဝင်မှုမှာလည်း နှစ်ဦးသဘောတူ စာချုပ်ပါအတိုင်း ပြည့်စုံခြင်း ရှိမရှိ လေ့လာကြည့်ရမည်။ ပြည်စုံမှ လက်ခံရမည်။
ဥပမာ - က။ Living Room = ၁ ခန်း
ခ။ Dining Room = ၁ ခန်း
ဂ။ Shrine Area = ၁ ခန်း
င။ Bedroom(1&2) = ၃ ခန်း
စ။ Study area = ၁ ခန်း
ဆ။ Kitchen Room = ၁ ခန်း
ဇ။ Maid Room = ၁ ခန်း
စ်။ Common Bath &w/c = ၁ ခန်း ပါရှိမည်။ ထိုအပြင် Sales Center, Parking Floors, Con-venience Store, Club, Knidergarden and Shopping Mall စသည်တို့ ပါရှိသော ကွန်ဒိုမီနီယံ (Condominium) အဆောက်အအုံပေါ်တွင်ပါရှိသော အခန်းဖြစ်လျှင် ပို၍ကောင်းပါသည်။
D. အခန်းများကို အုတ်ဖြင့် အခန်းဖွဲ့ပေးထားခြင်း ဖြစ် ရမည်။ အခန်းတွင်း၌ ဆေးသုတ်ပေးထားရမည်။
E. အိမ်သာ/ရေချိုးခန်းတွင် ၅ ပေအမြင့် ကြွေပြားများ ကပ်ထားပေးရမည်။ အရှေ့တိုင်း/အနောက်တိုင်း ပုံစံ၊ ရေအိမ်များ တပ်ဆင်ပေးထားရမည်။ ရေချိုးခန်း၌ အတွင်းရေအေးလိုင်းများ တပ်ဆင် ပေးထားရမည်။ ရေပူစက်တပ်ဆင်လိုပါက ရေပိုက် ခေါင်းများ တပ်ဆင်ပေးရန် တောင်းဆိုရမည်။
F. ကွန်ဒိုတိုက်သစ်ဖြစ်သည့်အတွက် ဓာတ်လှေကား အသစ် (၁)စီး (သို့) (၂)စီး တပ်ဆင်ထားခြင်း ရှိမရှိ ကြည့်ရှုဝယ်ရမည်။
G. မိမိအခန်းအတွက် ကိုယ်ပိုင်မီတာ (၁)လုံးနှင့် မီးပွိုင့် လိုင်း၊ Hot Plate လိုင်းနှင့် ရေမော်တာမီးလိုင်းများ တပ်ဆင်ပေးထားပြီးဖြစ်ရမည်။ ၀ါယာကြိုးများမှာ လည်း စံချိန်စံညွှန်းအမီ တပ်ဆင်ပေးထားပြီးဖြစ်ရမည်။
H. ကွန်ဒိုတိုက်ခန်းဖြစ်သည့်အတွက် လျှပ်စစ်မီးပြတ် တောက်မှု အခက်အခဲမဖြစ်စေရန် Transformer (၁)လုံးနှင့် Generator (၁)လုံးတို့ကို တပ်ဆင်ပေး ထားပြီးဖြစ်ရမည်။ Generator စက်အတွက် သုံးစွဲကုန်ကျမည့် လောင်စာဆီဖိုးကို ကွန်ဒိုတိုက်တွင် နေသူများအားလုံး အချိုးကျပေးဆောင်ရသည်ကို သိရှိသဘောတူရမည်။
I. မိမိဝယ်ယူသည့် အခန်းအတွက် ရေမော်တာ(၁)လုံး ပေးထားရမည်။ ရေလီတာ (၁၀၀၀)ဆံ့ Over Head Steel Tank (၁)လုံး ထည့်ပေးထားခြင်း ရှိမရှိ စိစစ် လက်ခံရမည်။
J. ကွန်ဒိုတိုက်သစ်အဆောက်အအုံတွင် မိမိအခန်း အတွက် မြေအောက်၌ ကားရပ်နားရန် Basement ကို စနစ်တကျ တည်ဆောက်ပေးထားပြီး ဖြစ်ရမည်။
K. အခန်းတိုင်းတွင် Satellite System ဆောင်ရွက်ပေးထားရမည်။ P.A.B.X Phone Line နှင့် Security System များထည့်သွင်းပေးထားရမည်။
L. အများနှင့်သက်ဆိုင်သည့်နေရာတွင် Gymnasium,Waiting Area, Play Ground, Internet Cafe, Cafeteria, Nursery School တို့ကို ဆောင်ရွက်ပေးထားပြီး ဖြစ်ရပါမည်။
ကွန်ဒို အခန်းဝယ်သူဘက်မှ လိုက်နာရမည့်အချက်များကို လည်း ဤသို့တွေ့နိုင်သည်
၁။ တိုက်သစ်ကို ၀ယ်ယူနေထိုင်သူများအနေဖြင့် အိမ်ရာ ပြုပြင်ထိန်းသိမ်းစရိတ် (Maintenance Charges) ကို တစ်လ လျှင် ၁၅၀၀၀ (ကျပ်တစ်သောင်းငါးထောင်တိတိ)ဖြင့် အိမ်ရှင် မြေရှင် အခန်းများအပါအ၀င် အားလုံးက ပေးဆောင်ရပါမည်။ ယခု ကောက်ခံသောနှုန်းထားသည် ခေတ်ကာလအခြေအနေ နှင့် တိုးတက်ပြောင်းလဲလာသည့် နည်းစနစ်အပေါ်တွင် အခြေခံ ၍ ပြောင်းလဲကောက်ခံသွားခြင်းကို ကွန်ဒိုတိုက်ခန်း ၀ယ်နေ သူများမှ သဘောတူပါသည်။
၂။ ယခုအဆင့်မြင့် ကွန်ဒိုတိုက်ခန်းပိုင်ရှင်များအနေဖြင့် မိမိတို့၏ တိုက်ခန်းကို အခြားသူတစ်ဦးဦးသို့ ပြန်လည်ရောင်းချပါက အမည်ပြောင်းခအဖြစ် အိမ်ရှင်/မြေရှင်အား အခန်း ပေါက်ဈေးပေါ်မူတည်၍ (၁ ရာခိုင်နှုန်း) ပေးဆောင်ရန် သဘောတူပါသည်...စသည်ဖြင့် ၀န်ခံကတိပြုရပါသည်။ စုပေါင်းပိုင်အဆောက်အအုံဟု ခေါ်ဆိုသည့် CONDOMINIUM တိုက်ဝယ်ယူလိုသူများအနေဖြင့် ယခုကဲ့ သို့ အခန်းဖွဲ့စည်းပုံကို ကြိုတင်သိရှိထားခြင်းဖြင့် ၀ယ်ယူသည့် အခါ အမှားမယွင်းနည်းပါးပြီး ပိုမိုကောင်းမွန်ပြည့်စုံသော အခန်းကို ပြည့်ပြည့်စုံစုံရရှိခံစားပိုင်ဆိုင်နိုင်ကြပါစေဆိုသည့် စေတနာကောင်းဖြင့် ရှာဖွေတင်ပြလိုက်ရခြင်းဖြစ်ပါသည်။
ခေတ္တရာမြင့်အောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com