အပ်နှံမှုနှောင့်နှေးခြင်းများအား အိန္ဒိယအိမ်ဝယ်လက်သုံးပုံနှစ်ပုံ တိုင်ကြားလို

အပ်နှံမှုနှောင့်နှေးခြင်းများအား အိန္ဒိယအိမ်ဝယ်လက်သုံးပုံနှစ်ပုံ တိုင်ကြားလို - Property News in Myanmar from iMyanmarHouse.com
18 Jun 2019 10:44 am တွင် တင်ခဲ့သည်
728 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယတွင် ဥပဒေသစ်များအရ အိမ်ဝယ်လက်များ၏ ၇၁ ရာခိုင်နှုန်းကျော်က အခန်းအပ်နှံမှုနှောင့်နှင်းခြင်းများကြောင့် developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ) များအား တိုင်ကြားလိုကြကြောင်း အိန္ဒိယအိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ်ဆိုက် Magicbricks မှ ပြုလုပ်သော စစ်တမ်းတစ်ခုအရ သိရသည်။

မိမိတို့ဝယ်ယူထားသော စီမံကိန်းပြီးစီးမှု နှောင့်နှေးကြန့်ကြာနေပါက မည်သို့ဖြစ်မည်နည်းဟူသော မေးခွန်းအား ဖြေကြားကြသူများ၏ ၇၁ ရာခိုင်နှုန်းကျော်က အထက်တွင်ဖော်ပြပြီးသကဲ့သို့ တိုင်ကြားလိုကြပြီး ကျန် ၁၈ ရာခိုင်နှုန်းကျော်က ငွေပြန်အမ်းပေးရန် တောင်းဆိုလိုကြကာ ၁၀ ရာခိုင်နှုန်းကသာလျှင် စီမံကိန်းပြီးစီးသည်အထိ စောင့်ဆိုင်းရန်ဆန္ဒရှိကြကြောင်း သိရသည်။

၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သည့် အိမ်ခြံမြေဖွံ့ဖြိုးတက်မှုနှင့် စည်းမျဉ်းအက်ဥပဒေ (RERA) ၏ ဝယ်လက်များအတွက်ကာကွယ်ပေးထားမှုများကြောင့် ဆောက်လုပ်ဆဲအိမ်ခြံမြေစီမံကိန်းများတွင် ဝယ်လက်များအနေဖြင့် စိတ်ချယုံကြည်စွာ ရင်းနှီးမြှုပ်နှံဝယ်ယူကြရန် ထိုဥပဒေများက ယုံကြည်မှုများ မွေးမြူပေးသကဲ့သို့ဖြစ်နေသည်။

RERA စည်းမျဉ်းများအရ အခန်းအပ်နှံမှု နှောင့်နှေးကြန့်ကြာသည့် ဆောက်လုပ်သူများအနေဖြင့် ဝယ်လက်များအား ထိုအိမ်၏ တန်ဖိုးအပြင် အတိုးပါဆင့်၍ လျော်ပေးရမည်ဖြစ်သည်။

ငါးနှစ်ကျော်သည်အထိ အခန်းအပ်နှံမခံရသေးသော ဝယ်လက်များအား နှစ်အလိုက်အခွန်လျှော့ပေးမည်ဖြစ်သည်။

သို့သော်လည်း ဝယ်လက်များသည် တိုင်ကြားချက်များတင်သွင်းခြင်း၊ အချိန်မီ အခန်းအပ်နှံခံရခြင်းနှင့် နှောင့်နှေးကြန့်ကြာမှုများအတွက် ပြစ်ဒဏ်များနှင့်သက်ဆိုင်သော ကိစ္စရပ်များစွာကို ရင်ဆိုင်ရဆဲဖြစ်သဖြင့် RERA ဥပဒေအကောင်အထည်ဖော်မှုတွင် ဟာကွက်များစွာ ရှိနေဆဲဖြစ်ကြောင်း၊ သို့ဖြစ်၍ အိမ်ခြံမြေကဏ္ဍတွင် စားသုံးသူများ၏ ပျောက်ဆုံးသွားသော ယုံကြည်မှုအား ပြန်လည်ထိန်းသိမ်းနိုင်ရန်အလို့ငှာ RERA စည်းမျဉ်းရေးဆွဲသူများအနေဖြင့် ကိစ္စရပ်များအား အချိန်မီပြုပြင်ရန် နည်းလမ်းတစ်ခုလိုအပ်နေပြီဖြစ်ကြောင်း Magicbricks က မှတ်ချက်ပြုခဲ့သည်။

အနောက်ဘန်ဂေါမှအပ အိန္ဒိယနိုင်ငံတစ်ဝန်း ကျန်ဒေသအားလုံးတွင် RERA ဥပဒေကို ကျင့်သုံးရပေသည်။ အတိအကျဆိုရသော် ပြည်နယ် ၂၂ ခုနှင့် ဖက်ဒရယ်အုပ်ချုပ်မှုနယ်မြေ ခြောက်ခုတို့တွင် RERA စည်းမျဉ်းများ ယနေ့တိုင်အသက်ဝင်ဆဲဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service