ကမ္ဘာကျော် Steinway ပီယာနိုကြီးများ ထုတ်လုပ်သည့် ကုမ္ပဏီပိုင်ရှင် ဘီလျံနာကြီးက ပီယာနိုစက်ရုံမြေ တစ်ဝက်ကို ဟောလိဝုဒ်သရုပ်ဆောင် ရောဘတ် ဒီ နီရိုအား ရောင်းချ

ကမ္ဘာကျော် Steinway ပီယာနိုကြီးများ ထုတ်လုပ်သည့် ကုမ္ပဏီပိုင်ရှင် ဘီလျံနာကြီးက ပီယာနိုစက်ရုံမြေ တစ်ဝက်ကို ဟောလိဝုဒ်သရုပ်ဆောင် ရောဘတ် ဒီ နီရိုအား ရောင်းချ - Property News in Myanmar from iMyanmarHouse.com
17 Jun 2019 12:10 pm တွင် တင်ခဲ့သည်
866 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် Steinway ပီယာနိုကြီးများ ထုတ်လုပ်သည့် ကုမ္ပဏီပိုင်ရှင် ဘီလျံနာကြီးသည် ပီယာနိုစက်ရုံမြေ တစ်ဝက်ကို ဟောလိဝုဒ်သရုပ်ဆောင် ရောဘတ် ဒီ နီရိုအား ရောင်းချရန် စီစဉ်နေသည်ဟု ဆိုသည်။

Steinway ပီယာနိုစက်ရုံသည် နယူးယောက်ပြည်နယ်၊ ကွင်းစ်အရပ်တွင် တည်ရှိသည်။

ဘီလျံနာကြီး ဂျွန် ပေါလ်ဆင်က ၂၀၁၃ ခုနှစ်အတွင်း Steinway & Sons ကို ကန်ဒေါ်လာ ၅၁၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဂျွန်ပေါလ်ဆင်က ယခုအခါ Steinway & Sons ကို ကန်ဒေါ်လာ ၁ ဘီလီယံနီးပါးဖြင့် ရောင်းချနိုင်ရန် ကြိုးပမ်းနေသည်။

Steinway ပီယာနိုစက်ရုံ၏ မြေ ၁၁ ဧကအနက် တစ်ဝက်နီးပါးကို ရောဘတ်ဒီနီရိုးပါဝင်သည့် အုပ်စုတစ်ခုထံ ကန်ဒေါ်လာ ၇၃ သန်းဖြင့် ရောင်းချရန် သဘောတူပြီးဖြစ်သည်ဟု ဆိုသည်။

ရောဘတ်ဒီနီရိုသည် သားဖြစ်သူ ရာဖဲလ်၊ စီးပွားဖက် ဂျိန်း ရိုဆန်သယ်လ်၊ Wildflower ရုပ်ရှင်ကုမ္ပဏီ အကြီးအကဲ ၎င်း၏မိတ်ဆွေ အဒမ် ဂေါ်ဒွန်တို့နှင့် ပူးပေါင်းကာ စတုရန်းပေ ၅၀၀၀၀၀ ကျယ်ဝန်းသော ရုပ်ရှင်စတူဒီယိုကြီးတစ်ခု တည်ထောင်ရန် စီစဉ်နေကြောင်း Commercial Observer က ယခုရက်သတ္တပတ် အစောပိုင်းတွင် ဖော်ပြခဲ့သည်။

“ဒီမြေနေရာက ပိုနေတဲ့အရာပါ။ ကျွန်တော်တို့ရဲ့  ပီယာနို ထုတ်လုပ်မှုကဏ္ဍမှာ ဒီနေရာကို အသုံးမပြုပါဘူး”ဟု Steinway ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။ “Steinway ကုမ္ပဏီဟာ ဒီနေရာမှာ ကမ္ဘာ့အကောင်းဆုံး ပီယာနိုတွေကို ၁၈၇၀ ပြည့်လွန် အစောပိုင်းကာလတွေကတည်းက ထုတ်လုပ်နေခဲ့တာပါ။ ခန့်မှန်းနိုင်လောက်တဲ့ အနာဂတ်ကာလတစ်ခုအထိတော့ ထုတ်လုပ်နေဦးမှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စက်ရုံပိုင်ရှင် ပေါလ်ဆင်သည် ပီယာနိုတီးခတ်ကြသည့် မိသားစုတစ်ခုတွင် မွေးဖွားကြီးပြင်းခဲ့ရသူဖြစ်သည်။

၎င်း၏ အစ်မဖြစ်သူက Steinway ပီယာနိုကြီး လိုချင်ခဲ့သော်လည်း အလွန်ဈေးကြီးလှသောကြောင့် (Steinway ပီယာနိုတစ်လုံးသည် မြန်မာငွေအားဖြင့် သိန်းပေါင်း ၂၃၀၀ ကျော် တန်ကြေးရှိသည်) ဝယ်မပေးနိုင်ခဲ့ရာ အစ်မမှာ ငိုကြွေးနေခဲ့ရကြောင်း၊ ထိုအချိန်မှ စတင်ပြီး နောင်တစ်ချိန်တွင် Steinway ပီယာနိုထုတ်လုပ်သည့်စက်ရုံကို ပိုင်ဆိုင်ရမည်ဟု ရည်မှန်းချက်ထားခဲ့ပြီး ကြိုးစားခဲ့ကြောင်း ပေါလ်ဆင်က ပြန်ပြောင်းပြောကြားသည်။

ထို့အပြင် အက်စ်တိုးနီးယားနှင့် ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်တို့ရှိ စက်ရုံများကို ရွှေ့ ပြောင်းရန်လည်း အစီအစဉ်မရှိကြောင်း ပေါလ်ဆင်က ဆက်လက်ပြောကြားသည်။

သို့ရာတွင် အလားအလာရှိသော တရုတ်ဝယ်လက်တစ်ဦးနှင့် ဆွေးနွေးခဲ့ပြီး ကန်ဒေါ်လာ ၁ ဘီလီယံခန့်ဖြင့် ရောင်းချရန် စီစဉ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသေးသည်။ သို့ရာတွင် အထမမြောက်ခဲ့ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service