ရုရှားသူလျှိုဟောင်း ဆာဂျီ စကရစ်ပါ၏ နေအိမ် အင်္ဂလန်ရှိ ဝဲ့ထ်ရှိုင်းယားခရိုင်အုပ်ချုပ်ရေး ကောင်စီအဖွဲ့က ဝယ်ယူဖွယ်ရှိ

ရုရှားသူလျှိုဟောင်း ဆာဂျီ စကရစ်ပါ၏ နေအိမ် အင်္ဂလန်ရှိ ဝဲ့ထ်ရှိုင်းယားခရိုင်အုပ်ချုပ်ရေး ကောင်စီအဖွဲ့က ဝယ်ယူဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
14 Jun 2019 12:27 pm တွင် တင်ခဲ့သည်
832 ကြိမ် ကြည့်ရှု့ပြီး

ရုရှားသူလျှိုဟောင်း ဆာဂျီ စကရစ်ပါ၏ အင်္ဂလန်ရှိ နေအိမ်ကို ကမ္ဘာကျော် အိမ်ငှားဝက်ဘ်ဆိုက် Airbnb တွင် အငှားဈေးကွက်တင် လာမည်ကို ရတက်မအေးဖြစ်နေသော အင်္ဂလန်နိုင်ငံ၊ ဝဲ့ထ်ရှိုင်းယားခရိုင်အုပ်ချုပ်ရေး ကောင်စီအဖွဲ့က ဝယ်ယူဖွယ်ရှိနေသည်ဟု အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဆာဂျီ စကရစ်ပါ (အသက် ၆၇ )နှင့် သမီးဖြစ်သူ ယူလီယာ စကရစ်ပါ (အသက် ၃၃ )တို့သည် ပြီးခဲ့သောနှစ် ၊ မတ်လအတွင်း အဆိုပါနေအိမ်တွင် ရုရှားတို့ တီထွင်ထားသော Novichok (ရုရှားအသံထွက်-မဲနစ်ချော့ခ်) ဟူသော အဆိပ်တစ်မျိုးဖြင့် လုပ်ကြံခံရကာ သေလုမြောပါးဖြစ်ခဲ့ကြသည်။

ဆာဂျီ စကရစ်ပါ၏ အင်္ဂလန်ရှိ နေအိမ်မှာ အိပ်ခန်း ၂ ခန်းပါဝင်ပြီး ပေါင် ၂၀၀၀၀၀ ခန့် တန်ကြေးရှိသည့်နေအိမ်ဖြစ်ကာ နေအိမ်၏ တံခါးလက်ကိုင်တွင် အနံ့မရှိသော Novichok အဆိပ်ကို ပက်ဖြန်းထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါနေအိမ်ကို ဗြိတိန်စစ်ဘက်က လပေါင်းများစွာ အခြေချကာ နေအိမ်တွင်းတွင် အဆိပ်ဓာတ်များ ပျက်ပြယ်ရန် ဆောင်ရွက်နေခဲ့သည်။

စကရစ်ပါနှင့် သမီးဖြစ်သူတို့သည် အဆိပ်မိခြင်းမှ သက်သာပျောက်ကင်းလာပြီဖြစ်သော်လည်း နေအိမ်သို့ ပြန်နိုင်ဖွယ် မရှိသေးချေ။

အဆိုပါနေအိမ် မည်သို့ဆက်ဖြစ်လာမည်ကို အိမ်နီးချင်းများက ရတက်မအေးဖြစ်လာကြပြီးနောက် မြို့ကောင်စီအဖွဲ့က ဝယ်ယူရန် အကြံပေါ်လာခြင်းလည်း ဖြစ်သည်။

“Airbnb လိုနေရာမျိုးကို မရောက်စေဖို့အတွက် ဒီနေအိမ်ကို ကျွန်တော်တို့ ဝယ်ယူဖို့ စီစဉ်နေပါတယ်”ဟု ဝဲ့ထ်ရှိုင်းယားခရိုင်အုပ်ချုပ်ရေး ကောင်စီမှ အေလစ္စတာ ကန်နင်ဟမ်က ပြောကြားသည်။

“နေအိမ်ရောင်းချပြီးရင် ဒီအဆောက်အအုံဟာ ဘယ်သူပိုင်ပြီး ဘာတွေဖြစ်လာမလဲဆိုတာ အိမ်နီးချင်းတွေက ရတက်မအေးဖြစ်နေ ကြတယ်။ မြို့ကောင်စီ ဝယ်ယူပြီးတဲ့နောက်မှာတော့ လူနေဖို့အတွက်ပဲ အသုံးပြုသွားမှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နေအိမ်ကို မြို့တော်ကောင်စီက ဝယ်ယူခြင်းသည် လူနေအဖြစ်သာ အသုံးပြုရန် သေချာစေမည်ဖြစ်ကြောင်းလည်း ကန်နင်ဟမ်က ပြောကြားသည်။

မစ္စတာ စကရစ်ပါကို အဆိပ်ခတ်လုပ်ကြံရန် ကြိုးပမ်းသူများမှာ ရုရှားနိုင်ငံသားများဖြစ်သော အလက်ဇန္ဒြား ပီထရော့ဗ်နှင့် ရူစလန် ဘိုရှီရော့ဗ်တို့ဖြစ်ကြောင်း သံသယရှိထားသည်။

အဆိပ်ဖြင့် တိုက်ခိုက်မှု မဖြစ်ပွားမီ တစ်ရက်က ၎င်းတို့နှစ်ဦးကို စလစ်ဘူရီတွင် ရှိနေခဲ့ကြောင်း စီစီတီဗွီမှတ်တမ်းများတွင် တွေ့ရသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service