မလေးရှားတွင် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများအတွက် အလုပ်ခေါ်ယူမှု စံချိန်တင် ကျဆင်း

မလေးရှားတွင် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများအတွက် အလုပ်ခေါ်ယူမှု စံချိန်တင် ကျဆင်း - Property News in Myanmar from iMyanmarHouse.com
13 Jun 2019 11:47 am တွင် တင်ခဲ့သည်
708 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားနိုင်ငံတွင် အင်ဂျင်နီယာ၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေကဏ္ဍ အွန်လိုင်းမှ အလုပ်ခေါ်ယူမှုများ စံချိန်တင်ကျဆင်းခဲ့ကြောင်း Monster အလုပ်အကိုင်ညွှန်းကိန်း (MEI) ၏ အချက်အလက်များတွင် ဖော်ပြသည်။

MEI သည် အွန်လိုင်းအလုပ်အကိုင် လှုပ်ရှားမှုများကို လစဉ်မှတ်တမ်းတင်မှုတစ်ရပ်ဖြစ်ပြီး Monster.com က ပြုလုပ်ပေးခြင်း ဖြစ်သည်။

လုပ်ငန်းနယ်ပယ်အသီးသီး၏ အလုပ်အကိုင်များအတွက် ပြည်တွင်းအလုပ်အကိုင်ခေါ်ယူရေးလှုပ်ရှားမှုများ လစဉ် အမြင့်ဆုံးနှင့် အနိမ့်ဆုံး ပမာဏများကို ပြသမှတ်တမ်းတင်ထားသည့် ညွှန်းကိန်းလည်း ဖြစ်သည်။

MEI က နောက်ဆုံးထုတ်ပြန်လိုက်သည့် သတင်းတစ်ရပ်အရ လွန်ခဲ့သော တစ်နှစ်ခန့်နှင့် နှိုင်းယှဉ်လျှင် အင်ဂျင်နီယာ၊ ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေကဏ္ဍများအတွက် အွန်လိုင်းမှ အလုပ်အကိုင်ခေါ်ယူမှုများ ၉ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ဆိုသည်။

အလုပ်အကိုင်ရှိသူ ပမာဏတွင်လည်း အင်ဂျင်နီယာနှင့် အိမ်ခြံမြေလုပ်ငန်းကဏ္ဍများတွင် ၆ ရာခိုင်နှုန်း ကျဆင်းသွားသည်။

မလေးရှား၏ နယ်ပယ်စုံ အွန်လိုင်း အလုပ်ခေါ်ယူမှုမှာမူ ညွှန်းကိန်းက စောင့်ကြည့်သည့် လုပ်ငန်းကဏ္ဍ ၉ ခုအနက် ၈ ခုတွင် ၇ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဆိုသည်။

ထင်ရှားသည်မှာ လက်လီအရောင်းလုပ်ငန်းနယ်ဖြစ်ပြီး အွန်လိုင်းမှ အလုပ်ခေါ်ယူမှု ၂ လဆက်တိုက် မြင့်တက်နေပြီး နှစ်အလိုက်နှိုင်းယှဉ်လျှင် ၂၆ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။

သို့ရာတွင် ၂၀၁၉ ခုနှစ်၊ မတ်လမှ ဧပြီလအကြားတွင် အနည်းငယ်ကျဆင်းသွားပြီး ၂ ရာခိုင်နှုန်းလျော့ကျသွားသည်ဟု ဆိုသည်။

အိုင်တီနှင့် တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍများအတွက် အွန်လိုင်းအလုပ်ခေါ်ယူမှုများမှာမူ နှစ်အလိုက် အမြင့်မားဆုံး ဖြစ်ခဲ့ပြီး ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ရေရှည်ဖွံ့ဖြိုးမှုအလားအလာကောင်းနေသော အခြားကဏ္ဍတစ်ခုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ဖြစ်ပြီး နှစ်အလိုက်တိုးတက်မှု ၁၆ ရာခိုင်နှုန်း ရှိသည်။

ညွန်းကိန်းက စောင့်ကြည့်သော လုပ်ငန်းနယ်ပယ် ၉ ခုတွင် ၆ ခုမှာ နှစ်အလိုက်တိုးတက်မှုများ ရှိခဲ့သည်။

ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲနှင့် တယ်လီကွန်ကဏ္ဍ ပညာရှင်များ ခေါ်ယူမှုမှာ ၄၁ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service