အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ အသေးစားချေးငွေအပေါ် ကောက်ခံသည့် အတိုးနှုန်းကို တစ်လလျှင် ၂ ဒသမ ၃ ရာခိုင်နှုန်း၊ တစ်နှစ်လျှင် ၂၈ ရာခိုင်နှုန်းထက်မပိုရန် သတ်မှတ်

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ အသေးစားချေးငွေအပေါ် ကောက်ခံသည့် အတိုးနှုန်းကို တစ်လလျှင် ၂ ဒသမ ၃ ရာခိုင်နှုန်း၊ တစ်နှစ်လျှင် ၂၈ ရာခိုင်နှုန်းထက်မပိုရန် သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
12 Jun 2019 11:25 am တွင် တင်ခဲ့သည်
1830 ကြိမ် ကြည့်ရှု့ပြီး

အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ၏ အသေးစားချေးငွေအပေါ် ကောက်ခံသည့်အတိုးနှုန်းကို တစ်လလျှင် ၂ ဒသမ ၃ ရာခိုင်နှုန်း၊ တစ်နှစ်လျှင် ၂၈ ရာခိုင် နှုန်းထက်မပိုရန် သတ်မှတ်လိုက်ကြောင်း အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ ညွှန်ကြားချက်အမှတ် (၁/ ၂၀၁၉) ဖြင့် အသိပေးထုတ်ပြန်ထားသည်။

အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီသည် အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၆၈ ပုဒ်မ ခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ အဆိုပါညွှန်ကြားချက်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။ အသေးစားငွေရေးကြေးရေး အဖွဲ့များသည် အသင်းဝင်များ၏ ချေးငွေ၊ စုဆောင်းငွေတို့နှင့်စပ်လျဉ်း၍ အတိုးနှုန်းတွက်ချက်ရာတွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်အတိုင်း လိုက်နာမည်ဖြစ်သည်။

ချေးငွေအပေါ်ကောက်ခံရမည့်အတိုးနှုန်းများမှာ အသေးစားချေးငွေအပေါ်ကောက်ခံသည့် အတိုးနှုန်းသည် ကျပ် ၁၀၀ အတွက် တစ်လလျှင် ၂ ကျပ် ၃၀ ပြား (၂ ဒသမ ၃ ရာခိုင်နှုန်း)၊ တစ်နှစ်လျှင် ၂၈ ရာခိုင်နှုန်းထက် မပိုရန်နှင့် ချေးငွေအပေါ် အတိုးနှုန်းတွက်ချက်ရာတွင် သက်ရောက်အတိုးနှုန်း (Effective Rate) ဖြင့် တွက်ချက်ကောက်ခံရမည် ဖြစ်သည်။

စုဆောင်းငွေအပေါ်ပေးရမည့် အတိုးနှုန်းမှာ မဖြစ်မနေစုဆောင်းငွေ (Compulsory Saving) အပေါ်တွင်ပေးသည့် အတိုးနှုန်းသည် ကျပ် ၁၀၀ အတွက် တစ်လလျှင် ၁ ကျပ် ၂၀ ပြား (၁ ဒသမ ၂ ရာခိုင်နှုန်း)၊ တစ်နှစ်လျှင် ၁၄ ရာခိုင်နှုန်းထက်မနည်းစေရန် နှင့် ဆန္ဒအလျာက်စုဆောင်းငွေ (Voluntary Saving) အပေါ်တွင်ပေးသည့် အတိုးနှုန်း သည် ကျပ် ၁၀၀ အတွက် တစ်လျှင် ၈၀ ပြား (၀ ဒသမ ၈ ရာခိုင်နှုန်း)၊ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းထက်မနည်းရန် သတ်မှတ်ထား သည်။

အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသည် အခြားကောက်ခံသော အခကြေးငွေ (Fee) များဖြစ်သည့် ချေးငွေဝန်ဆောင်မှုစရိတ်၊ ဘဏ်ဝန်ဆောင်မှုစရိတ်၊ ဒဏ်ကြေးများ၊ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှု (Digital Financial Service) အတွက် ကောက်ခံသည့်ဝန်ဆောင်ခ၊ လူမှုရေးထောက်ပံ့ငွေအတွက် ထည့်ဝင်ကြေး (Social Welfare Fee) ၊ အသက်အာမခံကြေး၊ အသင်းဝင်ကြေး၊ စာအုပ်နှင့် စာရွက်စာတမ်းကြေး၊ သတ်မှတ်ချိန်ထက်စော၍ ပြန်လည်ပေးဆပ်မှုအတွက် ကောက်ခံသည့် ဝန်ဆောင်ခစသည်တို့နှင့်ပတ်သက်၍ သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ရမည် ဖြစ်သည်။

အဆိုပါသတ်မှတ်ချက်များမှာ အခြားကောက်ခံသော အခကြေးငွေစုစုပေါင်းသည် ချေးငွေထုတ်ချေးသည့်ကာလ ၁၂ လအတွက် ချေးငွေပမာဏ၏ နှစ်ရာခိုင်နှုန်းထက်မပိုရန် နှင့် ချေးငွေထုတ်ချေးသည့်ကာလ ၁၂ လ အောက်နှင့် ၁၂ လအထက်ချေးငွေများအတွက် အခြားကောက်ခံသော အခကြေးငွေ စုစုပေါင်းသည် တစ်နှစ်လျှင် ချေးငွေပမာဏ ၏ နှစ်ရာခိုင်နှုန်းအပေါ်အခြေခံ၍ ချေးငွေ ကာလအလိုက် တွက်ချက်ကောက်ခံရမည် ဖြစ်သည်။

အခြားကောက်ခံသည့် အခကြေးငွေ (Fee) တွက်ချက်ကောက်ခံပုံမှာ ချေးငွေကာလ ခြောက်လအတွက် ချေးငွေပမာဏ၏ တစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်အတွက် ချေးငွေပမာဏ၏ နှစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်ခြောက်လအတွက် ချေးငွေပမာဏ၏ သုံးရာခိုင်နှုန်း၊ ချေးငွေကာလ နှစ်နှစ်အတွက် ချေးငွေပမာဏ၏ လေးရာခိုင်နှုန်းကောက်ခံနိုင်မည် ဖြစ်သည်။

ဤညွှန်ကြားချက်သည် ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်မှစ၍ အကျိုးသက်ရောက်မှုရှိမည် ဖြစ်သည်။ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်အ မှတ် (၁/၂၀၁၁)၊ (၂/၂၀၁၄) နှင့် (၄/၂၀၁၆) တွင် သတ်မှတ်ခဲ့သည့် ချေးငွေအပေါ်ကောက်ခံရမည့် အတိုးနှုန်းနှင့် စုဆောင်းငွေအပေါ် ပေးရမည့်အတိုးနှုန်းတို့ကို ဤညွှန်ကြားချက်ဖြင့် ကျော်လွန်လွှမ်းမိုးလိုက်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service