နယူးယောက်မြို့၊ အရှေ့ရွာ အရပ်ရှိ Hells Angels မော်တော်ဆိုင်ကယ် ကလပ်အသင်းရုံးချုပ် အဆောက်အအုံကြီးကို အငှားလူနေခန်းများအဖြစ် ပြောင်းလဲတော့မည်

နယူးယောက်မြို့၊ အရှေ့ရွာ အရပ်ရှိ Hells Angels မော်တော်ဆိုင်ကယ် ကလပ်အသင်းရုံးချုပ် အဆောက်အအုံကြီးကို အငှားလူနေခန်းများအဖြစ် ပြောင်းလဲတော့မည် - Property News in Myanmar from iMyanmarHouse.com
12 Jun 2019 11:17 am တွင် တင်ခဲ့သည်
869 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ အရှေ့ရွာ (East Village) အရပ်ရှိ Hells Angels မော်တော်ဆိုင်ကယ် ကလပ်အသင်းရုံးချုပ် အဆောက်အအုံကြီးကို အငှားလူနေခန်းများအဖြစ် ပြောင်းလဲတော့မည်ဟု ဆိုသည်။

Hells Angels ကလပ်အသင်းသည် အရှေ့ရွာတွင် ရပ်ဆိုင်းပိတ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။

Hells Angels မော်တော်ဆိုင်ကယ် ကလပ်အသင်း (HAMC) သည် ကမ္ဘာလုံးဆိုင်ရာ ဆိုင်ကယ်စီးဂိုဏ်းကြီးဖြစ်ပြီး ၎င်းတို့၏ အဖွဲ့ဝင်များသည် အဓိကအားဖြင့် ဟာလီဒေးဗစ်ဆင်အမျိုးအစား ဆိုင်ကယ်များသာ စီးလေ့ရှိသည်။

Hells Angels ကလပ်ကို ၁၉၄၈ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် ဒုတိယကမ္ဘာစစ် စစ်ပြန်များက ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန် ဘာနာဒီနိုအရပ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ယခုအဆောက်အအုံကြီးမှာ Hells Angels ၏ ရုံးချုပ်ဖြစ်ခဲ့ပြီး ဒေသတွင်း နာမည်ကျော် သမိုင်းအမွေအနှစ်တစ်ခုလည်း ဖြစ်ကာ ယခုအခါတွင်မူ အငှားလူနေခန်းများ ဖြစ်လာတော့မည် ဖြစ်သည်။

အိမ်ခြံမြေလုပ်ငန်းရှင် နာသန် ဘလက်တာက အရှေ့ ၃ လမ်း၊ အမှတ် ၇၇ ရှိ အဆိုပါ ၆ ထပ်အဆောက်အအုံကြီးကို ယခုရက်သတ္တပတ်အတွင်း ကန်ဒေါ်လာ ၁၀ သန်းဖြင့် အပြီးသတ်ဝယ်ယူခဲ့သည်။

နာသန် ဘလက်တာက Hells Angels ကလပ် ရုံးချုပ်အဆောက်အအုံကြီးကို အရှေ့ရွာ၏ သမားရိုးကျ လူနေခန်းများအဖြစ် ပြောင်းလဲသွားမည်ဟု ဆိုသည်။

“ကျွန်တော်တို့ဟာ လမ်းသူရဲတွေရဲ့ နှောင့်ယှက်မှုတွေခံခဲ့ကြရတယ်။ ကျွန်တော်တို့ရဲ့ ဆိုင်ကယ်တွေပေါ် တက်ထိုင်တယ်။ ပလက်ဖောင်းပေါ် သေးပန်းကြတယ်”ဟု တိုနီအမည်ရှိသူတစ်ဦးက ပြောကြားသည်။

တိုနီသည် Hells Angels ဂိုဏ်းသားများက အိမ်ဟုခေါ်ကြသည့် ယခုနေရာကို ၁၉၇၀ ပြည့်လွန်ကာလကတည်းက ကျောခိုင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ Hells Angels ရုံးချုပ် အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂ သန်း အကုန်အကျခံကာ မွမ်းမံသွားမည်ဖြစ်ပြီး ယခင်က ကလပ်၏ အရက်ဘားအဖြစ် အသုံးပြုခဲ့သည့် မြေညီထပ်တွင် လက်လီအရောင်းဆိုင်နေရာ ၂ ခု ပါဝင်မည့်အပြင် ဆိုင်ကယ်သမားတို့အတွက် အမှတ်တရ နေရာအဖြစ် မျက်နှာစာခန်းတစ်ခုလည်း ထားရှိပေးသွားမည် ဖြစ်သည်။

ဘလက်တာက ပြောကြားရာတွင် ၎င်းအား ဆက်သွယ်လာသူများ ရှိပြီး အချို့က Hells Angels ၏ ပြတိုက်အဖြစ် ပြောင်းလဲရန် တိုက်တွန်းသူများရှိပြီး အချို့ကမူ ဆံပင်ညှပ်ဆိုင်တစ်ခု ဖွင့်ရန် တောင်းဆိုမှုများရှိသည်ဟု ဆိုသည်။

ပိုင်ရှင်သစ်ဖြစ်သော Better Living ကုမ္ပဏီက လူနေခန်းအဖြစ် ပြောင်းလဲမှုကို ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ် ပြုလုပ်သွားရန် မျှော်မှန်းထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service