ပွဲစားတချို့ အိမ်အရောင်းအဝယ်မှာ စည်းဝါးကိုက် ဈေးပိုတောင်း

ပွဲစားတချို့ အိမ်အရောင်းအဝယ်မှာ စည်းဝါးကိုက် ဈေးပိုတောင်း - Property News in Myanmar from iMyanmarHouse.com
11 Jun 2019 12:57 pm တွင် တင်ခဲ့သည်
1088 ကြိမ် ကြည့်ရှု့ပြီး

အိမ်ခြံမြေတိုက်ခန်း ငှားတော့မယ်ဒါမှမဟုတ် အရောင်းအဝယ်လုပ်တော့မယ်ဆိုရင် ပွဲစားလက်ထဲရောက်သွားကြတာက များပါတယ်။

အိမ်ဝယ်တော့မယ်ဆိုရင် ပွဲစားအချင်းချင်း ချိတ်ဆက်ပြီး ဝယ်သူတွေကို ဈေးပြိုင်ခေါ်ကာ တစ်ဖက်ကဈေးဘယ်လောက်ပေးမယ်၊ ဒီဘက်ကဘယ်လောက်ပေးမလဲဆိုပြီး ဈေးတင်တောင်းကာ ရောင်းချနေတာတွေလည်းရှိပါတယ်။

ပွဲစားနှစ်ဦးက အချင်းချင်း ချိတ်ထားတာပါ။ ပွဲစားတစ်ဦးကဝယ်သူတစ်ဦးကို အိမ်တွေလိုက်ပြ ဈေးပြောပြီးတခြားပွဲစားကဝယ်သူကို ဟိုဘက်က ဝယ်သူက ဈေးဒီလောက်ပေးမယ် ဒီဘက်က ပေးနိုင်မလားဆိုပြီး ဈေးပိုပြော ရောင်းချနေတာတွေလည်း ကြုံ တွေ့နေရကြောင်း သိရပါတယ်။

အိမ်ဝယ်ဖို့စုံစမ်းနေသူတစ်ဦး က “ ကျွန်မတို့အိမ်ဝယ်ဖို့စုံစမ်းတော့ ပွဲစား နှစ်ယောက်ချိတ်ပြီးတော့ ကျွန်မတို့ရော တစ်ဖက်က ဝယ်သူတွေရော ရှိနေတာ၊ အဲဒီမှာ ကျွန်မတို့ကို အခန်းလိုက်ပြကြိုက်တော့ ဈေးက အဆင်ပြေတော့ ယူမယ်ပေါ့၊ အဲမှာ သူကတစ်ဖက် က ပွဲစားဆီ ဖုန်းဆက်ပြီး ဒီက ဒီလောက်ပေးတယ်၊ ကျွန်မတို့က သိန်း ၂ဝဝ ပေးရင် ဟိုဘက်ဝယ် သူ  က သိန်း ၂၂၀ ပေးတယ်၊ ဒီဘက်က ပေးနိုင်မလားဆိုပြီး ဈေးပိုတောင်းတာမျိုးလဲ ကြုံတွေ့ရဖူးတယ် ” လို့ သူ့ အတွေ့အကြုံကို ပြောပါတယ်။

အိမ်ရှင်တွေကလည်း အိမ်ငှားချတော့မယ်ဆိုရင်ပွဲစားလက်ထဲအပ်တာများသလို အိမ်ငှားတွေက ပွဲစားခတွေပေးနေရတာကြောင့် တချို့ဆိုရင် အိမ်ရှင်အိမ်ငှားတိုက်ရိုက်ဆိုပြီး ဂရု(ပ်)လေးတွေဖွဲ့ပြီး တိုက်ရိုက်ငှားတာတွေ ရှိလာပါတယ်။

ပွဲစားတချို့ဆိုရင် ခြောက်လ ပြည့်တိုင်း အကျိုးဆောင်ခထပ်ပြီးတောင်းယူတာမျိုးလည်း တွေ့ရပါတယ်။ အိမ်ငှားတွေအနေနဲ့လည်းတစ်နေရာမှာအခြေချပြီး အလုပ်အကိုင်ပါ နေသားတကျဖြစ် နေပြီဖြစ်တာကြောင့် ဆက်ငှား နေကြရပြီး ခြောက်လတစ်ခါ အိမ်စာချုပ်ချုပ်တိုင်းအိမ်ပွဲစားကို အကျိုးဆောင်ခ ပေးနေရတာမျိုး တွေ ကြုံ တွေ့နေရပါတယ်။

အိမ်ငှားနေထိုင်သူတစ်ဦးဖြစ် တဲ့မစိုးစိုးက “ ကျွန်မတို့ဆိုဒီဘက် မှာ အိမ်ငှားလာတာအလုပ်အကိုင် နဲ့နေသားတကျဖြစ်နေပြီ၊ ကလေး တွေရှိနေတော့ ကလေးတွေဆိုရင် ကျောင်းနဲ့အဆင်ပြေတယ်၊ အဲတော့တခြားနေရာမပြောင်းဖြစ်တော့ဘူး၊ ဒါပေမယ့် ခြောက်လ တစ်ကြိမ် အိမ်စာချုပ်ချုပ်တိုင်း ပွဲစားခ ၅၀,ဝဝဝ စီပေးနေရတယ် ” လို့ ပြောပါတယ်။

Credit: The kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service