လှိုင်နှင့်မရမ်းကုန်းမြို့နယ်တွင် ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းနှင့် မလွတ်ကင်းသည့်အိမ်နှင့်မြေများအတွက် ကာလပေါက်ဈေးအတိုင်းပေးလျော်ရန် တင်ပြမှုများပြား

လှိုင်နှင့်မရမ်းကုန်းမြို့နယ်တွင် ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းနှင့် မလွတ်ကင်းသည့်အိမ်နှင့်မြေများအတွက် ကာလပေါက်ဈေးအတိုင်းပေးလျော်ရန် တင်ပြမှုများပြား - Property News in Myanmar from iMyanmarHouse.com
11 Jun 2019 12:23 pm တွင် တင်ခဲ့သည်
10487 ကြိမ် ကြည့်ရှု့ပြီး

လှိုင် နှင့် မရမ်းကုန်းမြို့နယ် အတွင်းရှိ ရန်ကုန် မိုးပျံရထားလမ်းစီမံကိန်းဧရိယာ နှင့်မလွတ်ကင်းသည့် အိမ်နှင့်မြေ များကို ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးရန် တင်ပြမှုများကြသည်။

ဇွန် ၈ ရက် မရမ်းကုန်းမြို့နယ် ကုန်းမြင့်ရိပ်သာလမ်းရှိကုန်း မြင့်ရိပ်သာဓမ္မာရုံတွင် လှိုင် နှင့် မရမ်းကုန်းမြို့နယ်တို့မှ ပြည်သူများ ကို မိုးပျံရထားလမ်းစီမံကိန်းဆိုင်ရာအသိပေးရှင်းလင်းပွဲပြုလုပ်ခဲ့ရာ တက်ရောက်သူအများစုက အထက်ပါအတိုင်း တင်ပြကြခြင်း ဖြစ်သည်။

မရမ်းကုန်းမြို့နယ် ၁၀ရပ် ကွက်နေ ဦးထွန်းက""ဒီစီမံကိန်း ကို မဖြစ်မနေလုပ်ရတော့မယ်ဆို ရင် မတရားလည်းလိုချင်လို့မရဘူး။ သူ့ရဲ့သတ်မှတ်ထားတဲ့ စံနှုန်းရှိတယ်လေ။ ဥပမာ နှစ်ကျပ်လောက်တန်နေတာကို သုံးကျပ်လောက် ပိုပေးရင် သူသူကိုယ်ကိုယ် ဝမ်းသာကြမယ်လေ။ အဲလောက်အထိပေးဖို့လည်း ကျွန်တော်တို့က မတောင်းဆိုဘူး။ ကာလပေါက်ဈေး အတိုင်းပဲ ပေးလျော်မှုကိုအများ ပြည်သူကလိုတာပေါ့""ဟု ပြောသည်။

ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်း တည်ဆောက်မည့်ဧရိယာအတွင်း မိမိတို့၏ နေအိမ်၊ တိုက်ခန်း၊ ခြံများမည်မျှထိခိုက်မှုရှိ၊ မရှိ၊ ထိခိုက်မှုတွင်ပါဝင်ခဲ့ပါကပေးလျော်မည့် လျော်ကြေးငွေတန်ဖိုးစသည့် အသေးစိတ်အချက်အလက်များကို သိရှိလိုကြောင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများက တောင်း ဆိုခဲ့ကြသည်။

ထို့ပြင်စီမံကိန်း၏ အကျိုးအ မြတ်ကိုချိန်ဆ၍ ဆုံးရှုံးနစ်နာမှုများသာ ရှိမည်ဆိုပါကစီမံကိန်း အား အကောင်အထည်မဖော်သင့်ကြောင်း စီမံကိန်းကိုမဖြစ်မနေ ဖော်ဆောင်မည် ဆိုပါကလည်းလူနေအိမ်များကို ထိခိုက်မှုအနည်းဆုံးဖြင့် ဆောင်ရွက်ပေးရန်နှင့် လူနေအိမ်ခြေ ကျဲပါးသည့် လမ်းအူ ကြောင်းကို ရွေးချယ်လုပ်ဆောင်ရန်တက်ရောက်သူအချို့ကတင်ပြ ခဲ့ကြသည်။ မရမ်းကုန်းမြို့နယ် ၇ရပ် ကွက်နေ ဦးမြင့်စိုးက""စီမံကိန်း တစ်ခုကိုဖော်ရင် နိုင်ငံအတွက်အ ကျိုးရှိမယ်။ သူများကိုလည်း ထိခိုက်မှုအနည်းဆုံးပေါ့လေ။လူတွေရဲ့ဘဝကိုမြှင့်တင်မပေးနိုင်တာ အပထား။ သူတို့ကိုတော့ပိုပြီး ဆိုးရွား မသွားအောင်စဉ်းစားပေးစေချင်တယ်။ အခြားနေရာတွေမှာ မြေယာ ဥပဒေတွေ ထွက်လာပြီ။ ရထားလမ်းဖောက်ရင် မြေသိမ်းတာတွေ ရှိမယ်။ မြေသိမ်းမယ်ဆိုရင်မြန်မာနိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဆက်နွှယ်နေတဲ့ဥပဒေတွေနဲ့အညီ လုပ်ဆောင်ပေးစေချင်တယ်""ဟု ပြော သည်။

စီမံကိန်းဧရိယာနှင့် မလွတ် သဖြင့်ပြောင်းရွေ့ပေးရမည့်ပြည် သူများ ထိခိုက်နစ်နာမှုအနည်း ဆုံးဖြစ်အောင်လုပ်ဆောင်မည်ဖြစ် ပြီးမလွတ်ကင်းသည့် မြေ၊အိမ်အစ ရှိသည့်နေရာ မည်မျှရှိသည်ကို စက်တင်ဘာအတွင်း အသေးစိတ်သိရှိနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်)မှ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။

""ခုဆောင်ရွက်တာက ဒီစီမံကိန်းနဲ့ပတ်သက်ပြီး တင်ပြတဲ့အဆင့်ပဲရှိပါသေးတယ်။ စီမံကိန်း မတိုင်ခင် သုံးခါ၊ လေးခါလောက်ရှင်းပြပြီး ပြည်သူ့သဘောထားတွေ အကြံညဏ်တွေ အကုန်လုံးယူပြီး တင်ပြပါမယ်။ ပြည်သူတွေက ဒီထက်ပြည့်စုံတဲ့ သတင်းအချက်အလက်တွေ ရယူလိုချင်တယ်။ အသေးစိတ်ဒီဇိုင်းထွက်လာရင် ဒီထက်ပြည့်စုံတဲ့ အရင်းကျေကာလ ဘယ်လောက်ရှိမလဲ။ ဘယ်လောက် အမြတ်စွန်းရှိမှာလဲ။အားလုံးထပ် ပြီးတင်ပြသွားမှာဖြစ်ပါတယ်""ဟု ၄င်းက ပြောသည်။

စီမံကိန်းဆောင်ရွက်မည့်ဧရိယာတစ်လျှောက်တွင် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာငါးနေရာကို ဖြတ်သန်းသွားရမည်ဖြစ်ရာ ယင်း ငါးနေရာစလုံးကိုဝန်ကြီး ဌာနက အသုံးပြုခွင့်ပြုထားပြီဖြစ်ကြောင်း သိရသည်။ယင်းရထားလမ်း စီမံကိန်းသည် လှိုင်သာယာ၊ မရမ်းကုန်း၊တောင်ဥက္ကလာနှင့် ရန်ကင်းမြို့နယ် တို့သို့ ဖြတ်သန်းသွားမည်ဖြစ်သည်။

ထို့ကြောင့် ဇွန်၂ ရက်က လှိုင်သာယာမြို့နယ် ရှိ ပြည်သူများကို လည်းကောင်း၊ ဇွန် ၈ ရက်က လှိုင် မရမ်းကုန်း၊ ရန်ကင်း နှင့် တောင်ဥက္ကလာပမြို့နယ် တို့ရှိ ပြည်သူများ အားလည်းကောင်း စီမံကိန်းနှင့် ပတ်သက်သည့် အကြောင်းအရာများ ရှင်းလင်းတင်ပြခဲ့သည်။

လှိုင်သာယာ-ပါရမီ မိုးပျံ ရထားလမ်းစီမံကိန်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကုန် ကျမည်ဟု ခန့်မှန်းထားပြီး ၂၀၂၇ ခုနှစ်တွင် ရထားစတင်ပြေးဆွဲနိုင် ရန်လျာထားသည်။

စီမံကိန်းဖော်ဆောင်လျှင် ပါရမီလမ်းတစ်လျှောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပညာ ရေးဝန်ကြီးဌာနပိုင်မြေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ရန်ကုန်မြို့တော်စည်ပင်ပိုင်မြေ၊ ဂရန် မြေ၊ ဘိုးဘွားပိုင်မြေအချို့နှင့် အဆောက်အအုံအချို့ စီမံကိန်းနှင့် မလွတ်သဖြင့် နေရာရွှေ့ပြောင်းခြင်းခံရဖွယ်ရှိသည်။

Credit: Democracy Today

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service